YouVersion Logo
Search Icon

မိက္ခာ 5

5
1ယ​ခု​မူ​ကား၊ အို ဗိုလ်​ခြေ​သ​တို့​သ​မီး၊ စည်း​ဝေး၍ ခင်း​ကျင်း​လော့။ ငါ​တို့​ကို ဝိုင်း​ထား​ကြ​ပြီ။ ဣ​သ​ရေ​လ​မင်း၏​ပါး​ကို ကြိမ်​လုံး​နှင့် ရိုက်​ကြ​ပြီ​တ​ကား။
ဗက်​လင်​မြို့​မှ​ဘု​ရင်​ပေါ်​ထွန်း​မည်
2အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။#မ၊ ၂:၆။ ယော၊ ၇:၄၂။ 3သို့​ဖြစ်၍၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော မိန်း​မ​သည် မ​ဖွား​မီ​တိုင်​အောင်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ ကျန်​ကြွင်း​သော ညီ​အစ်​ကို​တို့​သည် မ​ပြောင်း​လဲ​မီ တိုင်​အောင်​လည်း​ကောင်း၊ သူ​တို့​ကို စွန့်​ပစ်​တော်​မူ​လိမ့်​မည်။ 4ထို​သ​ခင်​သည် ရပ်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​စွမ်း​သ​တ္တိ​နှင့်​လည်း​ကောင်း၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော် တန်​ခိုး​အာ​နု​ဘော်​နှင့်​လည်း​ကောင်း၊ မိ​မိ​သိုး​စု​ကို ကျွေး​မွေး​လိမ့်​မည်။ သူ​တို့​သည်​လည်း တည်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် အ​စိုး​ရ၍၊ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ​လိမ့်​မည်။
ကယ်​နုတ်​ခြင်း​နှင့်ဒဏ်​ခတ်​ခြင်း
5အာ​ရှု​ရိ​လူ​သည် ငါ​တို့​ပြည်​သို့​လာ၍၊ ငါ​တို့ ဘုံ​ဗိ​မာန်​များ​ကို​နင်း​သော​အ​ခါ၊ သိုး​ထိန်း​ခု​နစ်​ပါး​နှင့် လူ​ကြီး​ရှစ်​ပါး​တို့​သည် ငါ​တို့​တွင် ပေါ်​ထွန်း၍၊ 6ဓား​လက်​နက်​ဖြင့် အာ​ရှု​ရိ​ပြည်​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး​ဝ​အ​တွင်း၌ နိမ်​ရော​ဓ​နိုင်​ငံ​ကို​လည်း​ကောင်း သုတ်​သင် ပယ်​ရှင်း​သော​အား​ဖြင့်၊ ငါ​တို့​ပြည်​သို့​လာ၍၊ ငါ​တို့​နယ်​အ​တွင်း​တွင် နင်း​သော အာ​ရှု​ရိ​လူ၏​လက်​မှ ငါ​တို့​ကို ကယ်​လွှတ်​လိမ့်​မည်။#က၊ ၁၀:၈-၁၁။
7ကျန်​ကြွင်း​သော ယာ​ကုပ်​အ​မျိုး​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား အ​များ​တို့​တွင်​နေ၍၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော နှင်း​ကဲ့​သို့​လည်း​ကောင်း၊ လူ​ကို​မ​ငံ့​လင့်၊ လူ​သား​တို့၏ အ​လို​သို့​မ​လိုက်​သော မိုး​ရေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ 8ကျန်​ကြွင်း​သော ယာ​ကုပ်​အ​မျိုး​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား အ​များ​တို့​တွင်​နေ၍၊ တော​သား​ရဲ​တို့​တွင် ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ သိုး​စု​တို့​တွင် ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ ခြင်္သေ့​ဝင်​သော​အ​ခါ အ​ဘယ်​သူ​မျှ မ​ကယ်​နုတ်​နိုင်​အောင် နင်း၍ ကိုက်​စား​တတ်၏။ 9သင်၏​ရန်​ဘက်၌ နေ​သော​သူ​တို့​ကို သင်​တိုက်၍၊ ရန်​သူ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ 10ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ သင်၏​မြင်း​တို့​ကို သင့်​အ​လယ်​က ငါ​ပယ်​ရှင်း၍၊ သင်၏ ရ​ထား​တို့​ကို​လည်း ဖျက်​ဆီး​မည်။ 11သင်၏​ပြည်၌ မြို့​ရိုး​တို့​ကို ငါ​ပယ်​ရှင်း၍၊ သင်၏​ရဲ​တိုက်​ရှိ​သ​မျှ​တို့​ကို ဖြို​ဖျက်​မည်။ 12သင်၏​နယ်၌ စုန်း​လုပ်​သော​သူ​တို့​ကို ငါ​ပယ်​ရှင်း၍၊ သင်၌ ဗေ​ဒင်​ဟော​သော​သူ​မ​ရှိ​ရ။ 13ထု​လုပ်​သော ရုပ်​တု​ဆင်း​တု​တို့​ကို သင့်​အ​လယ်​က ငါ​ပယ်​ရှင်း၍၊ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​ကို နောက်​တစ်​ဖန် သင်​မ​ကိုး​ကွယ်​ရ။ 14အာ​ရှ​ရ​ပင်​တို့​ကို​လည်း သင့်​အ​လယ်၌ ငါ​နုတ်၍၊ သင်၏​မြို့​တို့​ကို​လည်း ငါ​ဖျက်​ဆီး​မည်။ 15ငါ့​စ​ကား​ကို နား​မ​ထောင်​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို ပြင်း​စွာ​အ​မျက်​ထွက်၍ အ​ပြစ်​ဒဏ်​ကို ငါ​စီ​ရင်​မည်။

Currently Selected:

မိက္ခာ 5: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in