YouVersion Logo
Search Icon

သုတ္တံ 6

6
လက်​တွေ့​ကျ​သော​ဆုံး​မ​ခြင်း
1ငါ့​သား၊ သင်​သည် အ​ဆွေ​ခင်​ပွန်း​အ​တွက် အာ​မ​ခံ​မိ​သော်​လည်း​ကောင်း၊ သူ​တစ်​ပါး​နှင့် လက်​ဝါး​ချင်း ရိုက်​မိ​သော်​လည်း​ကောင်း၊ 2ကိုယ်​နှုတ်​ထွက်​စ​ကား​ဖြင့် ကျော့​မိ​ပြီ။ ကိုယ်​ပြော​သော​စ​ကား​ကြောင့် အ​မှု​ရောက်​လေ​ပြီ။ 3ငါ့​သား၊ သင်​သည် အ​ဆွေ​ခင်​ပွန်း​လက်​သို့ ရောက်​မိ​လျှင်၊ ကိုယ်​ကို​နုတ်​အံ့​သော​ငှာ အ​ဘယ်​သို့ ပြု​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ဆွေ​ခင်​ပွန်း​ထံ​သို့​သွား၍၊ ကိုယ်​ကို​နှိမ့်​ချ​လျက် သူ့​ကို​နှိုး​ဆော်​လော့။ 4အိပ်​မ​ပျော်​နှင့်။ မျက်​စိ​မှိတ်၍ မ​ငိုက်​နှင့်။ 5မု​ဆိုး​လက်​မှ သ​မင်​ဒ​ရယ်​ကို​လည်း​ကောင်း၊ ငှက်​ကို​လည်း​ကောင်း နုတ်​ရ​သ​ကဲ့​သို့ ကိုယ်​ကို​နုတ်​လော့။
6အ​ချင်း​လူ​ပျင်း၊ ပု​ရွက်​ဆိတ်​ထံ​သို့ သွား၍၊ သူ၏​အ​ပြု​အ​မူ​တို့​ကို ဆင်​ခြင်​သ​ဖြင့် ပ​ညာ​ရှိ​စေ​လော့။ 7ပု​ရွက်​ဆိတ်​သည် ဆ​ရာ​မ​ရှိ၊ ပဲ့​ပြင်​သော​သူ​မ​ရှိ၊ မင်း​မ​ရှိ​ဘဲ​လျက်၊ 8နွေ​ကာ​လ​နှင့် စ​ပါး​ရိတ်​ရာ​ကာ​လ၌ မိ​မိ​စား​စ​ရာ​အ​စာ​ကို ရှာ​ဖွေ​သို​ထား​တတ်၏။ 9အို​လူ​ပျင်း၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​အိပ်​လျက် နေ​လိမ့်​မည်​နည်း။ အ​ဘယ်​သော​အ​ခါ နိုး​လိမ့်​မည်​နည်း။ 10ခ​ဏ​အိပ်​လျက်၊ ခ​ဏ​ပျော်​လျက်၊ အိပ်​ပျော်​အံ့​သော​ငှာ ခ​ဏ​လက်​ချင်း​ပိုက်​လျက်​နေ​စဉ်​တွင်၊#သု၊ ၂၄:၃၃-၃၄။ 11ဆင်း​ရဲ​ခြင်း​သည် ခ​ရီး​သွား​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ဥ​စ္စာ​ပြုန်း​တီး​ခြင်း​သည် သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ​လိမ့်​မည်။
12ဆိုး​ယုတ်​သော​သူ​နှင့် မ​တ​ရား​သော​သူ​သည် ကောက်​လိမ်​သော​စ​ကား၌ ကျင်​လည်​တတ်၏။ 13မျက်​တောင်​ခတ်​လျက်၊ ခြေ​ဖြင့် အ​မှတ်​ပေး​လျက်၊ လက်​ချောင်း​တို့​ဖြင့် သွန်​သင်​လျက် ပြု​တတ်၏။ 14ကောက်​သော​စိတ်​သ​ဘော​နှင့် ပြည့်​စုံ၍၊ မ​ကောင်း​သော​အ​ကြံ​ကို အ​စဉ် ကြံ​စည်​တတ်၏။ သူ​တစ်​ပါး​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်၏။ 15ထို​ကြောင့် သူ​သည် အ​မှတ်​တ​မဲ့​အ​မှု​ရောက်၍၊ ကိုး​ကွယ်​ရာ​မ​ရ​ဘဲ ချက်​ချင်း​ကျိုး​ပဲ့​ပျက်​စီး​ရ​လိမ့်​မည်။
16ထာ​ဝ​ရ​ဘု​ရား​မုန်း​တော်​မူ​သော​အ​ရာ ခြောက်​ပါး​မ​က၊ စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သော​အ​ရာ ခု​နစ်​ပါး​ဟူ​မူ​ကား၊ 17ထောင်​လွှား​သော မျက်​နှာ​တစ်​ပါး၊ မု​သား၌ ကျင်​လည်​သော​လျှာ​တစ်​ပါး၊ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို​သတ်​သော လက်​တစ်​ပါး၊ 18မ​ကောင်း​သော အ​ကြံ​ကို ကြံ​စည်​သော​နှ​လုံး​တစ်​ပါး၊ အ​ပြစ်​ပြု​ရာ​သို့ အ​လျင်​အ​မြန်​ပြေး​တတ်​သော ခြေ​တစ်​ပါး၊ 19မု​သား​စ​ကား​ကို​ပြော၍ မ​မှန်​သော​သက်​သေ​တစ်​ပါး၊ အ​ပေါင်း​အ​ဖော်​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်​သော​သူ တစ်​ပါး​တည်း။
သူ​တစ်​ပါး​အိမ်​ရာ​ကို​မ​ပြစ်​မှား​ရန်သ​တိ​ပေး​ခြင်း
20ငါ့​သား၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​လော့။ အ​မိ​ပေး​သော တ​ရား​ကို မ​ပယ်​နှင့်။ 21နှ​လုံး​ပေါ်​မှာ အ​မြဲ​ချည်၍ လည်​ပင်း၌ ဆွဲ​ထား​လော့။ 22သင်​သည် အ​ခြား​သို့​သွား​သော​အ​ခါ၊ ထို​ပ​ညတ်​တ​ရား​သည် လမ်း​ပြ​လိမ့်​မည်။ အိပ်​သော​အ​ခါ သင့်​ကို​စောင့်​လိမ့်​မည်။ နိုး​သော​အ​ခါ သင်​နှင့် နှုတ်​ဆက်​လိမ့်​မည်။ 23အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တော်​သည် မီး​ခွက်​ဖြစ်၏။ တ​ရား​တော်​သည် အ​လင်း​ဖြစ်၏။ အ​ပြစ်​ကို ပြ​တတ်​သော ဩ​ဝါ​ဒ​စ​ကား​သည် အ​သက်​လမ်း​ဖြစ်၏။ 24ဆိုး​သော မိန်း​မ​နှင့်​လည်း​ကောင်း၊ အ​မျိုး​ပျက်​သော​မိန်း​မ ချော့​မော့​တတ်​သော​နှုတ်​နှင့်​လည်း​ကောင်း လွတ်​စေ​ခြင်း​ငှာ၊ သင့်​ကို​စောင့်​ဖို့​ရာ ဖြစ်​သ​တည်း။ 25ထို​သို့​သော​မိန်း​မ​သည် အ​ဆင်း​လှ​သော်​လည်း၊ တပ်​မက်​သော​စိတ်​မ​ရှိ​နှင့်။ သူ​သည် မျက်​ခမ်း​တို့​ဖြင့် သင့်​ကို မ​ကျော့​မိ​စေ​နှင့်။ 26အ​ကြောင်း​မူ​ကား၊ ပြည့်​တန်​ဆာ​မ​ကို မှီ​ဝဲ​သော​ယောက်ျား​သည် ဆင်း​ရဲ၍၊ မုန့်​တစ်​လုံး​ကို​သာ​ရ​တတ်၏။ မျောက်​မ​ထား​သော မိန်း​မ​သည်​လည်း မြတ်​သော​အ​သက်​ကို​ဖမ်း​တတ်၏။ 27လူ​သည် အ​ဝတ်​မ​လောင်​ဘဲ မီး​ကို ပိုက်​ဖက်​နိုင်​သ​လော။ 28ခြေ​မ​လောင်​ဘဲ မီး​ခဲ​ပေါ်​မှာ နင်း​နိုင်​သ​လော။ 29သူ့​မ​ယား​ထံ​သို့ ဝင်​သော​သူ​သည် ထို​နည်း​တူ​ဖြစ်၏။ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့် မ​ကင်း​မ​လွတ်​နိုင်​ရာ၊ 30မွတ်​သိပ်​သော​စိတ်​ပြေ​စေ​ခြင်း​ငှာ၊ ခိုး​သော​သူ​ပင် အ​ပြစ်​မ​လွတ်​ရ။ 31တွေ့​မိ​လျှင် ခု​နစ်​ဆ​ပြန်​ပေး​ရ​မည်။ ကိုယ်​အိမ်၌ ရှိ​သ​မျှ​သော ဥ​စ္စာ​တို့​ကို လျော်​ရ​မည်။ 32သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​သည် ဉာဏ်​မ​ရှိ။ ထို​သို့ ပြု​သော​သူ​သည် မိ​မိ​အ​သက်​ကို ဖျက်​ဆီး​တတ်၏။ 33နာ​ကျင်​စွာ​ထိ​ခိုက်​ခြင်း​နှင့် အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ၏​အ​ရှက်​ကွဲ​ခြင်း​သည် မ​ပြေ​နိုင်။ 34အ​ကြောင်း​မူ​ကား၊ ယောက်ျား​သည် မ​ယား​ကို​မ​ယုံ​သော​စိတ်​ရှိ​လျှင်၊ ပြင်း​ထန်​စွာ အ​မျက်​ထွက်​တတ်၏။ အ​ပြစ်​ပေး​ချိန် ရောက်​သော​အ​ခါ သ​နား​ခြင်း​မ​ရှိ​တတ်။ 35လျော်​ပြစ်​ငွေ​မည်​မျှ​ကို ပ​မာ​ဏ​မ​ပြု​တတ်။ များ​စွာ​သော​လက်​ဆောင်​တို့​ကို ပေး​သော်​လည်း စိတ်​မ​ပြေ​တတ်။

Currently Selected:

သုတ္တံ 6: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in