YouVersion Logo
Search Icon

သုတ္တံ 2

2
ပ​ညာ၏​တန်​ဖိုး
1ငါ့​သား၊ သင်​သည်​ပ​ညာ​စ​ကား​ကို နား​ထောင်၍၊ 2စေ​တ​နာ​စိတ်​နှင့် ဉာဏ်​ကို ရှာ​ဖွေ​သည်​တိုင်​အောင်၊ ငါ့​စ​ကား​ကို နား​ခံ၍၊ ငါ့​ပ​ညတ်​တို့​ကို ကိုယ်​အ​ထဲ၌ သွင်း​မိ​လျှင်​လည်း​ကောင်း၊ 3သိ​ပ္ပံ​အ​တတ်​ကို​ခေါ်၍၊ ဉာဏ်​နောက်​သို့ အ​သံ​ကို​လွှင့်​လျှင်​လည်း​ကောင်း၊ 4ငွေ​ကို​ရှာ​တတ်​သ​ကဲ့​သို့ ပ​ညာ​ကို​ရှာ၍၊ ဝှက်​ထား​သော​ဘ​ဏ္ဍာ​ကို စူး​စမ်း​တတ်​သ​ကဲ့​သို့၊ ဉာဏ်​ကို စူး​စမ်း​လျှင်​လည်း​ကောင်း၊ 5ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​သော​သ​ဘော၌ ကျင်​လည်၍၊ ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​နှင့် ပြည့်​စုံ​လိမ့်​မည်။ 6အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​ကို ပေး​တော်​မူ​တတ်၏။ နား​လည်​နိုင်​သော​ဉာဏ်​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့်​သာ ဖြစ်​တတ်၏။ 7ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ ပ​ညာ​ရ​တ​နာ​ကို သို​ထား​တော်​မူ၏။ တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို ကွယ်​ကာ​တော်​မူ၏။ 8မိ​မိ​သန့်​ရှင်း​သူ​တို့​သည် တ​ရား​လမ်း​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ သူ​တို့၏​လမ်း​ခ​ရီး​ကို လုံ​ခြုံ​စေ​တော်​မူ၏။ 9ကျေး​ဇူး​တော်​ကြောင့် သင်​သည် ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ လျစ်​လျူ​စွာ ဆုံး​ဖြတ်​ခြင်း​မှ​စ၍၊ ကောင်း​သော​လမ်း​ရှိ​သ​မျှ​တို့​ကို သိ​နား​လည်​လိမ့်​မည်။ 10ပ​ညာ​သည်​သင်၏​နှ​လုံး​ထဲ​သို့​ဝင်၍၊ သင်​သည် သိ​ကြား​ခြင်း၌​မွေ့​လျော်​သော​အ​ခါ၊ 11သ​မ္မာ​သ​တိ​သည် သင့်​ကို​ထိန်း​သိမ်း၍၊ ဉာဏ်​သည်​လည်း စောင့်​ရှောက်​သ​ဖြင့်၊ 12ဆိုး​သော​လမ်း​မှ ကယ်​တင်​လိမ့်​မည်။ ကောက်​သော​စ​ကား​ကို ပြော​တတ်​သော​သူ၊ 13ဖြောင့်​မတ်​သော​လမ်း​ကို​စွန့်၍၊ မိုက်​မဲ​သော​လမ်း​သို့ လိုက်​သော​သူ၊ 14ဒု​စ​ရိုက်၌​မွေ့​လျော်၍ အ​ဓ​မ္မ​လူ၏​ကောက်​လိမ်​ခြင်း​ကို အား​ရ​နှစ်​သက်​သော​သူ၊ 15ဖြောင့်​သော​လမ်း​သို့ မ​လိုက်၊ ကောက်​သော​လမ်း​သို့​သာ လိုက်​သော​သူ​တို့၏​လက်​မှ​လည်း​ကောင်း၊ 16အ​မျိုး​ပျက်​သော​မိန်း​မ၊ နှုတ်​နှင့်​ချော့​မော့​တတ်​သော ပြည့်​တန်​ဆာ​မိန်း​မ၊ 17အ​သက်​ငယ်​စဉ် ပဲ့​ပြင်​သော ကျေး​ဇူး​ရှင်​ကို​စွန့်၍၊ မိ​မိ​ဘု​ရား​သ​ခင်၏ ပ​ဋိ​ညာဉ်​တ​ရား​ကို​မေ့​လျော့​သော မိန်း​မ​လက်​မှ​လည်း​ကောင်း၊ သင့်​ကို​ကယ်​တင်​လိမ့်​မည်။ 18ထို​မိန်း​မ၏​အိမ်​သည် သေ​ခြင်း​နှင့်​လည်း​ကောင်း၊ သူ​လိုက်​သော​လမ်း​တို့​သည် သင်္ချိုင်း​သား​နေ​ရာ​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သ​ဖြင့်၊ 19သူ၏​အိမ်​သို့​ဝင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ပြန်​ရ။ အ​သက်​လမ်း​ကို​မ​မီ​ရ။ 20သင်​သည် သူ​တော်​ကောင်း​တို့၏ လမ်း​သို့​လျှောက်၍၊ ဖြောင့်​မတ်​သော​သူ​တို့၏ လမ်း​ခ​ရီး​ထဲ​က​မ​ထွက်​ဘဲ အ​စဉ်​တ​စိုက် လိုက်​ရ​မည်​အ​ကြောင်း​တည်း။ 21ဖြောင့်​မတ်​သော​သူ​တို့​သည် ပြည်​တော်၌​နေ၍၊ စုံ​လင်​သော​သူ​တို့​သည် နေ​ရာ​ကျ​ကြ​လိမ့်​မည်။ 22အ​ဓ​မ္မ​လူ​တို့​မူ​ကား၊ ပြည်​တော်​မှ​ပယ်​ရှင်း​ခြင်း၊ လွန်​ကျူး​သော​သူ​တို့​သည် နုတ်​ပစ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

Currently Selected:

သုတ္တံ 2: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in