YouVersion Logo
Search Icon

ဆာလံ 41

41
လူ​မ​မာ​တစ်​ဦး​၏​ဆု​တောင်း
1ဆင်း​ရဲ​သော​သူ​ကို အောက်​မေ့​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ခဲ​ယဉ်း​သော​ကာ​လ၌ ထို​သူ​ကို ထာ​ဝ​ရ​ဘု​ရား ကယ်​နုတ်​တော်​မူ​မည်။ 2ထာ​ဝ​ရ​ဘု​ရား​သည် စောင့်​မ၍ အ​သက်​ချမ်း​သာ​ပေး​တော်​မူ​သ​ဖြင့်၊ ထို​သူ​သည် ပြည်​တော်၌ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​လိမ့်​မည်။ ထို​သူ​ကို ရန်​သူ​တို့​အ​လို​သို့ ကိုယ်​တော်​သည် အပ်​တော်​မ​မူ​ပါ။ 3သူ​သည်​နာ​ဖျား၍ တုံး​လုံး​နေ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ထောက်​ပင့်​တော်​မူ​မည်။ နာ၍​နေ​စဉ်​ကာ​လ ကိုယ်​တော်​သည် သူ၏​အိပ်​ရာ​ရှိ​သ​မျှ​ကို လှန်​ပြန်​တော်​မူ​မည်။
4ငါ​လျှောက်​ဆို​ရ​သည်​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို သ​နား​တော်​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ပြစ်​မှား​မိ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၌ စိတ်​ဝိ​ညာဉ်၏​အ​နာ​ကို ပျောက်​စေ​တော်​မူ​ပါ​ဟု လျှောက်​ဆို၏။ 5ငါ့​ရန်​သူ​တို့​က၊ သူ​သည်​သေ၍ သူ၏​နာ​မ​သည် အ​ဘယ်​ကာ​လ​မှ တိမ်​မြုပ်​လိမ့်​မည်​နည်း​ဟု ငါ့​ကို​မ​နာ​လို၍ ဆို​တတ်​ကြ၏။ 6ငါ့​ကို ကြည့်​လာ​သော​သူ​သည် မု​သား​စ​ကား​ကို ပြော​တတ်၏။ သူ၏​နှ​လုံး​သည်​လည်း မ​ကောင်း​သော​အ​ကြံ​ကို ဆည်း​ပူး​သည်​နှင့်၊ ထွက်​သွား​သော​အ​ခါ ထုတ်​ဖော်​ပြော​တတ်၏။ 7ငါ့​ကို​မုန်း​သော သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​ရန်​ဘက်​ပြု၍၊ တစ်​ယောက်​နှင့်​တစ်​ယောက် တိုး​တိုး​ပြော​လျက်၊ ငါ၌​မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​တတ်​ကြ၏။ 8သူ၌ အ​ဓ​မ္မ​အ​မှု​အ​ရာ​စွဲ​ကပ်​သည်​ဖြစ်၍၊ တစ်​ခါ​လဲ​လျှင် နောက်​တစ်​ဖန်​မ​ထ​ရ​ဟု ဆို​ကြ၏။ 9အ​ကယ်​စင်​စစ် ငါ​ယုံ၍၊ ငါ့​မုန့်​ကို​စား​သော အ​ဆွေ​ခင်​ပွန်း​သည် ငါ့​ကို ခြေ​နှင့်​ကျောက်​သ​တည်း။#မ၊ ၂၆:၂၃။ မာ၊ ၁၄:၁၈။ လု၊ ၂၂:၂၁။ ယော၊ ၁၃:၁၈။ 10အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​အ​ပြစ်​ကို အ​ကျွန်ုပ်​ဆပ်​ပေး​နိုင်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ကို သ​နား၍ ထ​မြောက်​စေ​တော်​မူ​ပါ။ 11အ​ကျွန်ုပ်၏​ရန်​သူ​သည် အ​ကျွန်ုပ်​အား မ​နိုင်​ကြောင်း​ကို​ထောက်၍၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​မြတ်​နိုး​တော်​မူ​သည်​ဟု သိ​ရ​ပါ၏။ 12ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​ကျွန်ုပ်​စုံ​လင်​ခြင်း​အ​ရာ၌​မ​စ၍၊ ကာ​လ​အ​စဉ်​အ​ဆက် ရှေ့​တော်​ထဲ​မှာ နေ​ရာ​ပေး​တော်​မူ​လ​တ္တံ့။
13ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်​နှင့် အာ​မင်။#ဆာ၊ ၁၀၆:၄၈။

Currently Selected:

ဆာလံ 41: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in