YouVersion Logo
Search Icon

ရှင်မာကု 10

10
လင်​မ​ယား​ကွာ​ရှင်းခြင်း
(မ၊ ၁၉:၁-၁၂။ လု၊ ၁၆:၁၈)
1ထို​အ​ရပ်​မှ ကိုယ်​တော်​သည် ထ၍ ယော်​ဒန်​မြစ်​တစ်​ဖက်​ကို လျှောက်​သွား​သ​ဖြင့် ယု​ဒ​ပြည်​စွန်း​သို့ ရောက်​တော်​မူ၏။ လူ​များ​တို့​သည် အ​ထံ​တော်၌​စု​ဝေး​ပြန်၍၊ ထုံး​စံ​ရှိ​တော်​မူ​သည်​အ​တိုင်း တစ်​ဖန် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။- 2ဖာ​ရိ​ရှဲ​တို့​သည် အ​ထံ​တော်​သို့​လာ၍၊ လူ​သည် မိ​မိ​မ​ယား​နှင့် ကွာ​အပ်​သ​လော​ဟု စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​ကြ​သော်၊- 3ယေ​ရှု​က၊ မော​ရှေ​သည် သင်​တို့​အား အ​ဘယ်​သို့ စီ​ရင်​သ​နည်း​ဟု လှန်၍ မေး​တော်​မူ​လျှင်၊- 4သူ​တို့​က၊ ဖြတ်​စာ​ကို​ပေး၍ မ​ယား​နှင့် ကွာ​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​ပါ​သည်​ဟု လျှောက်​ကြ၏။-#တ​ရား၊ ၂၄:၁-၄။ မ၊ ၅:၃၁။ 5ယေ​ရှု​က​လည်း၊ သင်​တို့​စိတ်​နှ​လုံး ခိုင်​မာ​သော​ကြောင့် မော​ရှေ​သည် ထို​ပ​ညတ်​ကို ရေး​ထား​သ​တည်း။- 6ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​စ​က ယောက်ျား​နှင့် မိန်း​မ နှစ်​ယောက်​တည်း​ကို ဖန်​ဆင်း​တော်​မူ၏။-#က၊ ၁:၂၇၊ ၅:၂။ 7ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊-#က၊ ၂:၂၄။ 8ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။ ထို​ကြောင့် လင်​မ​ယား​တို့​သည် နှစ်​ဦး​မ​ဟုတ် တစ်​ဦး​တည်း​ဖြစ်၏။- 9ဘု​ရား​သ​ခင် တွဲ​ဖက်၍ ထမ်း​ပိုး​တင်​တော်​မူ​သော​အ​ရာ​ကို လူ​မ​ခွဲ​မ​ခွာ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။
10နောက်​တစ်​ဖန် တ​ပည့်​တော်​တို့​သည် အိမ်၌​ရှိ​စဉ်၊ ထို​အ​ကြောင်း​ကို မေး​လျှောက်​ပြန်​ကြ၏။ 11ကိုယ်​တော်​က​လည်း၊ အ​ကြင်​သူ​သည် မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို​ပြ၏။ ထို​သူ​သည် မိ​မိ​မ​ယား​ကို ပြစ်​မှား၏။-#မ၊ ၅:၃၂။ ၁​ကော၊ ၇:၁၀-၁၁။ 12မိန်း​မ​သည်​လည်း မိ​မိ​လင်​နှင့်​ကွာ၍ အ​ခြား​သော​ယောက်ျား​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု​လျှင် မှား​ယွင်း​ခြင်း​သို့ ရောက်​သည်​ဟု မိန့်​တော်​မူ၏။
သူ​ငယ်​များ​ကို​ကောင်း​ချီး​ပေး​ခြင်း
(မ၊ ၁၉:၁၃-၁၅။ လု၊ ၁၈:၁၅-၁၇)
13ထို​အ​ခါ သူ​ငယ်​တို့​ကို လက်​တော်​နှင့် တို့​စေ​ခြင်း​ငှာ အ​ထံ​တော်​သို့ ဆောင်​ခဲ့​သည်​ဖြစ်၍၊ တ​ပည့်​တော်​တို့​သည် ဆောင်​ခဲ့​သော​သူ​တို့​ကို အ​ပြစ်​တင်​ကြ၏။- 14ယေ​ရှု​သည် မြင်​တော်​မူ​လျှင် အ​မျက်​တော်​ထွက်၍၊ ထို​သူ​ငယ်​တို့​ကို ငါ့​ထံ​သို့​လာ​ပါ​လေ​စေ။ မ​ဆီး​တား​ကြ​နှင့်။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။- 15ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့​မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့​မ​ဝင်​ရ​ဟု မိန့်​တော်​မူ​ပြီး​မှ၊-#မ၊ ၁၈:၃။ 16သူ​ငယ်​တို့​ကို ချီ​ပိုက်၍ သူ​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​လျက် ကောင်း​ချီး​ပေး​တော်​မူ၏။
ဥ​စ္စာ​ကြွယ်​ဝ​သူ
(မ၊ ၁၉:၁၆ -၃၀။ လု၊ ၁၈:၁၈-၃၀)
17လမ်း​မှာ​ကြွ​တော်​မူ​စဉ်​တွင် လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ပြေး၍ ဒူး​ထောက်​လျက်၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊- 18ယေ​ရှု​က၊ ငါ့​ကို​ကောင်း​မြတ်​သည်​ဟု အ​ဘယ်​ကြောင့် ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ ကောင်း​မြတ်​တော်​မူ၏။- 19သင်​သည် ပ​ညတ်​တော်​တို့​ကို သိ​သည်​မ​ဟုတ်​လော။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။ သူ့​ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့် မ​သိမ်း​နှင့်။ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့​ဟု မိန့်​တော်​မူ​လျှင်၊-#ထွ၊ ၂၀:၁၂-၁၆။ တ​ရား၊ ၅:၁၆-၂၀။ 20အ​ရှင်​ဘု​ရား၊ ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​သည် ငယ်​သော​အ​ရွယ်​မှ​စ၍ စောင့်​ရှောက်​ပါ​ပြီ​ဟု လျှောက်​ပြန်​လျှင်၊- 21ယေ​ရှု​သည်၊ ထို​သူ​ကို​ကြည့်​ရှု​လျက် ချစ်​သော​စိတ်​ရှိ၍၊ သင်​သည် တစ်​ခု​လို​သေး၏။ သွား​လော့။ ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင်၊ ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။- 22ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် မျက်​နှာ​ပျက်၍ စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။
23ယေ​ရှု​က​လည်း၊ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏​ဟု ပတ်​လည်​သို့​ကြည့်​ရှု၍ တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။- 24တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။ တစ်​ဖန်​ယေ​ရှု​က၊ ငါ​သား​တို့၊ မိ​မိ​ဥ​စ္စာ​ကို မှီ​ခို​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏။- 25ကု​လား​အုတ်​သည် အပ်​န​ဖား​ကို​လျှို​လွယ်၏။ ငွေ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​သည်​ဟု မိန့်​တော်​မူ၏။- 26ထို​သူ​တို့​သည် သာ၍​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​နိုင်​မည်​နည်း​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။- 27ယေ​ရှု​က​လည်း၊ သူ​တို့​ကို​ကြည့်​ရှု၍၊ ဤ​အ​မှု​ကို လူ​မ​တတ်​နိုင်​သော်​လည်း၊ ဘု​ရား​သ​ခင် မ​တတ်​နိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။
28ထို​အ​ခါ၊ ပေ​တ​ရု​က၊ အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​ပစ်၍ ကိုယ်​တော်​နောက်​သို့ လိုက်​ကြ​ပါ​ပြီ​ဟု လျှောက်​လေ​သော်၊- 29ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ငါ့​ကြောင့်​လည်း​ကောင်း၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်​လည်း​ကောင်း၊ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ မိ​ဘ၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို​စွန့်၏။- 30ထို​သူ​သည် အ​ဆ​တ​ရာ​သော အ​ကျိုး​တည်း​ဟူ​သော ယ​ခု​ကာ​လ၌ ညှဉ်း​ဆဲ​ခြင်း​နှင့်​တ​ကွ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ အ​မိ၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း၊ နောင်​ဘ​ဝ၌ ထာ​ဝ​ရ​အ​သက်​ကို​လည်း​ကောင်း ခံ​ရ​လ​တ္တံ့။- 31နောက်​ကျ​သော​သူ​အ​များ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​အ​များ​တို့​သည် နောက်​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။#မ၊ ၂၀:၁၆။ လု၊ ၁၃:၃၀။
အ​သေ​ခံ​ရ​မည့်​အ​ကြောင်းတတိယ​အ​ကြိမ်​ဖော်​ပြ​ခြင်း
(မ၊ ၂၀:၁၇-၁၉။ လု၊ ၁၈:၃၁-၃၄)
32ယေ​ရု​ရှ​လင်​မြို့​သို့ တက်​သွား​ကြ​ရာ၊ လမ်း​မှာ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ရှေ့၌ ကြွ​တော်​မူ​စဉ်၊ သူ​တို့​သည် မိန်း​မော​တွေ​ဝေ၍ ကြောက်​ရွံ့​သော​စိတ်​နှင့် လိုက်​ကြ၏။ ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​တို့​ကို တစ်​ဖန်​ခေါ်၍၊ ငါ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ယ​ခု​သွား​ကြ၏။- 33လူ​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​သူ​တို့​သည် သေ​ပြစ်​ကို စီ​ရင်၍ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။- 34သူ​တို့​သည်​လည်း လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ တံ​တွေး​နှင့်​ထွေး​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ပြု​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ၍ မိ​မိ​ကိုယ်၌​ရောက်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​ကို တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။
ယာ​ကုပ်​နှင့်​ယော​ဟန်
(မ၊ ၂၀:၂၀-၂၈)
35ထို​အ​ခါ ဇေ​ဗေ​ဒဲ၏​သား ယာ​ကုပ်​နှင့် ယော​ဟန်​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​တောင်း​သော ဆု​ကျေး​ဇူး​ကို ပြု​တော်​မူ​စေ​ချင်​ပါ​သည်​ဟု လျှောက်​လေ၏။- 36ကိုယ်​တော်​က၊ ငါ​သည်​သင်​တို့​ကို အ​ဘယ်​သို့ ပြု​စေ​ချင်​သ​နည်း​ဟု မေ​တော်​မူ​သော်၊- 37ကိုယ်​တော်​သည် ဘုန်း​ပွင့်​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​တို့​သည် လက်​ယာ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌ တစ်​ယောက် ထိုင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- 38ယေ​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​တောင်း​ပန်​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​သော​ခွက်​ကို သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊-#လု၊ ၁၂:၅၀။ 39အ​ကျွန်ုပ်​တို့​သည် တတ်​စွမ်း​နိုင်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က၊ ငါ​သောက်​သော​ခွက်​ကို သင်​တို့​သည် သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို​လည်း သင်​တို့​သည် ခံ​ရ​ကြ​လိမ့်​မည်။- 40သို့​သော်​လည်း ငါ့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ထိုင်​ရ​သော​အ​ခွင့်​ကို​ကား အ​ကြင်​သူ​တို့​အ​ဖို့​အ​လို​ငှာ ပြင်​ဆင်၏၊ ထို​သူ​တို့​အား​သာ ငါ​ပေး​ပိုင်​သည်​ဟု မိန့်​တော်​မူ၏။
41အ​ခြား​သော တ​ပည့်​တော်​တစ်​ကျိပ်​တို့​သည် ကြား​သိ​လျှင်၊ ယာ​ကုပ်​နှင့် ယော​ဟန်​တို့​ကို အ​မျက်​ထွက်​ကြ၏။- 42ယေ​ရှု​သည် ထို​သူ​တို့​ကို​ခေါ်​တော်​မူ၍၊ သင်​တို့​သိ​သည်​အ​တိုင်း လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ​ပြု​တတ်​ကြ၏။ အ​ကဲ​အ​မှူး​တို့​သည် အာ​ဏာ​ထား​တတ်​ကြ၏။-#လု၊ ၂၂:၂၅-၂၆။ 43သင်​တို့​မူ​ကား၊ ထို​သို့​မ​ပြု​ကြ​နှင့်။ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​သည် သင်​တို့​အ​စေ​ခံ ဖြစ်​ရ​မည်။-#မ၊ ၂၃:၁၁။ မာ၊ ၉:၃၅။ လု၊ ၂၂:၂၆။ 44သင်​တို့​တွင် အ​ထွဋ်​အ​မြတ်​လုပ်​ချင်​သော​သူ​သည်​လည်း အ​လုံး​စုံ​တို့၏​စေ​ခိုင်း​ရာ ကျွန်​ဖြစ်​ရ​မည်။- 45အ​ကြောင်း​မူ​ကား၊ လူ​သား​သည် သူ​တစ်​ပါး​ကို စေ​စား​ခြင်း​ငှာ​မ​လာ၊ သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။
ဗာ​တိ​မဲ​ကို​မျက်​စိ​မြင်​စေ​ခြင်း
(မ၊ ၂၀:၂၉-၃၄။ လု၊ ၁၈:၃၅-၄၃)
46ယေ​ရိ​ခေါ​မြို့​သို့ ရောက်​ကြ​လျှင်၊ တ​ပည့်​တော်​တို့​မှ​စ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ထို​မြို့​မှ ထွက်​ကြွ​တော်​မူ​စဉ်​တွင်၊ တိ​မဲ၏​သား ဗာ​တိ​မဲ​အ​မည်​ရှိ​သော လူ​ကန်း​သည် လမ်း​နား​မှာ​ထိုင်၍ တောင်း​စား​လေ၏။- 47နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ရှိ​ကြောင်း​ကို ကြား​ရ​လျှင်၊ ဒါ​ဝိဒ်၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။- 48ထို​သူ​ကို တိတ်​ဆိတ်​စွာ​နေ​စေ​ခြင်း​ငှာ လူ​အ​များ​တို့​သည် ငေါက်၍​ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်၏​သား​တော်၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု သာ၍ ဟစ်​ကြော်​လေ​သော်၊- 49ယေ​ရှု​သည် ရပ်​တော်​မူ​လျက်၊ ထို​သူ​ကို​ခေါ်​ခဲ့​ဟု အ​မိန့်​တော်​ရှိ၏။ သူ​တစ်​ပါး​တို့​သည် လူ​ကန်း​ကို​ခေါ်၍ မ​စိုး​ရိမ်​နှင့်၊ ထ​လော့။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု ဆို​ကြ၏။- 50ထို​သူ​သည် မိ​မိ​အ​ဝတ်​ကို ပစ်​ချ​ထား​ပြီး​လျှင်၊ ထ၍ ယေ​ရှု​ထံ​တော်​သို့​သွား၏။- 51ယေ​ရှု​က​လည်း၊ သင်၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- 52အ​ရှင်​ဘု​ရား အ​ကျွန်ုပ်​မျက်​စိ​မြင်​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​ဟု လူ​ကန်း​လျှောက်​လေ​သော်၊ ယေ​ရှု​က၊ သွား​လော့။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​မ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် ထို​သူ​သည် မျက်​စိ​မြင်၍ လမ်း၌​နောက်​တော်​သို့ လိုက်​လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy