YouVersion Logo
Search Icon

ဆာလံ 105

105
ဘု​ရား​သ​ခင်​၏သ​စ္စာ​တော်
(၅ ရာ၊ ၁၆:၈-၂၂)
1ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​လော့။ အ​မှု​တော်​တို့​ကို လူ​များ​တို့​အား ပြ​သ​ကြ​လော့။ 2ထာ​ဝ​ရ​ဘု​ရား​ကို သီ​ချင်း​ဆို​ကြ​လော့။ ဆာ​လံ​သီ​ချင်း​ကို ဆို​ကြ​လော့။ အံ့​ဖွယ်​သော အ​မှု​တော်​အ​ပေါင်း​တို့​ကို ဟော​ပြော​ကြ​လော့။ 3သန့်​ရှင်း​သော​နာ​မ​တော်၌ ဝါ​ကြွား​ဝမ်း​မြောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​သော​သူ​တို့​သည် စိတ်​နှ​လုံး ရွှင်​လန်း​ကြ​စေ။ 4ထာ​ဝ​ရ​ဘု​ရား​နှင့် တန်​ခိုး​တော်​ကို​ရှာ​ကြ​လော့။ မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ်​ရှာ​ကြ​လော့။ 5စီ​ရင်​တော်​မူ​သော အံ့​ဩ​ဖွယ်​တို့​ကို​လည်း​ကောင်း၊ ထူး​ဆန်း​သော​အ​မှု​တော်​တို့​နှင့် နှုတ်​ထွက်​ပ​ညတ်​တို့​ကို​လည်း​ကောင်း အောက်​မေ့​ကြ​လော့။ 6ထာ​ဝ​ရ​ဘု​ရား၏​ကျွန် အာ​ဗြ​ဟံ​အ​မျိုး၊ ရွေး​ကောက်​တော်​မူ​သော ယာ​ကုပ်​အ​နွယ်​တို့၊ 7ကိုယ်​တော်​မြတ်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ မြေ​ကြီး​တစ်​ပြင်​လုံး၌ တ​ရား​စီ​ရင်​ပိုင်​တော်​မူ၏။ 8-12ငါ​သည်​သင်​တို့​အ​မွေ​ခံ​ရာ​ဖို့ ခါ​နာန်​ပြည်​ကို သင်၌​ပေး​မည်​ဟု ငါ​တို့​အ​မျိုး​သည် အ​ရေ​အ​တွက်​အား​ဖြင့်​မ​များ၊ အ​လွန်​နည်း၍ ထို​ပြည်၌ ဧည့်​သည်​ဖြစ်​လျက်​နေ​သော​အ​ခါ၊ အာ​ဗြ​ဟံ၌​က​တိ​ထား၍၊ ဣ​ဇာက်၌ ကျိန်​ဆို​တော်​မူ​လျက်၊ ယာ​ကုပ်၌ မြဲ​မြံ​သော​တ​ရား၊ ဣ​သ​ရေ​လ၌ နိ​စ္စ​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ဆက်​တစ်​ထောင်​တိုင်​အောင် မိန့်​မြွက်​တော်​မူ​သော နှုတ်​က​ပတ်​တည်း​ဟူ​သော ဝန်​ခံ​ခြင်း​တ​ရား​တော်​ကို အ​စဉ်​အ​မြဲ​အောက်​မေ့​တော်​မူ၏။#က၊ ၁၂:၇၊ ၁၇:၈၊ ၂၆:၃၊ ၂၈:၁၃။ 13သူ​တို့​သည် တစ်​မြို့​မှ တစ်​မြို့​သို့​လည်း​ကောင်း၊ တစ်​နိုင်​ငံ​မှ တစ်​နိုင်​ငံ​သို့​လည်း​ကောင်း၊ လှည့်​လည်၍ သွား​ကြ​သော​အ​ခါ၊ 14သူ​တို့​ကို​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​အား​မျှ အ​ခွင့်​ပေး​တော်​မ​မူ။ သူ​တို့​အ​တွက်​လည်း ရှင်​ဘု​ရင်​တို့​ကို ဆုံး​မ​လျက်၊ 15ငါ့​ထံ၌ ဘိ​သိက်​ခံ​သော​သူ​တို့​ကို မ​ထိ​မ​ခိုက်​နှင့်။ ငါ၏​ပ​ရော​ဖက်​တို့​ကို အ​ပြစ်​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။#က၊ ၂၀:၃-၇။
16တစ်​ဖန်​တုံ၊ ထို​ပြည်၌ မွတ်​သိပ်​ခြင်း​ဘေး​ကို​ခေါ်၍၊ အ​စာ​အာ​ဟာ​ရ​တည်း​ဟူ​သော အ​ထောက်​အ​ပင့်​ရှိ​သ​မျှ​ကို ချိုး​ဖျက်​တော်​မူ​သော​အ​ခါ၊#က၊ ၄၁:၅၃-၅၇။ 17ကျွန်​ဖြစ်​စေ​ဖို့ အ​ရောင်း​ခံ​ရ​သော​ယော​သပ်​ကို သူ​တို့​ရှေ့​မှာ စေ​လွှတ်​တော်​မူ၏။#က၊ ၃၇:၂၈၊ ၄၅:၅။ 18သူ့​ကို​ခြေ​ချင်း​ခတ်၍ သံ​နှင့် ညှဉ်း​ဆဲ​ကြ၏။ 19သူ၏​စ​ကား​မ​ပြည့်​စုံ​မီ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း စုံ​စမ်း​ခြင်း​ကို​ခံ​ရ၏။#က၊ ၃၉:၂၀—၄၀:၂၃။ 20လူ​တို့​ကို အ​စိုး​ရ​သော​အ​ရှင်​တည်း​ဟူ​သော ရှင်​ဘု​ရင်​သည်​စေ​လွှတ်၍ သူ့​ကို​နုတ်​ပြီး​မှ ချမ်း​သာ​ပေး​တော်​မူ၏။#က၊ ၄၁:၁၄။ 21သူ​သည် မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း မင်း​အ​ရာ​ရှိ​တို့​ကို​ချည်​နှောင်၍၊#က၊ ၄၁:၃၉-၄၁။ 22မှူး​တော်​မတ်​တော်​တို့​ကို ဆုံး​မ​ပိုင်​သော​အ​ခွင့်​နှင့် နန်း​တော်​အုပ်၊ နိုင်​ငံ​တော်​အုပ်​အ​ရာ၌ ထို​သူ​ကို ခန့်​ထား​တော်​မူ၏။
23ဣ​သ​ရေ​လ​သည်​လည်း အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ၍၊ ယာ​ကုပ်​သည် ဟာ​မ​အ​မျိုး​နေ​ရာ​ပြည်၌ တည်း​ခို၏။#က၊ ၄၆:၆၊ ၄၇:၁၁။ 24ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​တို့​ကို​အ​လွန်​များ​ပြား​စေ၍၊ ရန်​သူ​တို့​ထက် အား​ကြီး​စေ​တော်​မူ၏။#ထွ၊ ၁:၇-၁၄။ 25မိ​မိ​လူ​တို့​ကို ရန်​သူ​တို့​သည်​မုန်း၍၊ မိ​မိ​ကျွန်​တို့​ကို​ပ​ရိ​ယာယ်​ပြု​မည်​အ​ကြောင်း၊ ထို​သူ​တို့ စိတ်​နှ​လုံး​ကို ပြောင်း​လဲ​စေ​တော်​မူ၏။ 26တစ်​ဖန် မိ​မိ​ကျွန်​မော​ရှေ​နှင့် ရွေး​ကောက်​တော်​မူ​သော​အာ​ရုန်​ကို စေ​လွှတ်​တော်​မူ၏။#ထွ၊ ၃:၁—၄:၁၇။ 27အဲ​ဂု​တ္တု​ပြည်​သား​တို့​တွင်၊ လ​က္ခ​ဏာ​သက်​သေ​တော်​တို့​ကို​ပြ၍၊ ဟာ​မ​အ​မျိုး​နေ​ရာ​ပြည်၌ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​ကြ၏။ 28မှောင်​မိုက်​ကို​စေ​လွှတ်၍၊ မိုက်​မဲ​စေ​တော်​မူ၏။ သူ​တို့​သည် နှုတ်​က​ပတ်​တော်​ကို ဆန့်​ကျင်​ဘက်​မ​ပြု​ရ​ကြ။#ထွ၊ ၁၀:၂၁-၂၃။ 29သူ​တို့​ရေ​များ​ကို​အ​သွေး​ဖြစ်​စေ၍၊ ငါး​များ​ကို သေ​စေ​တော်​မူ၏။#ထွ၊ ၇:၁၇-၂၁။ 30သူ​တို့​မြေ​သည် များ​စွာ​သော​ဖား​တို့​ကို မင်း​အိပ်​ရာ​အ​ခန်း​တို့၌​ပင် ဖွား​လေ၏။#ထွ၊ ၈:၁-၆။ 31အ​မိန့်​တော်​ရှိ၍ ယင်​ရဲ​နှင့် ခြင်​တို့​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​ကြ၏။#ထွ၊ ၈:၂၀-၂၄၊ ၈:၁၆-၁၇။ 32မိုး​ရေ​အ​စား မိုး​သီး​ကို​လည်း​ကောင်း၊ သူ​တို့​မြေ​ပေါ်​မှာ မီး​လျှံ​ကို​လည်း​ကောင်း ပေး​တော်​မူ၏။ 33သူ​တို့​စ​ပျစ်​နွယ်​ပင်​နှင့် သင်္ဘော​သ​ဖန်း​ပင်​တို့​ကို​ထိ​ခိုက်၍၊ တစ်​ပြည်​လုံး၌​ရှိ​သော သစ်​ပင်​များ​ကို ချိုး​တော်​မူ၏။#ထွ၊ ၉:၂၂-၂၅။ 34အ​မိန့်​တော်​ရှိ၍ မ​ရေ​တွက်​နိုင်​အောင်၊ အ​ရာ​ဘ​ကျိုင်း​နှင့် ယာ​လက်​ကျိုင်း​တို့​သည်​လာ၍၊ 35သူ​တို့​ပြည်​မှာ ဟင်း​သီး​ဟင်း​ရွက်​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ မြေ​ဩ​ဇာ​အ​သီး​အ​နှံ​တို့​ကို​လည်း​ကောင်း ကိုက်​စား​ကြ၏။#ထွ၊ ၁၀:၁၂-၁၅။ 36သူ​တို့​အ​စွမ်း​သ​တ္တိ အထွတ်​အ​မြတ်​တည်း​ဟူ​သော သူ​တို့​ပြည်​မှာ သား​ဦး​အ​ပေါင်း​တို့​ကို ဒဏ်​ခတ်​တော်​မူ၏။#ထွ၊ ၁၂:၂၉။
37မိ​မိ​လူ​တို့​ကို ရွှေ​ငွေ​ပါ​လျက် ထုတ်​ဆောင်​တော်​မူ၍၊ သူ​တို့​အ​စု​စု၌ အား​နည်း​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ 38အဲ​ဂု​တ္တု​ပြည်​သည် သူ​တို့​ကို​ကြောက်​သော​ကြောင့်၊ သူ​တို့​သည် ထွက်​သွား​သော​အ​ခါ တစ်​ပြည်​လုံး ဝမ်း​မြောက်၏။ 39သူ​တို့​အ​ပေါ်​မှာ မိုး​တိမ်​ကို​ဖြန့်​မိုး၍၊ ည​အ​ခါ​လင်း​စ​ရာ​ဖို့ မီး​ကို​ပေး​တော်​မူ၏။#ထွ၊ ၁၃:၂၁-၂၂။ 40သူ​တို့​သည် တောင်း​သော​အ​ခါ ငုံး​များ​ကို​ဆောင်​ခဲ့​တော်​မူ၍၊ သူ​တို့​ကို ကောင်း​ကင်​မုန့်​နှင့် ရောင့်​ရဲ​စေ​တော်​မူ၏။#ထွ၊ ၁၆:၂-၁၅။ 41ကျောက်​ကို​လည်း ဖွင့်​လှစ်​တော်​မူ​သ​ဖြင့်၊ ရေ​သည်​ထွက်၍ သွေ့​ခြောက်​သော​အ​ရပ်၌ မြစ်​ကဲ့​သို့ စီး​သွား​လေ၏။#ထွ၊ ၁၇:၁-၇၊ တော၊ ၂၀:၂-၁၃။ 42အ​ကြောင်း​မူ​ကား၊ မိ​မိ​ကျွန်​အာ​ဗြ​ဟံ၌ ထား​ခဲ့​ဖူး​သော သန့်​ရှင်း​သော က​တိ​တော်​ကို အောက်​မေ့​တော်​မူ၏။ 43ရွေး​ကောက်​တော်​မူ​သော မိ​မိ​လူ​တို့​ကို ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​နှင့်​တ​ကွ ထုတ်​ဆောင်​တော်​မူ၏။ 44-45သူ​တို့​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့​အ​တိုင်း​ကျင့်၍၊ ပ​ညတ်​တ​ရား​တော်​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏​မြေ​ကို ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် အ​ခြား​သော​လူ​တို့၏​အ​လုပ်​ထဲ​သို့ ဝင်​စား​ရ​ကြ၏။ ဟာ​လေ​လု​ယ။#ယောရှု၊ ၁၁:၁၆-၂၃။

Currently Selected:

ဆာလံ 105: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in