YouVersion Logo
Search Icon

ဆာလံ 101

101
ဘု​ရင်​၏​က​တိ​တော်
1ငါ​သည် သ​နား​စုံ​မက်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို​အ​ကြောင်း​ပြု၍ သီ​ချင်း​ဆို​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ရှေ့​တော်၌ သီ​ချင်း​ဆို​ပါ​မည်။ 2စုံ​လင်​သော တ​ရား​အ​တိုင်း ပ​ညာ​သ​တိ​နှင့် ကျင့်​ပါ​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဆီ​သို့ အ​ဘယ်​ကာ​လ​မှ ကြွ​လာ​တော်​မူ​မည်​နည်း။ ကိုယ်​အိမ်​တွင် သန့်​ရှင်း​သော​စိတ်​နှ​လုံး​နှင့် ကျင့်​ပါ​မည်။ 3အ​ဓ​မ္မ​အ​မှု​အ​ရာ​ကို မျက်​မှောက်​မ​ပြု​ပါ။ လမ်း​လွှဲ​သော​သူ၏​အ​မှု​ကို ရွံ​ရှာ​သည်​ဖြစ်၍၊ ငါ၌ မ​မှီ​မ​ကပ်​ရ။ 4သ​ဘော​ကောက်​သော​သူ​သည် ငါ့​ထံ​မှ​ထွက်​သွား​ရ​မည်။ မ​ကောင်း​သော​သူ​နှင့် ငါ​မ​ပေါင်း​ဖော်။ 5မိ​မိ​အိမ်​နီး​ချင်း၏​အ​သ​ရေ​ကို တိတ်​ဆိတ်​စွာ​ဖျက်​သော​သူ​ကို ငါ​ပယ်​ဖြတ်​မည်။ မျက်​နှာ​ထောင်​လွှား၍ စိတ်​မြင့်​သော​သူ​ကို သည်း​မ​ခံ။ 6သ​စ္စာ​ရှိ​သော ပြည်​သား​တို့​သည် ငါ့​ထံ​မှာ​နေ​မည်​အ​ကြောင်း သူ​တို့​ကို ငါ​ကြည့်​ရှု​မည်။ စုံ​လင်​သော​တ​ရား၌ ကျင်​လည်​သော​သူ​သည် ငါ၏​အ​မှု​ကို​ဆောင်​ရွက်​ရ​မည်။ 7လှည့်​စား​တတ်​သော​သူ​မူ​ကား၊ ငါ့​အိမ်၌​မ​နေ​ရ။ မု​သား​စ​ကား​ကို ပြော​တတ်​သော​သူ​သည်​လည်း၊ ငါ့​မျက်​မှောက်၌ အ​ခွင့်​မ​ရှိ​ရ။ 8ဆိုး​သော​အ​မှု​ကို ပြု​သော​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား၏​မြို့​တော်​မှ ပယ်​ဖြတ်​မည်​အ​ကြောင်း၊ မ​တ​ရား​သော ပြည်​သား​ရှိ​သ​မျှ​တို့​ကို စော​စော​ဖျက်​ဆီး​လေ​အံ့​သ​တည်း။

Currently Selected:

ဆာလံ 101: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in