YouVersion Logo
Search Icon

သုတ္တံ 22

22
1ကောင်း​သော​အ​သ​ရေ​ကို များ​စွာ​သော​ဥ​စ္စာ​ထက် သာ၍ ရွေး​စ​ရာ​ကောင်း၏။ သူ​တစ်​ပါး​စုံ​မက်​ခြင်း​ကျေး​ဇူး​သည် ရွှေ​ငွေ​ထက် သာ၍​ကောင်း၏။ 2ငွေ​ရ​တတ်​သော​သူ​နှင့် ဆင်း​ရဲ​သော​သူ​တို့​သည် တွေ့​ကြုံ​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား ဖန်​ဆင်း​တော်​မူ၏။ 3သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် အ​မှု​ကို​မျှော်​မြင်၍ ပုန်း​နေ​တတ်၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား၊ အ​စဉ်​အ​တိုင်း​သွား၍ အ​မှု​နှင့်​တွေ့​တတ်၏။ 4စိတ်​နှိမ့်​ချ​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​ကျေး​ဇူး​ကြောင့် စည်း​စိမ်၊ ဂုဏ်​အ​သ​ရေ၊ အ​သက်​ကို ရ​တတ်၏။ 5သ​ဘော​ကောက်​သော​လူ​သွား​ရာ​လမ်း၌၊ ဆူး​ပင်​များ​နှင့် ကျော့​ကွင်း​များ ရှိ​တတ်၏။ မိ​မိ​စိတ်​ဝိ​ညာဉ်​ကို စောင့်​ရှောက်​သော​သူ​မူ​ကား ဝေး​စွာ​ရှောင်​သွား​လိမ့်​မည်။ 6သူ​ငယ်​သွား​ရာ​လမ်း​ဝ၌ ဆုံး​မ​သွန်​သင်​လော့။ သို့​ပြု​လျှင် သူ​သည် အို​သော​အ​ခါ ထို​လမ်း​မှ​မ​လွှဲ၊ လိုက်​သွား​လိမ့်​မည်။ 7ငွေ​ရ​တတ်​သော​သူ​သည် ဆင်း​ရဲ​သော​သူ​ကို အ​စိုး​ရ၏။ ချေး​ငှား​ယူ​သော​သူ​သည် ချေး​ငှား​ပေး​သော​သူ၌ ကျွန်​ဖြစ်၏။ 8ဒု​စ​ရိုက်​မျိုး​စေ့​ကို​ကြဲ​သော​သူ​သည် ဒု​က္ခ​စ​ပါး​ကို ရိတ်​ရ​မည်။ ဒေါ​သ​စိတ်​ရှိ၍ ဒဏ်​ပေး​နိုင်​သော တန်​ခိုး​လည်း ပျောက်​လိမ့်​မည်။ 9က​ရု​ဏာ​မျက်​စိ​ရှိ​သော​သူ​သည် ဆင်း​ရဲ​သော​သူ​တို့​ကို ကျွေး​သော​ကြောင့် မင်္ဂ​လာ​ရှိ​လိမ့်​မည်။ 10မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို​နှင်​ထုတ်​လော့။ သို့​ပြု​လျှင် ရန်​မာန်​လည်း ထွက်​သွား​လိမ့်​မည်။ ရန်​တွေ့​ခြင်း​နှင့် ကဲ့​ရဲ့​ခြင်း​လည်း ငြိမ်း​လိမ့်​မည်။ 11စိတ်​နှ​လုံး​ဖြူ​စင်​ခြင်း​ကို နှစ်​သက်​သော​သူ​သည် လျောက်​ပတ်​သော​စ​ကား​ကို ပြော​တတ်၍၊ ရှင်​ဘု​ရင်​နှင့် မိတ်​ဆွေ​ဖွဲ့​ရ​လိမ့်​မည်။ 12ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​သည် ပ​ညာ​အ​တတ်​ကို စောင့်၏။ ပြစ်​မှား​သော​သူ၏​စ​ကား​ကို​ကား ချေ​တော်​မူ၏။ 13ပျင်း​ရိ​သော​သူ​က၊ အိမ်​ပြင်​မှာ ခြင်္သေ့​ရှိ၏။ လမ်း​သို့​ထွက်​လျှင် ငါ​သေ​လိမ့်​မည်​ဟု ဆို​တတ်၏။ 14အ​မျိုး​ပျက်​သော​မိန်း​မ၏​နှုတ်​သည် နက်​သော မြေ​တွင်း​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သော​သူ​သည် ထို​မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ 15မိုက်​သော​သ​ဘော​သည် သူ​ငယ်၏​စိတ်​နှ​လုံး​ထဲ​မှာ ထုပ်​ထား​လျက်​ရှိ၏။ သို့​သော်​လည်း၊ ဆုံး​မ​သော​ကြိမ်​လုံး​သည် ထို​သ​ဘော​ကို ဝေး​စွာ​နှင်​တတ်၏။ 16ကိုယ်​စီး​ပွား​အ​ဖို့ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​သူ​နှင့်၊ ငွေ​ရ​တတ်​သော​သူ​တို့​အား ပေး​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့ အ​မှန်​ရောက်​လိမ့်​မည်။
ပ​ညာ​ရှိ​စ​ကား​ရပ်​သုံး​ဆယ်
17သင်၏​နား​ကို​ညွှတ်၍ ပ​ညာ​ရှိ​စ​ကား​ကို နား​ထောင်​လော့။ ငါ့​ပ​ညာ​အ​တတ်​ကို​လည်း စိတ်​နှ​လုံး၌ စွဲ​လမ်း​လော့။ 18သင်၏​နှ​လုံး၌​သွင်း​မိ​နိုင်​လျှင် သာ​ယာ​သော​အ​ကျိုး ရှိ​လိမ့်​မည်။ သင်၏​နှုတ်၌​လည်း အ​စဉ် အ​သင့်​ရှိ​လိမ့်​မည်။ 19သင်​သည်​ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​မည်​အ​ကြောင်း၊ သင့်​ကိုယ်​တိုင်​ကို ယ​နေ့ ငါ​သွန်​သင်၏။ 20-21သင်​သည် သ​မ္မာ​တ​ရား​စ​ကား​စစ်​ကို သိ​မည်​အ​ကြောင်း​နှင့်၊ သင့်​ထံ​သို့ စေ​လွှတ်​သော​သူ​တို့​အား၊ သ​မ္မာ​စ​ကား​ကို ပြန်​ပြော​နိုင်​မည်​အ​ကြောင်း သ​တိ​ပေး​လျက်၊ ပ​ညာ​အ​တတ်​ကို ပြ​သ​လျက်၊ ထူး​ဆန်း​သော​အ​ရာ​တို့​ကို ငါ​ရေး၍ ပေး​လိုက်​သည်​မ​ဟုတ်​လော။ 22ဆင်း​ရဲ​သော​သူ၏​ဆင်း​ရဲ​ကို​ထောက်၍၊ သူ၏​ဥ​စ္စာ​ကို မ​လု​မ​ယူ​နှင့်။ ဒု​က္ခိ​တ​သ​တ္တ​ဝါ​ကို မြို့​တံ​ခါး​ဝ၌ မ​ညှဉ်း​ဆဲ​နှင့်။ 23အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​မှု​ကို စောင့်​တော်​မူ​မည်။ သူ​တို့​ဥ​စ္စာ​ကို လု​ယူ​သော​သူ​တို့၏​အ​သက်​ကို လု​ယူ​တော်​မူ​မည်။ 24စိတ်​တို​သော​သူ​ကို မိတ်​ဆွေ​မ​ဖွဲ့​နှင့်။ အ​မျက်​ပြင်း​ထန်​သော​သူ​နှင့် အ​တူ​မ​လိုက်​နှင့်။ 25လိုက်​လျှင် သူ၏​ထုံး​စံ​ဓ​လေ့​တို့​ကို သင်၍၊ ကိုယ်​အ​သက်​ကျော့​မိ​ရာ​ဖြစ်​လိမ့်​မည်။ 26လက်​ဝါး​ချင်း​ရိုက်​သော​လူ​စု​နှင့် သူ့​ကြွေး​ကို အာ​မ​ခံ​သော လူ​စု​ထဲ​သို့ မ​ဝင်​နှင့်။ 27သင်၌​ပေး​ရန်​မ​ရှိ​လျှင်၊ သင့်​အိပ်​ရာ​ကို အ​ဘယ်​ကြောင့် ယူ​သွား​စေ​ချင်​သ​နည်း။ 28ဘိုး​ဘေး​စိုက်​ဖူး​သော မြေ​မှတ်​တိုင်​တို့​ကို မ​ရွှေ့​နှင့်။ 29ဆောင်​ရွက်​စ​ရာ​အ​မှု​ကို ကြိုး​စား၍ ပြီး​စီး​စေ​တတ်​သော​သူ​ရှိ​သ​လော။ ထို​သူ​သည် သာ​မ​ည​လူ၏​အ​မှု​ကို မ​ဆောင်​ရွက်၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို ဆောင်​ရွက်ရ၏။

Currently Selected:

သုတ္တံ 22: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in