YouVersion Logo
Search Icon

ဆာလံ 32

32
အ​ပြစ်​လွှတ်​ခြင်း​ကျေး​ဇူး
1အ​ပြစ်​မှ​လွှတ်​ခြင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​သို့ ရောက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။#ရော၊ ၄:၇-၈။ 2ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​တင်​တော်​မူ​ခြင်း​နှင့် လွတ်၍၊ လှည့်​စား​တတ်​သော စိတ်​သ​ဘော​နှင့် ကင်း​စင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။
3ငါ​သည် အ​ပြစ်​ကို​မ​ဖော်​မ​ပြ​ဘဲ နေ​စဉ်​အ​ခါ၊ တစ်​နေ့​လုံး ညည်း​တွား​သော​အား​ဖြင့်၊ ငါ့​အ​ရိုး​တို့​သည် ဆွေး​မြေ့​ခြင်း​သို့ ရောက်​ကြ၏။ 4နေ့​ည​မ​ပြတ် ကိုယ်​တော်၏​လက်​သည် အ​ကျွန်ုပ်​အ​ပေါ်​မှာ​လေး၍၊ အ​ကျွန်ုပ်၏​ချွေး​ရည်​သည် နွေ​ကာ​လ၌ သွေ့​ခြောက်​ခြင်း​ကဲ့​သို့ ဖြစ်​ပါ၏။ 5တစ်​ဖန် အ​ကျွန်ုပ်​သည် ကိုယ်​အ​ပြစ်​ကို ရှေ့​တော်၌ ဝန်​ချ​ပါ၏။ ပြု​မိ​သော ဒု​စ​ရိုက်​ကို ဝှက်၍​မ​ထား​ပါ။ ငါ​လွန်​ကျူး​သော​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​တောင်း​ပန်​မည်​ဟု ပြော​ဆို​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​အ​ပြစ်​ကို လွှတ်​တော်​မူ၏။ 6ထို​ကြောင့် ကိုယ်​တော်​ကို တွေ့​သင့်​သော​အ​ချိန်​ကာ​လ၌၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ တောင်း​လျှောက်​ကြ​ပါ​လိမ့်​မည်။ အ​ကယ်​စင်​စစ် လွှမ်း​မိုး​တတ်​သော​ရေ​ကြီး​သည် သူ​တို့​ထံ​သို့ မ​ချဉ်း​ရ​ပါ။ 7ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ကို ဘေး​လွတ်​စေ​ခြင်း​ငှာ ကွယ်​ကာ​စောင့်​မ​တော်​မူ၏။ ကယ်​လွှတ်​ကြောင်း​ကို ဆို​သော​သီ​ချင်း​နှင့် အ​ကျွန်ုပ်​ကို ခြံ​ရံ​စေ​တော်​မူ၏။
8သင့်​ကို ငါ​သွန်​သင်​မည်။ သင်​သွား​ရ​မည့်​လမ်း​ကို​ပြ​ညွှန်​မည်။ သင့်​ကို ကြည့်​ရှု​ပြု​စု​မည်။ ဉာဏ်​ပ​ညာ​မဲ့​သော မြင်း​လား​ကဲ့​သို့ မ​ဖြစ်​နှင့်။#၁​ပေ၊ ၂:၁။ 9သူ​သည် သင့်​ထံ​သို့ မ​ချဉ်း​ကပ်​သော​ကြောင့်၊ ပါး​စပ်​ကို ဇက်​ခွံ့၍၊ ဇက်​ကြိုး​နှင့် ဆွဲ​ရ​မည်။ 10မ​တ​ရား​သော​သူ​သည် များ​စွာ​သော​ဒု​က္ခ​ကို​ခံ​ရ၏။ ထာ​ဝ​ရ​ဘု​ရား၌ ကိုး​စား​သော​သူ​ကို​ကား၊ က​ရု​ဏာ​တော်​သည် ဝန်း​ရံ​တတ်၏။ 11ဖြောင့်​မတ်​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား၌ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​လော့။ သ​ဘော​ဖြောင့်​သော​သူ​တို့၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။

Currently Selected:

ဆာလံ 32: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in