YouVersion Logo
Search Icon

ရှင်မာကု 13

13
ဗိ​မာန်​တော်​ပြို​ပျက်​မ​ည့်​အ​ကြောင်း
(မ၊ ၂၄:၁-၂။ လု၊ ၂၁:၅-၆)
1ကိုယ်​တော်​သည် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ​သော်၊ တ​ပည့်​တော်​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား ကြည့်​ရှု​တော်​မူ​ပါ။ ဧ​ရာ​ကျောက်​ကြီး​တ​ကား၊ ဧ​ရာ​တိုက်​ဆောင်​ကြီး​တ​ကား​ဟု လျှောက်​လျှင်၊- 2ယေ​ရှု​က၊ ဤ​ကြီး​စွာ​သော တိုက်​ဆောင်​တို့​ကို သင်​သည် ယ​ခု​မြင်​ရ၏။ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ မ​တည်​မ​နေ​ရ​ဟု မိန့်​တော်​မူ၏။
ဒုက္ခ​ဆင်း​ရဲ​နှင့်ညှဉ်း​ပန်းခြင်း​များ
(မ၊ ၂၄:၃-၁၄။ လု၊ ၂၁:၇-၁၉)
3ထို​နောက် သံ​လွင်​တောင်​ပေါ်​မှာ ဗိ​မာန်​တော်​ရှေ့​ရှု ထိုင်​တော်​မူ​စဉ်၊ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အ​န္ဒြေ​တို့​က၊- 4ထို​အ​မှု​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​မည်​ကို​လည်း​ကောင်း၊ ထို​အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပြည့်​စုံ​ချိန်​နီး​သော​အ​ခါ အ​ဘယ်​ပု​ပ္ပ​နိ​မိတ် ပေါ်​ထွန်း​မည်​ကို​လည်း​ကောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု အ​ခြား​သူ​မ​ပါ​ဘဲ လျှောက်​ကြ၏။- 5ယေ​ရှု​က​လည်း၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- 6အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့်၊ လူ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။- 7သင်​တို့​သည် စစ်​တိုက်​ကြောင်း​ကို​လည်း​ကောင်း၊ စစ်​တိုက်​အံ့​သော သ​တင်း​စ​ကား​ကို​လည်း​ကောင်း ကြား​ရ​သော​အ​ခါ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​ကြ​နှင့်၊ ထို​သို့​ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည် မ​ဖြစ်​သေး။
8လူ​တစ်​မျိုး​နှင့် တစ်​မျိုး၊ တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ မြေ​ကြီး​လှုပ်​ခြင်း ဖြစ်​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​ခြင်း​နှင့် မ​ငြိမ်​မ​သက်​ခြင်း​တို့​သည်​လည်း ဖြစ်​ကြ​လိမ့်​မည်။ ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး ဖြစ်​သ​တည်း။- 9သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။ ထို​သူ​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း၊ သင်​တို့​သည် ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် ရောက်​ကြ​လိမ့်​မည်။-#မ၊ ၁၀:၁၇-၂၀။ လု၊ ၁၂:၁၁-၁၂။ 10ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ရှေ့​ဦး​စွာ လူ​မျိုး​အ​ပေါင်း​တို့​အား ဟော​ရ​လိမ့်​မည်။ သင်​တို့​ကို အပ်​နှံ​ခြင်း​ငှာ ပို့​ဆောင်​ကြ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ဆို​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။- 11ရှေ့​မ​ဆွ​က မ​ဆင်​ခြင်​ကြ​နှင့်။ ထို​ခ​ဏ​ချင်း​တွင် သင်​တို့​ရ​သော​စ​ကား​ကို​သာ​ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​အ​လို​အ​လျောက် ပြော​ကြ​သည်​မ​ဟုတ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပြော​တော်​မူ၏။- 12ထို​ကာ​လ၌ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို​အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို​ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။- 13လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။#မ၊ ၁၀:၂၂။
ရွံ​ရှာ​ဖွယ်​သော​အ​ရာ
(မ၊ ၂၄:၁၅-၂၈။ လု၊ ၂၁:၂၀-၂၄)
14ပ​ရော​ဖက်​ဒံ​ယေ​လ ဟော​သည်​အ​တိုင်း၊ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် မ​နေ​သင့်​သော​အ​ရပ်၌ စိုက်​နေ​သည်​ကို သင်​တို့​မြင်​ရ​လျှင်၊ ကျမ်း​စာ​ကို ကြည့်​သော​သူ​သည် နား​လည်​ပါ​စေ။ ထို​သို့​မြင်​ရ​လျှင် ယု​ဒ​ပြည်၌​ရှိ​သော သူ​တို့​သည် တောင်​ပေါ်​သို့ ပြေး​ကြ​စေ။-#ဒံ၊ ၉:၂၇၊ ၁၁:၃၁၊ ၁၂:၁၁။ 15အိမ်​မိုး​ပေါ်​မှာ​ရှိ​သော​သူ​သည် အိမ်​ထဲ​သို့ မ​ဆင်း​စေ​နှင့်။ အိမ်​ထဲ​က တစ်​စုံ​တစ်​ခု​ကို ယူ​ခြင်း​ငှာ မ​ဝင်​စေ​နှင့်။-#လု၊ ၁၇:၃၁။ 16လယ်၌​ရှိ​သော​သူ​လည်း မိ​မိ​အ​ဝတ်​ကို​ယူ​ခြင်း​ငှာ နောက်​သို့​မ​ပြန်​စေ​နှင့်။- 17ထို​နေ့​ရက်၌ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​နှင့် နို့​စို့​သူ​ငယ်​ရှိ​သော မိန်း​မ​တို့​သည် အ​လွန်​ခက်​ကြ​လိမ့်​မည်။- 18သင်​တို့ ပြေး​ရ​သော​အ​ချိန်​သည် ဆောင်း​ကာ​လ၌ မ​ကျ​ရ​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့။- 19အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော က​မ္ဘာ​ဦး​မှ​စ၍ ယ​ခု​တိုင်​အောင်​မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော ဒု​က္ခ​သည် ထို​နေ့​ရက်​ကာ​လ၌ ဖြစ်​လိမ့်​မည်။-#ဒံ၊ ၁၂:၁။ ဗျာ၊ ၇:၁၄။ 20ထို​ကာ​လ​ကို ဘု​ရား​သ​ခင်​သည် တာ​ရှည်​စေ​လျှင်၊ အ​ဘယ်​သူ​မျှ မ​လွတ်​နိုင်​ရာ။ ရွေး​ချယ်​တော်​မူ​သော သူ​တို့​အ​ဖို့​အ​လို​ငှာ ထို​ကာ​လ​ကို တို​စေ​တော်​မူ​မည်။
21ထို​အ​ခါ သူ​တစ်​ပါး​က၊ ဤ​အ​ရပ်၌ ခ​ရစ်​တော်​ရှိ​သည်၊ ထို​အ​ရပ်၌​ရှိ​သည်​ဟု ဆို​သော်​လည်း မ​ယုံ​ကြ​နှင့်။- 22အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏ အ​ယောင်​ကို​ဆောင်​သော​သူ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​သည် ပေါ်​လာ၍၊ ရွေး​ချယ်​သော​သူ​တို့​ကိုပင် လှ​ည့်​ဖြား​နိုင်​လျှင် လှ​ည့်​ဖြား​လောက်​အောင်​နိ​မိတ်​လ​က္ခ​ဏာ အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ကြ​လိမ့်​မည်။- 23သင်​တို့​သည် သ​တိ​ပြု​ကြ​လော့။ ထို​အ​ကြောင်း​အ​ရာ ရှိ​သ​မျှ​ကို ငါ​ပြော​နှင့်​ပြီ။
လူ​သား​ကြွ​လာ​တော်​မူ​မ​ည့်​အ​ကြောင်း
(မ၊ ၂၄:၂၉-၃၁။ လု၊ ၂၁:၂၅-၂၈)
24ထို​ကာ​လ၏ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​နောက်​မှ နေ​သည် မိုက်​လိမ့်​မည်။ လ​သည် အ​ရောင်​မ​ပေး။#ဟေ​ရှာ၊ ၁၃:၁၀။ ယေ​ဇ၊ ၃၂:၇။ ယော​လ၊ ၂:၁၀၊ ၃၁၊ ၃:၁၅။ ဗျာ၊ ၆:၁၂။ 25ကောင်း​ကင်​ကြယ်​တို့​သည် ကျ​ကြ​လိမ့်​မည်။ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-#ဟေ​ရှာ၊ ၃၄:၄။ ယော​လ၊ ၂:၁၀။ ဗျာ၊ ၆:၁၃။ 26ထို​အ​ခါ လူ​သား​သည် ကြီး​စွာ​သော​ဘုန်း​တန်​ခိုး အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး၍ ကြွ​လာ​တော်​မူ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။-#ဒံ၊ ၇:၁၃။ ဗျာ၊ ၁:၇။ 27ထို​အ​ခါ လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို စေ​လွှတ်​သ​ဖြင့် မိ​မိ​ရွေး​ချယ်​သော​သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ ကောင်း​ကင်​အောက် ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍ စု​ရုံး​စေ​တော်​မူ​လ​တ္တံ့။
သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ
(မ၊ ၂၄:၃၂-၃၅။ လု၊ ၂၁:၂၉-၃၃)
28သင်္ဘော​သ​ဖန်း​ပင်​ကို အ​စွဲ​ပြု၍ ပုံ​သက်​သေ​တစ်​ခု​ကို မှတ်​ကြ​လော့။ သင်္ဘော​သ​ဖန်း​ပင်​သည် အ​ခက်​အ​လက်​နု၍ အ​ရွက်​ပေါက်​သော​အ​ခါ၊ နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သိ​ကြ၏။- 29ထို​နည်း​တူ ထို​အ​ကြောင်း​အ​ရာ​များ​ဖြစ်​သည်​ကို မြင်​ရ​လျှင်၊ လူ​သား​သည် တံ​ခါး​ဝ​တိုင်​အောင် အ​နီး​သို့ ရောက်​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။- 30ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော လူ​များ​မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။- 31ကောင်း​ကင်​နှင့် မြေ​ကြီး မ​တည်​သော်​လည်း ငါ့​စ​ကား​တည်​လိမ့်​မည်။
ထို​အ​ချိန်​နာ​ရီ​ကို​မည်​သူ​မျှ​မ​သိ
(မ၊ ၂၄:၃၆-၄၄)
32ထို​အ​ချိန်​နာ​ရီ​ကို​ကား၊ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​သိ။ ကောင်း​ကင်​တ​မန်​များ မ​သိ။ သား​တော်​လည်း မ​သိ။-#မ၊ ၂၄:၃၆။ 33ထို​အ​ချိန်​ကာ​လ​သည် အ​ဘယ်​အ​ခါ၌ ရောက်​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် သ​တိ​ပြု၍ ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။- 34ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့ သွား​မည်​အ​ကြံ​ရှိ​သည်​နှင့် မိ​မိ​အိမ်​ကို ငယ်​သား​တို့ လက်​သို့​အပ်၍၊ သူ​တို့​ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​သီး​အ​သီး ခွဲ​ခန့်​စီ​မံ၍၊ တံ​ခါး​မှူး​ကို စောင့်​နေ​စေ​ဟု မှာ​ထား​ပြီး​မှ သွား​သည်​ဖြစ်၍၊-#လု၊ ၁၂း၃၆-၃၈။ 35အိမ်​ရှင်​သည် ညဉ့်​ဦး​အ​ချိန်၊ သန်း​ခေါင်​အ​ချိန်၊ ကြက်​ဦး​တွန်​ချိန်၊ နံ​နက်​အ​ချိန်​တို့​တွင် အ​ဘယ်​အ​ချိန်၌ လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။- 36သို့​မ​ဟုတ် အ​မှတ်​တ​မဲ့​လာ၍ သင်​တို့​အိပ်​ပျော်​သည်​ကို တွေ့​လိမ့်​မည်။- 37စောင့်​နေ​ကြ​လော့​ဟု သင်​တို့​အား ငါ​ဆို​သည်​အ​တိုင်း၊ ခပ်​သိမ်း​သော​သူ​တို့​အား ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy