YouVersion Logo
Search Icon

ဆာလံ 47

47
တန်​ခိုး​အ​ကြီး​ဆုံး​ဘု​ရင်
1လူ​များ​အ​ပေါင်း​တို့၊ လက်​ခုပ်​တီး​ကြ​လော့။ ဘု​ရား​သ​ခင်​ထံ​သို့ အောင်​သံ​ကို​လွှင့်၍ ကြွေး​ကြော်​ကြ​လော့။ 2အ​ကြောင်း​မူ​ကား၊ အ​မြင့်​ဆုံး​သော​ထာ​ဝ​ရ​ဘု​ရား​သည် ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​သော မ​ဟာ​မင်း​ကြီး​ဖြစ်​တော်​မူ၏။ 3လူ​စု​တို့​ကို ငါ​တို့​အောက်၌​လည်း​ကောင်း၊ လူ​မျိုး​တို့​ကို ငါ​တို့​ခြေ​အောက်၌​လည်း​ကောင်း နှိမ့်​ချ​တော်​မူ၏။ 4ချစ်​တော်​မူ​သော​ယာ​ကုပ်၏​ဘုန်း​ဖြစ်​သော ငါ​တို့​အ​မွေ​ကို ငါ​တို့​အ​ဖို့ ရွေး​ပေး​တော်​မူ၏။
5ကြွေး​ကြော်​ခြင်း​အ​သံ​နှင့် ဘု​ရား​သ​ခင်​တက်​တော်​မူ၏။ တံ​ပိုး​မှုတ်​ခြင်း​အ​သံ​နှင့် ထာ​ဝ​ရ​ဘု​ရား တက်​တော်​မူ၏။ 6ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍ သီ​ချင်း​ဆို​ကြ​လော့။ သီ​ချင်း​ဆို​ကြ​လော့။ ငါ​တို့၏​ရှင်​ဘု​ရင်​ကို ချီး​မွမ်း၍ သီ​ချင်း​ဆို​ကြ​လော့။ သီ​ချင်း​ဆို​ကြ​လော့။ 7အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မြေ​ကြီး တစ်​ပြင်​လုံး​ကို​အ​စိုး​ရ​သော မင်း​ဖြစ်​တော်​မူ၏။ ချီး​မွမ်း​ခြင်း ထော​မ​နာ​သီ​ချင်း​ကို ဆို​ကြ​လော့။ 8ဘု​ရား​သ​ခင်​သည် လူ​မျိုး​တို့​တွင်​စိုး​စံ​တော်​မူ၏။ ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ၏။ 9လူ​မျိုး​တို့၏​အ​ကြီး​အ​ကဲ​တို့​သည် အာ​ဗြ​ဟံ ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​လူ​မျိုး​ထံ​မှာ စု​ဝေး​လျက်​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​တန်​ခိုး​များ​ကို ဘု​ရား​သ​ခင်​ပိုင်​တော်​မူ၏။ အ​ထူး​သ​ဖြင့် ချီး​မြှောက်​ခြင်း​ရှိ​တော်​မူ၏။

Currently Selected:

ဆာလံ 47: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in