YouVersion Logo
Search Icon

ဆာလံ 29

29
မုန်​တိုင်း​ထဲ​က​အ​သံ​တော်
1အို​ဘု​ရား​သ​ခင်​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ 2ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဘုန်း​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​လျက်၊ သန့်​ရှင်း​သော​တန်​ဆာ​ကို​ဆင်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​လော့။#ဆာ၊ ၉၆:၇-၉။ 3ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် သ​မု​ဒ္ဒ​ရာ​ပေါ်​မှာ ရှိ​တော်​မူ၏။ ဘုန်း​ကြီး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် မိုး​ချုန်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် များ​စွာ​သော​ရေ​ပေါ်​မှာ ရှိ​တော်​မူ၏။ 4ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် ဘုန်း​အာ​နု​ဘော်​နှင့် ပြည့်​စုံ​တော်​မူ၏။ 5ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် အာ​ရဇ်​ပင်​တို့​ကို ချိုး​တော်​မူ၏။ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် လေ​ဗ​နုန်​အာ​ရဇ်​တော​ကို ချိုး​တော်​မူ၏။ 6တော​ကို နွား​သ​ငယ်​ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တော​နှင့် စိ​ရုန်​တော​ကို ကြံ့​သ​ငယ်​ကဲ့​သို့​လည်း​ကောင်း ခုန်​စေ​တော်​မူ၏။ 7ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် မီး​လျှံ​ကို ခွဲ​တော်​မူ၏။ 8ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် တော​ကို ချောက်​ချား​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဒေ​ရှ​တော​ကို ချောက်​ချား​တော်​မူ၏။ 9ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် သ​မင်​ဒ​ရယ်​မ​တို့​ကို မွေး​ဖွား​စေ​တော်​မူ၏။ တော​တန်​ဆာ​တို့​ကို​လည်း ပယ်​ရှင်း​တော်​မူ၏။ ဗိ​မာန်​တော်၌ ခပ်​သိမ်း​သော​သူ​တို့​သည် ဘုန်း​တော်​ကို ဖော်​ပြ​ကြ​စေ။ 10ထာ​ဝ​ရ​ဘု​ရား​သည် မိုး​သက်​မုန်​တိုင်း​ပေါ်​မှာ ထိုင်​တော်​မူ၏။ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ ရှင်​ဘု​ရင်​အ​ရာ​နှင့် ထိုင်​တော်​မူ၏။ 11ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု​ကို ခိုင်​ခံ့​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု​အား ငြိမ်​သက်​ခြင်း ကောင်း​ချီး​မင်္ဂ​လာ​ကို ပေး​တော်​မူ​မည်။

Currently Selected:

ဆာလံ 29: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in