YouVersion Logo
Search Icon

ဆာလံ 142

142
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း
1ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ အ​သံ​ကို​လွှင့်၍ အော်​ဟစ်၏။ ငါ့​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ လွှင့်၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။ 2ရှေ့​တော်၌ မြည်​တမ်း​သော​စ​ကား​ကို မြွက်၍၊ ခံ​ရ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ကြား​လျှောက်​ရ၏။ 3အ​ကျွန်ုပ်​သည် စိတ်​ပျက်​လျက်​ရှိ​သော​အ​ခါ၊ အ​ကျွန်ုပ်​သွား​သော​လမ်း​ကို ကိုယ်​တော်​သိ​တော်​မူ၏။ အ​ကျွန်ုပ်​သွား​သော​လမ်း၌ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။ 4လက်​ယာ​ဘက်​သို့ အ​ကျွန်ုပ်​ကြည့်​ရှု​သော​အ​ခါ၊ အ​ကျွန်ုပ်​သိ​ကျွမ်း​သော​သူ မ​ရှိ​ပါ။ ပြေး​လွတ်​ရာ​လမ်း​လည်း ပိတ်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို နှ​မြော​သော​သူ မ​ရှိ​ပါ။ 5အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အော်​ဟစ်​ပါ၏။ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ၌ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ၊ အ​ကျွန်ုပ်​ခံ​စား​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။ 6အ​လွန်​နှိမ့်​ချ​လျက်​နေ​သော အ​ကျွန်ုပ်၏​ကြွေး​ကြော်​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​ပါ။ သူ​တို့​သည် အ​ကျွန်ုပ်​ထက်​သာ၍ ခွန်​အား​ကြီး​ကြ​ပါ၏။ 7နာ​မ​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ကို ထောင်​ထဲ​က နုတ်​ဆောင်​တော်​မူ​ပါ။ ထို​သို့ ကျေး​ဇူး​ပြု​တော်​မူ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို ဝန်း​ရံ​လျက်​နေ​ရ​ကြ​ပါ​လိမ့်​မည်။

Currently Selected:

ဆာလံ 142: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in