YouVersion Logo
Search Icon

တောလည်ရာ 8

8
မီး​ခွက်​ခု​နစ်​လုံး
1ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အာ​ရုန်​အား​ဆင့်​ဆို​ရ​မည်​မှာ၊#ထွ၊ ၂၅:၃၁-၄၀။ ၃၇:၁၇-၂၄။ 2မီး​ခွက်​များ​ကို​ထွန်း​သော​အ​ခါ၊ မီး​ခွက်​ခု​နစ်​လုံး​တို့​သည် မီး​ခုံ​တစ်​ဖက်​တစ်​ချက်၌ ထွန်း​လင်း​ရ​မည်​ဟု၊ 3မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အာ​ရုန်​ပြု၍ မီး​ခုံ​တစ်​ဖက်​တစ်​ချက်၌ မီး​ခွက်​များ​ကို​ထွန်း​လေ၏။ 4မီး​ခုံ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ပြ​တော်​မူ​သော​ပုံ​နှင့်​အ​ညီ မီး​ခုံ​တိုင်​မှ​စ၍ ကြာ​ပွင့်​တိုင်​အောင် ရွှေ​ဖြင့်​တစ်​စပ်​တည်း​ထု​လုပ်​သော မီး​ခုံ​ဖြစ်​သ​တည်း။
လေ​ဝိ​သား၏​စင်​ကြယ်​ခြင်း
5ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား 6လေ​ဝိ​သား​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​က ရွေး​ကောက်၍ စင်​ကြယ်​စေ​လော့။ 7စင်​ကြယ်​စေ​ခြင်း​ငှာ ပြု​ရ​မည်​အ​မှု​ဟူ​မူ​ကား၊ စင်​ကြယ်​ခြင်း​မင်္ဂ​လာ​ရေ​ကို သူ​တို့​အ​ပေါ်​မှာ​ဖျန်း၍၊ သူ​တို့​သည် တစ်​ကိုယ်​လုံး​ကို​အ​မွေး​ရိတ်​ခြင်း၊ အ​ဝတ်​လျှော်​ခြင်း​ကို​ပြု​သ​ဖြင့် စင်​ကြယ်​စေ​ရ​မည်။ 8ဆီ​ရော​သော​မုန့်​ညက်​တည်း​ဟူ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်​ကို​ယူ​ပြီး​လျှင်၊ 9လေ​ဝိ​သား​တို့​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ခေါ်​ခဲ့၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို စည်း​ဝေး​စေ​ပြီး​မှ၊ 10လေ​ဝိ​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့​ဆောင်​ခဲ့၍၊ သူ​တို့​ခေါင်း​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လက်​ကို​တင်​သ​ဖြင့်၊ 11သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ထမ်း​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​သော ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော လေ​ဝိ​သား​တို့​ကို အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။ 12လေ​ဝိ​သား​တို့​သည်​လည်း၊ နွား​ခေါင်း​ပေါ်​မှာ မိ​မိ​တို့​လက်​ကို​တင်၍၊ သူ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​လို​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ နွား​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်၊ တစ်​ကောင်​ကို မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​ကြ​မည်။ 13လေ​ဝိ​သား​တို့​ကို၊ အာ​ရုန်​နှင့် သူ၏​သား​တို့​ရှေ့​မှာ​ထား၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ 14ထို​သို့ လေ​ဝိ​သား​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် တ​ခြား​စီ​ခွဲ​ထား၍၊ သူ​တို့​သည်​အ​ထူး​သ​ဖြင့် ငါ့​လူ​ဖြစ်​ရ​ကြ​လိမ့်​မည်။ 15ထို​နောက်​မှ လေ​ဝိ​သား​တို့​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ ဝင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​ကို​စင်​ကြယ်​စေ၍ ပူ​ဇော်​သ​ကာ၊ ပြု​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ 16ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က သူ​တို့​ကို​ရွေး​ကောက်၍၊ ငါ့​အား​အ​ပိုင်​ပေး​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​ဦး​ဖွား​မြင်​သော​သား​ဦး​များ​အ​တွက် သူ​တို့​ကို​ငါ​သိမ်း​ယူ၏။ 17အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​အ​ပေါင်း​တို့​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​တွင် လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ကိုယ်​အ​ဖို့ သန့်​ရှင်း​စေ​သော​ကြောင့်၊ သား​ဦး​အ​ပေါင်း​တို့​ကို အ​ထူး​သ​ဖြင့်​ငါ​ပိုင်​ရ​မည်။#ထွ၊ ၁၃:၂။ 18တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး သား​ဦး​အ​ပေါင်း​တို့​အ​တွက်၊ လေ​ဝိ​သား​တို့​ကို ငါ​ယူ၏။ 19သူ​တို့​သည်​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌၊ ဣ​သ​ရေ​လ​အ​မျိုး​သား ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့ ချဉ်း​ကပ်​သော​အ​ခါ၊ ဘေး​ဒဏ်​နှင့်​လွတ်​မည်​အ​ကြောင်း၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က လေ​ဝိ​သား​တို့​ကို အာ​ရုန်​နှင့်​သူ၏​သား​တို့​အား စွန့်​ကြဲ​ပေး​ကမ်း​သည်​ဟု၊ 20လေ​ဝိ​သား​အ​မှု၌၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် လေ​ဝိ​သား​တို့​ကို​ပြု​ကြ​လျှင်၊ 21သူ​တို့​သည်​စင်​ကြယ်​ခြင်း​သို့​ရောက်၍ မိ​မိ​တို့​အ​ဝတ်​ကို လျှော်​ကြ၏။ အာ​ရုန်​သည်​လည်း၊ သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်၍ သူ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့် စင်​ကြယ်​စေ​လေ၏။ 22ထို​နောက်​မှ လေ​ဝိ​သား​တို့​သည် အာ​ရုန်​နှင့် သူ၏​သား​တို့​ရှေ့၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ ဝင်​ကြ၏။ လေ​ဝိ​သား​တို့​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း လူ​အ​ပေါင်း​တို့​သည် ပြု​ကြ၏။
23တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 24လေ​ဝိ​သား​တို့​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​လွန်​မှ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ရွက်​ခြင်း​ငှာ ဝင်​ရ​ကြ​မည်။ 25-26အ​သက်​ငါး​ဆယ်​လွန်​မှ​အ​မှု​လွတ်၍ နောက်​တစ်​ဖန်​မ​ဆောင်​ရွက်​ဘဲ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ မိ​မိ​ညီ​အစ်​ကို​တို့​နှင်​အ​တူ ကူ​ညီ၍ အ​လှည့်​လှည့်​စောင့်​ရ​ကြ​မည်။ ထို​သို့ လေ​ဝိ​သား​များ​စောင့်​ရ​သော​အ​မှု​ကို စီ​ရင်​ရ​မည်​ဟု မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in