YouVersion Logo
Search Icon

ဆာလံ 25

25
လမ်း​ပြ​တော်​မူ​ရန်​နှ​င့်​ကွယ်​ကာ​တော်​မူ​ရန် ဆု တောင်း
1အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​တ​သ​လျက်​နေ​ပါ၏။ 2အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်၏ ရန်​သူ​တို့​သည် အ​ကျွန်ုပ်​ကို​အောင်၍ အောင်​ပွဲ​ကို​မ​ခံ​ပါ​စေ​နှင့်။ 3အ​ကယ်​စင်​စစ် ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ​ကြ​ပါ။ အ​ကြောင်း​မ​ရှိ​ဘဲ သ​စ္စာ​ကို​ဖျက်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​လိမ့်​မည်။ 4အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​တို့​ကို အ​ကျွန်ုပ်​အား ပြ​ညွှန်၍၊ ခ​ရီး​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ 5ကိုယ်​တော်၏​သ​မ္မာ​တ​ရား​ကို​ပြ၍၊ အ​ကျွန်ုပ်​ကို သွန်​သင်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ကယ်​တင်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို အ​စဉ်​မျှော်​လင့်​လျက်​နေ​ပါ၏။ 6အို​ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ​မှ​စ၍၊ ပြ​တော်​မူ​သော က​ရု​ဏာ​နှင့် မေ​တ္တာ​သ​ဘော​ကို အောက်​မေ့​တော်​မူ​ပါ။ 7အ​ကျွန်ုပ်​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်၊ ပြစ်​မှား​မိ​သော အ​ပြစ်​တို့​ကို​အောက်​မေ့​တော်​မ​မူ​ပါ​နှင့်။ ကောင်း​မြတ်​တော်​မူ​သည် ဖြစ်၍၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​တော်​မူ​ပါ ထာ​ဝ​ရ​ဘု​ရား။
8ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​သ​ဘော၊ ဖြောင့်​မတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ အ​ပြစ်​ရှိ​သော​သူ​တို့​ကို လမ်း​ပြ​တော်​မူ၏။ 9နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို တ​ရား​လမ်း၌ သွေး​ဆောင်​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​အား ခ​ရီး​တော်​တို့​ကို သွန်​သင်​တော်​မူ၏။ 10ထာ​ဝ​ရ​ဘု​ရား၏​လမ်း​ခ​ရီး​ရှိ​သ​မျှ​တို့​သည် ပ​ဋိ​ညာဉ်​တ​ရား​တော်​နှင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​သော​သူ​တို့​အား က​ရု​ဏာ​နှင့် သ​စ္စာ​ဖြစ်​ကြ​သ​တည်း။ 11အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​ပြစ်​များ​လှ​သော​ကြောင့် နာ​မ​တော်​ကို​ထောက်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ။
12အ​ကြင်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​တတ်၏။ ထို​သူ​အား နှစ်​သက်​ဖွယ်​သော​လမ်း​ကို ပြ​ညွှန်​တော်​မူ​မည်။ 13ထို​သူ​သည် ကိုယ်​တိုင်​ကောင်း​မွန်​စွာ​ကျိန်း​ဝပ်၍၊ သူ၏​အ​မျိုး​အ​နွယ်​သည်​လည်း ပြည်​တော်​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။ 14ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သူ​တို့​သည် ကိုယ်​တော်​မြတ်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော​အ​ခွင့်​နှင့် ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို သိ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။ 15အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​မျှော်​လင့်​လျက်​နေ​ပါ၏။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်၏​ခြေ​ကို ကျော့​ကွင်း​ထဲ​က နုတ်​ယူ​တော်​မူ​မည်။ 16အ​ကျွန်ုပ်​သည် တစ်​ယောက်​တည်း​ကျန်​ကြွင်း၍ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ အ​ကျွန်ုပ်​ကို မျက်​နှာ​ပြု၍ ကယ်​မ​သ​နား​တော်​မူ​ပါ။ 17အ​ကျွန်ုပ် စိတ်​နှ​လုံး​ဆင်း​ရဲ​သည်​ကို ချမ်း​သာ​ပေး၍၊ အ​မှု​များ​ထဲ​က ကယ်​နုတ်​တော်​မူ​ပါ။ 18အ​ကျွန်ုပ်​နှိမ့်​ချ​ခြင်း​နှင့် ပူ​ပန်​ခြင်း​ကို​ကြည့်​ရှု၍၊ အ​ကျွန်ုပ်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို လွှတ်​တော်​မူ​ပါ။ 19အ​ကျွန်ုပ်၏​ရန်​သူ​တို့​သည် များ​ပြား​ကြောင်း​နှင့် အ​ကျွန်ုပ်​ကို ပြင်း​စွာ​မုန်း​ထား​ကြောင်း​ကို ဆင်​ခြင်​တော်​မူ​ပါ။ 20အ​ကျွန်ုပ်​အ​သက်​ကို​စောင့်​ရှောက်၍၊ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ခို​လှုံ​ပါ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ပါ​စေ​နှင့်။ 21ကိုယ်​တော်​ကို​မျှော်​လင့်​လျက်​နေ​ပါ​သည်​ဖြစ်၍၊ အ​ပြစ်​ကင်း​ခြင်း​နှင့် သ​ဘော​ဖြောင့်​ခြင်း​သည် အ​ကျွန်ုပ်​ကို စောင့်​ရှောက်​ပါ​စေ​သော။ 22အို​ဘု​ရား​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ခပ်​သိမ်း​သော​ဒု​က္ခ​အ​ထဲ​က ရွေး​နုတ်​တော်​မူ​ပါ။

Currently Selected:

ဆာလံ 25: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in