YouVersion Logo
Search Icon

နေဟမိ 7

7
1မြို့​ရိုး​ကို လက်​စ​သတ်​သော​အ​ခါ၊ ငါ​သည် တံ​ခါး​တို့​ကို ထူ​ထောင်၍ တံ​ခါး​စောင့်၊ သီ​ချင်း​သည်၊ လေ​ဝိ​သား​တို့​ကို ခန့်​ထား​ပြီး​မှ၊ 2သ​စ္စာ​ရှိ၍ ဘု​ရား​သ​ခင်​ကို အ​ထူး​သ​ဖြင့် ရို​သေ​သော ရဲ​တိုက်​မှူး​ဟာ​န​နိ​နှင့် ငါ့​ညီ​ဟာ​နန်​တို့၌ ယေ​ရု​ရှ​လင်​မြို့​ကို အပ်​လျက်၊ 3နေ​မ​ထွက်​မီ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​တို့​ကို မ​ဖွင့်​စေ​နှင့်။ တံ​ခါး​စောင့်​ရှိ​စဉ်၊ တံ​ခါး​တို့​ကို​ပိတ်၍ ကန့်​လန့်​ကျင်​ထိုး​စေ။ မြို့​သူ​မြို့​သား​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​ရပ် မိ​မိ​တို့​အိမ်​တစ်​ဖက်​တစ်​ချက်၌ ကင်း​စောင့်​စေ​ဟု စီ​ရင်၏။
ပြည်​နှင်​ဒဏ်​မှ​ပြန်​လာ​သူ​များ​စာ​ရင်း
(ဧ​ဇ၊ ၂:၁-၇၀)
4အ​ကြောင်း​မူ​ကား၊ မြို့​သည် ကျယ်​ဝန်း​သော်​လည်း နေ​သော​သူ​နည်း၍ အိမ်​များ​တို့​ကို မ​တည်​မ​ဆောက်​ကြ​သေး။
5ထို​အ​ခါ​မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ဆင်း​ရဲ​သား​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ယူ​ခြင်း​ငှာ စု​ဝေး​စေ​မည်​အ​ကြံ​ကို ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​စိတ်​နှ​လုံး​ထဲ​သို့ သွင်း​ပေး​တော်​မူ၏။ 6-7တစ်​ဖန် ငါ​တွေ့​သော​စာ​ရင်း​တည်း​ဟူ​သော၊ ရှေ့​ဦး​စွာ ရောက်​လာ​သော​သူ​တို့၏ အ​ဆွေ​အ​မျိုး​စာ​ရင်း​ချက် ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော လူ​စု​ထဲ​က​ထွက်၍ ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ အာ​ဇ​ရိ၊ ရာ​မိ၊ နာ​ဟ​မာ​နိ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပေ​ရက်၊ ဗိ​ဂ​ဝဲ၊ နေ​ဟုံ၊ ဗာ​နာ​တို့​နှင့်​အ​တူ လိုက်​လာ၍ ယေ​ရု​ရှ​လင်​မြို့​အ​စ​ရှိ​သော ယု​ဒ​ပြည်၌ အ​သီး​အ​သီး​ဆိုင်​သော မြို့​ရွာ​သို့​ရောက်​သော နိုင်​ငံ​တော်​သား၊ ဣ​သ​ရေ​လ​လူ​စာ​ရင်း​ဟူ​မူ​ကား၊ 8ပါ​ရုတ်​အ​မျိုး​သား နှစ်​ထောင်​တစ်​ရာ ခု​နစ်​ဆယ်​နှစ်​ယောက်၊ 9ရှေ​ဖ​တိ​အ​မျိုး​သား သုံး​ရာ​ခု​နစ်​ဆယ်​နှစ်​ယောက်၊ 10အာ​ရာ​အ​မျိုး​သား ခြောက်​ရာ​ငါး​ဆယ်​နှစ်​ယောက်၊ 11ပါ​ဟတ်​မော​ဘ​အ​မျိုး၊ ယော​ရှု​နှင့်​ယွာ​ဘ​အ​မျိုး​သား နှစ်​ထောင်​ရှစ်​ရာ တစ်​ဆယ်​ရှစ်​ယောက်၊ 12ဧ​လံ​အ​မျိုး​သား တစ်​ထောင်​နှစ်​ရာ ငါး​ဆယ်​လေး​ယောက်၊ 13ဇ​တ္တု​အ​မျိုး​သား ရှစ်​ရာ​လေး​ဆယ်​ငါး​ယောက်၊ 14ဇ​က္ခဲ​အ​မျိုး​သား ခု​နစ်​ရာ​ခြောက်​ဆယ်၊ 15ဗိ​နွိ​အ​မျိုး​သား ခြောက်​ရာ​လေး​ဆယ်​ရှစ်​ယောက်၊ 16ဗေ​ဗဲ​အ​မျိုး​သား ခြောက်​ရာ​နှစ်​ဆယ်​ရှစ်​ယောက်၊ 17အာ​ဇ​ဂဒ်​အ​မျိုး​သား နှစ်​ထောင်​သုံး​ရာ နှစ်​ဆယ်​နှစ်​ယောက်၊ 18အ​ဒေါ​နိ​ကံ​အ​မျိုး​သား ခြောက်​ရာ​ခြောက်​ဆယ် ခု​နစ်​ယောက်၊ 19ဗိ​ဂ​ဝဲ​အ​မျိုး​သား နှစ်​ထောင်​ခြောက်​ဆယ်​ခု​နစ်​ယောက်၊ 20အာ​ဒိန်​အ​မျိုး​သား ခြောက်​ရာ​ငါး​ဆယ်​ငါး​ယောက်၊ 21ဟေ​ဇ​ကိ​နှင့်​အာ​တာ​အ​မျိုး​သား ကိုး​ဆယ်​ရှစ်​ယောက်၊ 22ဟာ​ရှုံ​အ​မျိုး​သား သုံး​ရာ​နှစ်​ဆယ်​ရှစ်​ယောက်၊ 23ဗေ​ဇဲ​အ​မျိုး​သား သုံး​ရာ​နှစ်​ဆယ်​လေး​ယောက်၊ 24ဟာ​ရိပ်​အ​မျိုး​သား တစ်​ရာ​တစ်​ဆယ်​နှစ်​ယောက်၊ 25ဂိ​ဗောင်​အ​မျိုး​သား ကိုး​ဆယ်​ငါး​ယောက်၊ 26ဗက်​လင်​မြို့၊ နေ​တော​ဖ​မြို့​သား တစ်​ရာ​ရှစ်​ဆယ်​ရှစ်​ယောက်၊ 27အာ​န​သုတ်​မြို့​သား တစ်​ရာ​နှစ်​ဆယ်​ရှစ်​ယောက်၊ 28ဗေ​သာ​ဇ​မာ​ဝက်​မြို့​သား လေး​ဆယ်​နှစ်​ယောက်၊ 29ကိ​ရ​ယတ်​ယာ​ရိမ်​မြို့၊ ခေ​ဖိ​ရ​မြို့၊ ဗေ​ရုတ်​မြို့​သား ခု​နစ်​ရာ​လေး​ဆယ်​သုံး​ယောက်၊ 30ရာ​မ​မြို့၊ ဂါ​ဗ​မြို့​သား ခြောက်​ရာ​နှစ်​ဆယ်​တစ်​ယောက်၊ 31မိတ်​မတ်​မြို့​သား တစ်​ရာ​နှစ်​ဆယ်​နှစ်​ယောက်၊ 32ဗေ​သ​လ​မြို့၊ အာ​ဣ​မြို့​သား တစ်​ရာ​နှစ်​ဆယ်​သုံး​ယောက်၊ 33အ​ခြား​သော နေ​ဗော​မြို့​သား ငါး​ဆယ်​နှစ်​ယောက်၊ 34အ​ခြား​သော ဧ​လံ​မြို့​သား တစ်​ထောင်​နှစ်​ရာ ငါး​ဆယ်​လေး​ယောက်၊ 35ဟာ​ရိမ်​မြို့​သား သုံး​ရာ​နှစ်​ဆယ်၊ 36ယေ​ရိ​ခေါ​မြို့​သား သုံး​ရာ​လေး​ဆယ်​ငါး​ယောက်၊ 37လော​ဒ​မြို့၊ ဟာ​ဒိဒ်​မြို့၊ ဩ​နော​မြို့​သား ခု​နစ်​ရာ​နှစ်​ဆယ်​တစ်​ယောက်၊ 38သေ​နာ​မြို့​သား သုံး​ထောင်​ကိုး​ရာ​သုံး​ဆယ်​တည်း။
39ယဇ်​ပု​ရော​ဟိတ်​စာ​ရင်း​ဟူ​မူ​ကား၊ ယော​ရှု​အ​မျိုး​ထဲ​က ယေ​ဒါ​ယ​အ​မျိုး​သား ကိုး​ရာ​ခု​နစ်​ဆယ်​သုံး​ယောက်၊ 40ဣ​မေ​ရ​အ​မျိုး​သား တစ်​ထောင်​ငါး​ဆယ်​နှစ်​ယောက်၊ 41ပါ​ရှု​ရ​အ​မျိုး​သား တစ်​ထောင်​နှစ်​ရာ လေး​ဆယ်​ခု​နစ်​ယောက်၊ 42ဟာ​ရိမ်​အ​မျိုး​သား တစ်​ထောင်​တစ်​ဆယ် ခု​နစ်​ယောက်​တည်း။
43လေ​ဝိ​သား​စာ​ရင်း ဟူ​မူ​ကား၊ ဟော​ဒေ​ဝ​အ​မျိုး​ထဲ​က ယော​ရှု​အ​မျိုး​နှင့် ကာ​ဒ​မေ​လ​အ​မျိုး​သား ခု​နစ်​ဆယ်​လေး​ယောက်၊ 44သီ​ချင်း​သည်၊ အာ​သပ်​အ​မျိုး​သား တစ်​ရာ​လေး​ဆယ်​ရှစ်​ယောက်၊ 45တံ​ခါး​စောင့် ရှ​လ္လုံ​အ​မျိုး​သား၊ အာ​တာ​အ​မျိုး​သား၊ တာ​လ​မုန်​အ​မျိုး​သား၊ အ​က္ကုပ်​အ​မျိုး​သား၊ ဟ​တိ​တ​အ​မျိုး​သား၊ ရှော​ဗဲ​အ​မျိုး​သား​ပေါင်း တစ်​ရာ​သုံး​ဆယ်​ရှစ်​ယောက်​တည်း။
46ဘု​ရား​ကျွန်​ခံ​သူ၊ ဇိ​ဟ​အ​မျိုး​သား၊ ဟ​သု​ဖ​အ​မျိုး​သား၊ တ​ဗ္ဗောက်​အ​မျိုး​သား၊ 47ကေ​ရုတ်​အ​မျိုး​သား၊ သ​ယ​အ​မျိုး​သား၊ ပါ​ဒုန် အ​မျိုး​သား၊ 48လေ​ဗ​န​အ​မျိုး​သား၊ ဟာ​ဂ​ဗ​အ​မျိုး​သား၊ ရှာ​လ​မဲ အ​မျိုး​သား၊ 49ဟာ​နန်​အ​မျိုး​သား၊ ဂိ​ဒ္ဒေ​လ​အ​မျိုး​သား၊ ဂါ​ဟာ​အ​မျိုး​သား၊ 50ရာ​ယ​အ​မျိုး​သား၊ ရေ​ဇိန်​အ​မျိုး​သား၊ နေ​ကော​ဒ​အ​မျိုး​သား၊ 51ဂ​ဇ္ဇမ်​အ​မျိုး​သား၊ ဩ​ဇ​အ​မျိုး​သား၊ ပါ​သာ​အ​မျိုး​သား၊ 52ဗေ​သဲ​အ​မျိုး​သား၊ မု​နိမ်​အ​မျိုး​သား၊ နေ​ဖိ​ရှေ​သိမ်​အ​မျိုး​သား၊ 53ဗာ​က​ဗုတ်​အ​မျိုး​သား၊ ဟာ​ကု​ဖ​အ​မျိုး​သား၊ ဟာ​ရ​ဟု​ရ​အ​မျိုး​သား၊ 54ဗာ​ဇ​လိတ်​အ​မျိုး​သား၊ မေ​ဟိ​ဒ​အ​မျိုး​သား၊ ဟာ​ရ​ရှ​အ​မျိုး​သား၊ 55ဗာ​ရ​ကုတ်​အ​မျိုး​သား၊ သိ​သ​ရ​အ​မျိုး​သား၊ တာ​မ​အ​မျိုး​သား၊ 56နေ​ဇိ​အ​မျိုး​သား၊ ဟ​တိ​ဖ​အ​မျိုး​သား​တည်း။
57ရှော​လ​မုန်၏ အ​စေ​ခံ​ကျွန်၊ သော​တဲ​အ​မျိုး​သား၊ သော​ဖ​ရက်​အ​မျိုး​သား၊ ပေ​ရိ​ဒ​အ​မျိုး​သား၊ 58ယာ​လ​အ​မျိုး​သား၊ ဒါ​ကုန်​အ​မျိုး​သား၊ ဂိ​ဒ္ဒေ​လ​အ​မျိုး​သား၊ 59ရှေ​ဖ​တိ​အ​မျိုး​သား၊ ဟ​တ္တိ​လ​အ​မျိုး​သား၊ ပေါ​ခ​ရက်​အ​မျိုး​သား၊ ဇေ​ဗိမ်​အ​မျိုး​သား၊ အာ​မုန်​အ​မျိုး​သား​တည်း။ 60ဘု​ရား​ကျွန်​နှင့် ရှော​လ​မုန်၏ ကျွန်​ပေါင်း​ကား၊ သုံး​ရာ​ကိုး​ဆယ်​နှစ်​ယောက်​တည်း။
61ထို​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​အ​မျိုး မှန်​သည်၊ မ​မှန်​သည်​ကို​လည်း​ကောင်း၊ မိ​မိ​တို့​အ​ဆွေ​အ​မျိုး​ကို​လည်း​ကောင်း မ​ပြ​နိုင်​ဘဲ တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာ​ရ​ရှ​မြို့၊ ခေ​ရုပ်​မြို့၊ အ​ဒ္ဒုန်​မြို့၊ ဣ​မေ​ရ​မြို့​မှ ထွက်​သွား​သော​သူ ဟူ​မူ​ကား၊ 62ဒေ​လာ​ယ​အ​မျိုး​သား၊ တော​ဘိ​အ​မျိုး​သား၊ နေ​ကော​ဒ​အ​မျိုး​သား​ပေါင်း​ခြောက်​ရာ လေး​ဆယ်​နှစ်​ယောက်​တည်း။
63ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​ထဲ​က ဟ​ဗာ​ယ​အ​မျိုး​သား၊ ကော​ဇ​အ​မျိုး​သား၊ ဂိ​လဒ်​ပြည်​သား၊ ဗာ​ဇိ​လဲ​သ​မီး​တစ်​ယောက်​နှင့် စုံ​ဖက်၍ ယော​က္ခ​မ​အ​မည်​ကို​ရ​သော ဗာ​ဇိ​လဲ​အ​မျိုး​သား​တို့​သည်၊ 64စာ​ရင်း​ဝင်​သော​လူ​စု​တွင် မိ​မိ​တို့​စာ​ရင်း​ကို​ရှာ၍ မ​တွေ့​သော​ကြောင့်၊ အ​မျိုး​မ​စစ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို မ​ခံ​ရ​ကြ။ 65ဥ​ရိမ်​နှင့်​သု​မိမ်​ပါ​သော ယဇ်​ပု​ရော​ဟိတ် မ​ပေါ်​မီ​တိုင်​အောင် သူ​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​စား​ရ​ဟု ပြည်​အုပ်​မင်း​စီ​ရင်၏။#ထွ၊ ၂၈:၃၀၊ တရား၊ ၃၃:၈။
66ပ​ရိ​သတ်​ပေါင်း​ကား၊ လေး​သောင်း​နှစ်​ထောင် သုံး​ရာ​ခြောက်​ဆယ်​တည်း။ 67ထို​မှ​တစ်​ပါး၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ပေါင်း ခု​နစ်​ထောင်​သုံး​ရာ သုံး​ဆယ်​ခု​နစ်​ယောက်၊ သီ​ချင်း​သည် ယောက်ျား​မိန်း​မ​ပေါင်း နှစ်​ရာ​လေး​ဆယ်​ငါး​ယောက်၊ 68မြင်း​ပေါင်း ခု​နစ်​ရာ​သုံး​ဆယ်​ခြောက်​စီး၊ လား​ပေါင်း နှစ်​ရာ​လေး​ဆယ်​ငါး​စီး၊ 69ကု​လား​အုတ်​ပေါင်း လေး​ရာ​သုံး​ဆယ်​ငါး​စီး၊ မြည်း​ပေါင်း ခြောက်​ထောင်​ခု​နစ်​ရာ နှစ်​ဆယ်​တည်း။
70အ​ဆွေ​အ​မျိုး သူ​ကြီး​အ​ချို့​တို့​သည် အ​မှု​တော်​ကို​ဆောင်​ရွက်​စ​ရာ လှူ​ကြ၏။ ပြည်​အုပ်​မင်း​သည်​လည်း ရွှေ​ဒင်္ဂါး​တစ်​ထောင်၊ အင်​တုံ​ငါး​ဆယ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​စုံ ငါး​ရာ​သုံး​ဆယ်​ကို ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​လေ၏။ 71အ​ဆွေ​အ​မျိုး သူ​ကြီး​သွင်း​သော ရွှေ​ငွေ​ပေါင်း​ကား၊ ရွှေ​ဒင်္ဂါး​နှစ်​သောင်း၊ ငွေ​အ​ခွက် နှစ်​သောင်း​နှစ်​ထောင်​တည်း။ 72ကြွင်း​သော​သူ​တို့​သည်​လည်း ရွှေ​ဒင်္ဂါး​နှစ်​သောင်း၊ ငွေ​အ​ခွက်​နှစ်​သောင်း၊ ယဇ်​ပု​ရော​ဟိတ် အ​ဝတ်​စုံ ခြောက်​ဆယ်​ခု​နစ်​စုံ​ကို သွင်း​ကြ၏။ 73ထို​သို့ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ တံ​ခါး​စောင့်၊ သီ​ချင်း​သည်၊ သာ​မ​ည​လူ​အ​ချို့၊ ဘု​ရား​ကျွန်​အ​စ​ရှိ​သော ဣ​သ​ရေ​လ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့​နေ​ရာ မြို့​ရွာ​တို့၌ နေ​ရာ​ကျ​ကြ၏။#၅ ရာ၊ ၉:၂၊ နေ၊ ၁၁:၃။

Currently Selected:

နေဟမိ 7: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in