YouVersion Logo
Search Icon

တောလည်ရာ 3

3
အာ​ရုန်​၏​သား​များ
1ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှ​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သော​အ​ခါ၊ အာ​ရုန်​နှင့် မော​ရှေ​အ​မျိုး​အ​နွယ်၏ အ​တ္ထု​ပ္ပ​တ္တိ​များ​ကို မှတ်​သား​သည်​တွင်၊ 2အာ​ရုန်၏​သား​ဟူ​မူ​ကား၊ သား​ဦး​နာ​ဒပ်၊ ညီ​အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တည်း။#တော၊ ၂၆:၆၀။ 3ဤ​သူ​တို့​ကား၊ အ​ဘ​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ပေး၍ အ​ရာ၌​ခန့်​ထား​သော အာ​ရုန်၏​သား​ဖြစ်​ကြ​သ​တည်း။ 4နာ​ဒပ်​နှင့် အ​ဘိ​ဟု​သည်၊ သိ​နာ​တော​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထူး​ခြား​သော​မီး​ကို​ပူ​ဇော်​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သေ​ကြ၏။ သူ​တို့၌ သား​မ​ရှိ​သည်​ဖြစ်၍၊ ဧ​လာ​ဇာ​နှင့် ဣ​သ​မာ​သည်၊ အ​ဘ​အာ​ရုန်​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ကြ၏။#ဝတ်၊ ၁၀:၁-၂။ တော၊ ၂၆:၆၁။
လေ​ဝိ​အ​နွယ်​၏​အ​မှု​တော်
5ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 6သင်​သည် လေ​ဝိ​အ​မျိုး​သား​တို့​ကို​ခေါ်​ခဲ့၍ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​အ​မှု​ကို ဆောင်​စေ​ခြင်း​ငှာ၊ အာ​ရုန်​ထံ၌​နေ​ရာ​ချ​လော့။ 7သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​မှာ၊ အာ​ရုန်​နှင့် ပ​ရိ​သတ်​အ​ပေါင်း​တို့​ဆောင်​ရ​သော အ​မှု​တည်း​ဟူ​သော တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​မည်။ 8သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြည့်​ရှု​ပြု​စု၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဆောင်​ရ​သော တဲ​တော်​အ​မှု​ကို ဆောင်​ရ​ကြ​မည်။ 9လေ​ဝိ​သား​တို့​ကို၊ အာ​ရုန်​နှင့်​သူ၏​သား​တို့၌ အပ်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က သူ​တို့​ကို​ရွေး၍ ငါ့​အား​အ​ပိုင်​ပေး​ရ​မည်။ 10အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​လည်း ခန့်​ထား၏။ သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​စောင့်​ရ​ကြ​မည်။ သူ၏​အ​မျိုး​မှ​တစ်​ပါး အ​ခြား​သော​သူ​သည် ချဉ်း​ကပ်​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။
11တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 12ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​ဦး​ဖွား​မြင်​သော​သား​ဦး​များ​အ​တွက် လေ​ဝိ​သား​တို့​ကို ငါ​ရွေး​ယူ​သော​ကြောင့်၊ လေ​ဝိ​သား​တို့​သည် အ​ထူး​သ​ဖြင့် ငါ၏​လူ​ဖြစ်​ရ​ကြ​မည်။ 13အ​ကြောင်း​မူ​ကား အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​အ​ပေါင်း​တို့​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​တွင်​လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ သား​ဦး​အ​ပေါင်း​တို့​ကို ငါ့​အ​ဖို့​ငါ​သန့်​ရှင်း​စေ​သော​ကြောင့် သား​ဦး​အ​ပေါင်း​တို့​ကို အ​ထူး​သ​ဖြင့်​ငါ​ပိုင်​ရ၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။#ထွ၊ ၁၃:၂။
လေ​ဝိ​အမျိုး​၏​လူ​ဦး​ရေ
14တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သိ​နာ​တော၌ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 15လေ​ဝိ​သား​တို့​တွင် အ​သက်​တစ်​လ​ကျော်​ရှိ​သော ယောက်ျား​အ​ပေါင်း​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက် ရေ​တွက်​လော့​ဟု၊ 16မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည်​လေ​ဝိ​သား​တို့​ကို ရေ​တွက်​လေ၏။ 17လေ​ဝိ​သား​တို့၏​နာ​မည်​ဟူ​မူ​ကား၊ ဂေ​ရ​ရှုန်၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။ 18မိ​မိ​အ​ဆွေ​အ​မျိုး​အ​လိုက် ဂေ​ရ​ရှုန်​သား​တို့၏​နာ​မည်​ကား လိ​ဗ​နိ​နှင့်​ရှိ​မိ​တည်း။ 19မိ​မိ​အ​ဆွေ​အ​မျိုး​အ​လိုက် ကော​ဟတ်​သား​တို့၏​နာ​မည်​ကား၊ အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ​တည်း။ 20မိ​မိ​အ​ဆွေ​အ​မျိုး​အ​လိုက် မေ​ရာ​ရိ​သား​တို့၏​နာ​မည်​ကား မ​ဟာ​လိ​နှင့်​မု​ရှိ​တည်း၊၊ ဤ​သူ​တို့​သည် မိ​မိ​ဘိုး​ဘ​အ​မျိုး​အ​လိုက်​ရေ​တွက်​သော လေ​ဝိ​အ​မျိုး​အ​နွယ် ဖြစ်​ကြ၏။
21ဂေ​ရ​ရှုန်​မှ​ဆင်း​သက်​လာ​သော လိ​ဗ​နိ​အ​ဆွေ​အ​မျိုး၊ ရှိ​မိ​အ​ဆွေ​အ​မျိုး​တို့​သည် ဂေ​ရ​ရှုန်​အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏၊ 22ထို​အ​ဆွေ​အ​မျိုး​တို့​ကို​ရေ​တွက်၍ အ​သက်​တစ်​လ​ကျော်​ရှိ​သော ယောက်ျား​ပေါင်း​ကား၊ ခု​နစ်​ထောင်​ငါး​ရာ ရှိ​သ​တည်း။ 23ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး​တို့​သည် တဲ​တော်​အ​နောက်​မက်​နှာ၌ နေ​ရာ​ချ​ရ​မည်။ 24ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး သူ​ကြီး​ကား၊ လေ​လ​သား​ဧ​လျာ​သပ်​တည်း။ 25ဂေ​ရ​ရှုန်​သား​တို့​အ​ငန်း​အ​တာ​ဟူ​မူ​ကား၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်၊ အ​ပေါ်​တဲ၊ အ​ပေါ်​တဲ​အ​ဖုံး၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌​ကာ​သော​ကု​လား​ကာ၊ 26တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​ပတ်​လည်​ဝင်း​ကု​လား​ကာ၊ ဝင်း​တံ​ခါး​ဝ၌ ကာ​သော​ကု​လား​ကာ၊ ကြိုး​များ​အ​စ​ရှိ​သည်​တို့​ကို ကြည့်​ရှု​ပြု​စု​ရ​ကြ​မည်။
27ကော​ဟတ်​မှ​ဆင်း​သက်​သော အာ​မ​ရံ​အ​ဆွေ​အ​မျိုး၊ ဣ​ဇ​ဟာ​အ​ဆွေ​အ​မျိုး၊ ဟေ​ဗြုန်​အ​ဆွေ​အ​မျိုး၊ ဩ​ဇေ​လ​အ​ဆွေ​အ​မျိုး​တို့​သည်၊ ကော​ဟတ်​အ​မျိုး​အ​နွယ် ဖြစ်​ကြ၏။ 28တဲ​တော်​ကို​စောင့်​သော​သူ၊ ထို​အ​ဆွေ​အ​မျိုး​တို့​ကို​ရေ​တွက်၍ အ​သက်​တစ်​လ​ကျော်​ရှိ​သော ယောက်ျား​ပေါင်း​ကား၊ ရှစ်​ထောင်​ခြောက်​ရာ​ရှိ​သ​တည်း။ 29ကော​ဟတ်​အ​ဆွေ​အ​မျိုး​တို့​သည်၊ တဲ​တော်​တောင်​မျက်​နှာ၌ နေ​ရာ​ချ​ရ​မည်။ 30ကော​ဟတ်​အ​ဆွေ​အ​မျိုး​သူ​ကြီး​ကား၊ ဩ​ဇေ​လ​သား ဧ​လိ​ဇာ​ဖန်​တည်း။ 31သူ​တို့​အ​ငန်း​အ​တာ​ဟူ​မူ​ကား၊ သေ​တ္တာ၊ စား​ပွဲ၊ ယဇ်​ပ​လ္လင်​များ၊ အ​မှု​တော်​ထမ်း​စ​ရာ​တဲ​တော်​တန်​ဆာ​များ၊ အ​တွင်း​ကု​လား​ကာ အ​စ​ရှိ​သည်​တို့​ကို ကြည့်​ရှု​ပြု​စု​ရ​ကြ​မည်။ 32ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​သား​ဧ​လာ​ဇာ​သည် လေ​ဝိ​အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​ကို အုပ်၍ တဲ​တော်​စောင့်​သော​သူ​တို့​ကို ကြည့်​ရှု​စီ​ရင်​ရ​မည်။
33မေ​ရာ​ရိ​မှ​ဆင်း​သက်​သော မ​ဟာ​လိ​အ​ဆွေ​အ​မျိုး၊ မု​ရှိ​အ​ဆွေ​အ​မျိုး​တို့​သည်၊ မေ​ရာ​ရိ​အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏။ 34ထို​အ​ဆွေ​အ​မျိုး​တို့​ကို​ရေ​တွက်၍ အ​သက်​တစ်​လ​ကျော်​ရှိ​သော ယောက်ျား​ပေါင်း​ကား၊ ခြောက်​ထောင်​နှစ်​ရာ ရှိ​သ​တည်း။ 35မေ​ရာ​ရိ​အ​ဆွေ​အ​မျိုး​သူ​ကြီး​ကား၊ အ​ဘိ​ဟဲ​လ​သား​ဇု​ရေ​လ​တည်း။ ဤ​သူ​တို့​သည် တဲ​တော်​မြောက်​မျက်​နှာ၌ နေ​ရာ​ချ​ရ​မည်။ 36မေ​ရာ​ရိ​သား​တို့​အ​ငန်း​အ​တာ​ဟူ​မူ​ကား၊ တဲ​တော်​ပျဉ်​ပြား​များ ကန့်​လန့်​ကျင်​များ၊ တိုင်​များ၊ ခြေ​စွပ်​များ၊ ထို​အ​ရာ​နှင့်​ဆိုင်​သော​တန်​ဆာ​များ အ​စ​ရှိ​သည်​တို့​ကို​လည်း​ကောင်း၊ ဝင်း​တိုင်​များ၊ 37ခြေ​စွပ်​များ၊ တံ​သင်​များ၊ ကြိုး​များ​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​ပြု​စု​ရ​ကြ​မည်။
38မော​ရှေ​နှင့် အာ​ရုန်​မှ​စ၍ အာ​ရုန်၏​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​စောင့်​လျက်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ရှေ့​မျက်​နှာ၌ နေ​ရာ​ချ​ရ​မည်။ သူ​တို့​အ​မျိုး​မှ​တစ်​ပါး၊ အ​ခြား​သော​သူ​သည်​ချဉ်း​ကပ်​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။ 39ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လေ​ဝိ​သား​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​တွက်၍ အ​သက်​တစ်​လ​ကျော်​ရှိ​သော ယောက်ျား​အ​ပေါင်း​ကား၊ နှစ်​သောင်း​နှစ်​ထောင် ရှိ​သ​တည်း။
လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ဆက်​ကပ်​ခြင်း
40တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်၊ အ​သက်​တစ်​လ​ကျော်​ရှိ​သော သား​ဦး​ယောက်ျား​အ​ပေါင်း​တို့​ကို ရေ​တွက်၍ စာ​ရင်း​ယူ​လော့။ 41ဣ​သ​ရေ​လ​အ​မျိုး​သား​ဦး​အ​ပေါင်း​တို့​အ​တွက် လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ တိ​ရ​စ္ဆာန်​သား​ဦး​အ​ပေါင်း​တို့​အ​တွက် လေ​ဝိ​သား​တို့၌​ရှိ​သော တိ​ရ​စ္ဆာန်​များ​ကို​လည်း​ကောင်း၊ ငါ့​အ​ဖို့​ယူ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု၊ 42မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး သား​ဦး​အ​ပေါင်း​တို့​ကို​ရေ​တွက်၍၊ 43အ​သက်​တစ်​လ​ကျော်​ရှိ​သော သား​ဦး​ယောက်ျား​နာ​မည်​ပေါင်း​ကား၊ နှစ်​သောင်း​နှစ်​ထောင်​နှစ်​ရာ​ခု​နစ်​ဆယ်​သုံး​ယောက် ရှိ​သ​တည်း။ 44တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 45ဣ​သ​ရေ​လ​အ​မျိုး သား​ဦး​အ​ပေါင်း​တို့​အ​တွက် လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ တိ​ရ​စ္ဆာန်​များ​အ​တွက် လေ​ဝိ​သား​တို့၌​ရှိ​သော တိ​ရ​စ္ဆာန်​များ​ကို​လည်း​ကောင်း​ယူ​လော့။ လေ​ဝိ​သား​တို့​သည် ငါ၏​လူ​ဖြစ်​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 46လေ​ဝိ​သား​တို့​ထက်​ပို​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဦး နှစ်​ရာ​ခု​နစ်​ဆယ်​သုံး​ယောက်​တို့​ကို ရွေး​ရ​မည်​အ​မှု​မှာ၊ 47အ​ကျပ်​တော်​အ​လိုက် လူ​တစ်​ကိုယ်​လျှင်​ငါး​ကျပ်​စီ​ခံ​ယူ​ရ​မည်။ အ​ကျပ်​ကား၊ ဂေ​ရ​နှစ်​ဆယ်​ဖြစ်​သ​တည်း။ 48ပို​သော​သူ​တို့​ပေး​ရ​သော​အ​ရွေး​ငွေ​ကို၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အား​ပေး​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 49လေ​ဝိ​သား​တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး သား​ဦး​တို့​ကို​ရွေး၍ ပို​သေး​သော သား​ဦး​တို့၏​အ​ရွေး​ငွေ​ကို၊ 50မော​ရှေ​သည် အ​ကျပ်​တော်​နှင့်​ချိန်​လျက်၊ အ​ခွက် တစ်​ဆယ်​သုံး​ပိဿာ​ခြောက်​ဆယ်​ငါး​ကျပ်​ကို​ယူ​ပြီး​လျှင်၊ 51ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော စ​ကား​တော်​အ​တိုင်း ထို​အ​ရွေး​ငွေ​ကို အာ​ရုန်​နှင့် သူ၏​သား​တို့​အား ပေး​လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in