YouVersion Logo
Search Icon

ရှင်မဿဲ 19

19
လင်​မ​ယား​ကွာ​ရှင်း​ခြင်း
(​မာ၊ ၁၀:၁-၁၂။)
1ထို​ဒေ​သ​နာ​တော်​ကို ယေ​ရှု​သည်​အ​ကုန်​အ​စင် ဟော​တော်​မူ​ပြီး​လျှင်၊ ဂါ​လိ​လဲ​ပြည်​မှ​ပြောင်း၍ ယု​ဒ​ပြည်​စွန်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကြွ​တော်​မူ၏။- 2လူ​များ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သည်​ဖြစ်၍၊ ထို​အ​ရပ်၌ အ​နာ​ရော​ဂါ​များ​ကို ငြိမ်း​စေ​တော်​မူ၏။- 3ဖာ​ရိ​ရှဲ​တို့​သည် အ​ထံ​တော်​သို့​လာ၍ လူ​သည် ခပ်​သိမ်း​သော​အ​ပြစ်​ကြောင့် မိ​မိ​မ​ယား​နှင့် ကွာ​အပ်​သ​လော​ဟု စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​ကြ​သော်၊- 4ကိုယ်​တော်​က၊ အ​စ​အ​ဦး၌ ဖန်​ဆင်း​တော်​မူ​သော​သူ​သည် ယောက်ျား​နှင့် မိန်း​မ​နှစ်​ယောက်​တည်း​ကို ဖန်​ဆင်း​တော်​မူ၏။-#က၊ ၁:၂၇၊ ၅:၂။ 5ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်​ဟု ကျမ်း​ဆို​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​သ​လော။-#က၊ ၂:၂၄။ 6ထို​ကြောင့် လင်​မ​ယား​တို့​သည် နှစ်​ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း​ဖြစ်၏။ ဘု​ရား​သ​ခင်​ဖက်​စပ်၍ ထမ်း​ပိုး​တင် တော်​မူ​သော​အ​ရာ​ကို လူ​မ​ခွဲ​မ​ခွာ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။- 7ဖာ​ရိ​ရှဲ​တို့​က​လည်း၊ ထို​သို့​မှန်​လျှင် ဖြတ်​စာ​ကို​ပေး၍ မ​ယား​နှင့်​ကွာ​စေ​ခြင်း​ငှာ မော​ရှေ​သည် အ​ဘယ်​ကြောင့် စီ​ရင်​သ​နည်း​ဟု လျှောက်​ကြ​သော်၊-#တ​ရား၊ ၂၄:၁-၄။ မ၊ ၅:၃၁။ 8ကိုယ်​တော်​က၊ သင်​တို့​စိတ်​နှ​လုံး ခိုင်​မာ​သော​ကြောင့် မ​ယား​နှင့် ကွာ​ရ​သော​အ​ခွင့်​ကို မော​ရှေ​သည် စီ​ရင်၏။ အ​စ​အ​ဦး၌ ထို​သို့​မ​ဟုတ်။- 9ငါ​ပ​ညတ်​သည်​ကား၊ မှား​ယွင်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​သော​အ​ကြောင်း​ဖြင့် မိ​မိ​မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့်​စုံ​ဖက်​သော​သူ​သည် မိ​မိ​မ​ယား​ကို​ပြစ်​မှား၏။ ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​သော​သူ​သည်​လည်း သူ့​မ​ယား​ကို​ပြစ်​မှား​သည်​ဟု မိန့်​တော်​မူ၏။#မ၊ ၅:၃၂။ ၁​ကော၊ ၇:၁၀-၁၁။
10တ​ပည့်​တော်​တို့​က​လည်း၊ လင်​မ​ယား​အ​မှု​သည် ဤ​သို့​ဖြစ်​လျှင် စုံ​ဖက်​ခြင်း​ကို မ​ပြု​ကောင်း​ပါ​ဟု လျှောက်​ကြ၏။- 11ကိုယ်​တော်​က​လည်း၊ ထို​စ​ကား​ကို လူ​တိုင်း​မ​ခံ​မ​ယူ​နိုင်။ အ​ခွင့်​ရ​သော​သူ​တို့​သာ ခံ​ယူ​နိုင်​ကြ၏။- 12လူ​အ​ချို့​တို့​သည် အ​မိ​ဝမ်း​တွင်း​က​ပင် မိန်း​မ​လျှာ​ဖြစ်​ကြ၏။ အ​ချို့​တို့​သည် သူ​တစ်​ပါး​ဆုံး​မ၍ မိန်း​မ​လျှာ ဖြစ်​ကြ၏။ အ​ချို့​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​အ​ဖို့ အ​လို့​ငှာ မိ​မိ​ကိုယ်​ကို​ဆုံး​မ၍ မိန်း​မ​လျှာ​ဖြစ်​ကြ၏။ ထို​စ​ကား​ကို ခံ​ယူ​နိုင်​သော​သူ​သည် ခံ​ယူ​စေ​ဟု မိန့်​တော်​မူ၏။
သူ​ငယ်​များ​ကို​ကောင်း​ချီး​ပေး​ခြင်း
(​မာ၊ ၁၀:၁၃-၁၆။ လု၊ ၁၈:၁၅-၁၇။)
13ထို​အ​ခါ သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်၍ မေ​တ္တာ​ပို့​တော်​မူ​စေ​ခြင်း​ငှာ အ​ထံ​တော်​သို့ ဆောင်​ခဲ့​သည်​ဖြစ်၍ တ​ပည့်​တော်​တို့​သည် အ​ပြစ်​တင်​ကြ၏။- 14ယေ​ရှု​က​လည်း၊ ထို​သူ​ငယ်​တို့​ကို ရှိ​စေ​တော့။ ငါ့​ထံ​သို့​လာ​သည်​ကို မ​ဆီး​တား​ကြ​နှင့်။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့၏ နိုင်​ငံ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၍၊- 15သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​ပြီး​လျှင်၊ ထို​အ​ရပ်​မှ ကြွ​သွား​တော်​မူ၏။
ဥ​စ္စာ​ကြွယ်​ဝ​သူ
(​မာ၊ ၁၀:၁၇-၃၁။ လု၊ ၁၈:၁၈-၃၀။)
16ထို​နောက်​လူ​တစ်​ယောက်​သည် ချဉ်း​ကပ်၍၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​ကောင်း​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊- 17ငါ့​ကို​ကောင်း​မြတ်​သည်​ဟု အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ ကောင်း​မြတ်​တော်​မူ၏။ အ​သက်​ရှင်​ခြင်း​သို့ ဝင်​စား​လို​လျှင် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့​ဟု မိန့်​တော်​မူ၏။- 18အ​ဘယ်​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ရ​မည်​နည်း​ဟု လျှောက်​ပြန်​သော်၊ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။-#ထွ၊ ၂၀:၁၃-၁၆။ တ​ရား၊ ၅:၁၇-၂၀။ 19မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့​ဟု မိန့်​တော်​မူ၏။-#ထွ၊ ၂၀:၁၂။ တ​ရား၊ ၅:၁၆။ ဝတ်၊ ၁၉:၁၈။ 20ထို​လု​လင်​က​လည်း၊ ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​သည် ငယ်​သော​အ​ရွယ်​မှ​စ၍​စောင့်​ရှောက်​ပါ​ပြီ။ အ​ဘယ်​အ​ကျင့် လို​သေး​သ​နည်း​ဟု လျှောက်​ပြန်​လေ၏။- 21ယေ​ရှု​က​လည်း၊ သင်​သည်​စုံ​လင်​ခြင်း​သို့ ရောက်​လို​လျှင် သွား​လော့။ ကိုယ်​ဥ​စ္စာ​များ​ကို​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​ပြီး​မှ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။- 22ထို​လု​လင်​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။
23ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ငွေ​ရ​တတ်​သော​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​လှ၏။- 24တစ်​ဖန် ငါ​ဆို​သည်​ကား၊ ကု​လား​အုတ်​သည် အပ်​န​ဖား​ကို လျှို​လွယ်၏။ ငွေ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​သည်​ဟု တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ၏။- 25ထို​သူ​တို့​သည်​ကြား​လျှင် အ​လွန်​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​နိုင်​မည်​နည်း​ဟု ပြော​ဆို​ကြ၏။- 26ယေ​ရှု​သည်​လည်း သူ​တို့​ကို​ကြည့်​ရှု၍ ဤ​အ​မှု​ကို လူ​မ​တတ်​နိုင်။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော အ​မှု​တို့​ကို တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။
27ထို​အ​ခါ ပေ​တ​ရု​က၊ အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​ပစ်၍ ကိုယ်​တော်​နောက်​သို့ လိုက်​ကြ​ပါ​ပြီ။ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​ပါ​မည်​နည်း​ဟု လျှောက်​လေ​သော်၊- 28ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​သော​ကာ​လ၌ လူ​သား​သည် ဘုန်း​ရှိ​သော ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​အ​ခါ၊ ငါ့​နောက်​သို့​လိုက်​ကြ​သော သင်​တို့​သည် တစ်​ဆယ်​နှစ်​ခု​သော ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ဣ​သ​ရေ​လ​လူ တစ်​ဆယ်​နှစ်​မျိုး​ကို စစ်​ကြော​စီ​ရင်​ရ​ကြ​လ​တ္တံ့။-#မ၊ ၂၅:၃၁။ လု၊ ၂၂:၃၀။ 29အ​ကြင်​သူ​သည် ငါ၏​နာ​မ​ကြောင့် အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ မိ​ဘ၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို​စွန့်၏။ ထို​သူ​သည် အ​ဆ​တစ်​ရာ သော​အ​ကျိုး​ကို ရ၍ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​လ​တ္တံ့။- 30နောက်​ကျ​သော​သူ အ​များ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​အ​များ​တို့​သည် နောက်​ကျ​ကြ​လိမ့်​မည်။#မ၊ ၂၀:၁၆။ လု၊ ၁၃:၃၀။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in