ဆာလံ 53
53
လူတို့၏ဆိုးညစ်မှု
(ဆာလံ၊ ၁၄။)
1ဘုရားသခင်မရှိဟု မိုက်သောသူသည်ထင်တတ်၏။ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဖွယ်သော ဒုစရိုက်ကို ပြုတတ်ကြ၏။ ကောင်းသောအမှုကိုပြုသောသူ တစ်ယောက်မျှမရှိ။ 2နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူ တစ်စုံတစ်ယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှာ ဘုရားသခင်သည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၍၊ 3လူအပေါင်းတို့သည် ဆုတ်သွားကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တစ်ယောက်မျှမရှိ။#ရော၊ ၃:၁၀-၁၂။
4မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကိုကိုက်စား၍၊ ဘုရားသခင်ကို ပတ္ထနာမပြုသော အဓမ္မလူတို့သည် မသိဘဲနေရကြသလော။ 5သို့ဖြစ်၍ ကြောက်လန့်စရာမရှိသော်လည်း၊ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ သင့်ကိုဝန်းရံ၍ တပ်ချသောသူ၏အရိုးတို့ကို ဘုရားသခင်သည် ဖရိုဖရဲကွဲပြားစေတော်မူမည်။ သူတို့ကို ဘုရားသခင် ရှုတ်ချတော်မူသောကြောင့်၊ သင်သည် သူတို့ကိုအရှက်ခွဲရလိမ့်မည်။ 6ဣသရေလအမျိုးကို ကယ်တင်ခြင်းကျေးဇူးတော်သည် ဇိအုန်တောင်ပေါ်မှာ ပေါ်ထွန်းပါစေသော။ သိမ်းသွားခြင်းကို ခံရသောလူမျိုးတော်ကို တစ်ဖန်ဘုရားသခင်သည် ဆောင်ခဲ့တော်မူသောအခါ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း၊ ဣသရေလသည်လည်း ရွှင်လန်းခြင်းရှိလိမ့်မည်။
Currently Selected:
ဆာလံ 53: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.