YouVersion Logo
Search Icon

ဆာလံ 113

113
လို​အပ်​သူ​ကို​မ​စ​သော​ဘု​ရား
1ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​တော်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လော့။ ချီး​မွမ်း​ကြ​လော့။ 2ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ယ​ခု​မှ​စ၍၊ အ​စဉ်​အ​ဆက် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ 3နေ​ထွက်​ရာ​မှ​သည် နေ​ဝင်​ရာ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ချီး​မွမ်း​ဖွယ်​ဖြစ်၏။ 4ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တ​ကာ​တို့​အ​ပေါ်၌​လည်း​ကောင်း၊ ဘုန်း​တော်​သည် ကောင်း​ကင်​အ​ပေါ်၌​လည်း​ကောင်း မြင့်​တော်​မူ၏။ 5ကိုယ်​ကို​ချီး​မြှင့်၍ ကျိန်း​ဝပ်​တော်​မူ​သော်​လည်း၊ 6ကိုယ်​ကို​နှိမ့်​ချ၍ ကောင်း​ကင်​အ​ရာ​နှင့် မြေ​ကြီး​အ​ရာ​တို့​ကို ကြည့်​ရှု​တော်​မူ​သော ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သူ​တူ​သ​နည်း။ 7ဆင်း​ရဲ​သော​သူ​ကို မြေ​မှုန့်​ထဲ​က​ကြွ​လျက်၊ ငတ်​မွတ်​သော​သူ​ကို နောက်​ချေး​ပုံ​ထဲ​က​ချီး​မြှောက်​လျက်၊ 8မင်း​သား​တို့​တွင်​လည်း​ကောင်း၊ မိ​မိ​လူ​တို့​ကို အုပ်​စိုး​သော​မင်း​တို့​တွင်​လည်း​ကောင်း နေ​ရာ​ပေး​တော်​မူ၏။ 9မြုံ​သော​မိန်း​မ​သည် အိမ်၌​နေ၍၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သား​ဖွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ဟာ​လေ​လု​ယ။

Currently Selected:

ဆာလံ 113: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in