YouVersion Logo
Search Icon

ရှင်မဿဲ 14

14
ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ကွယ်​လွန်​ခြင်း
(​မာ၊ ၆:၁၄-၂၉။ လု၊ ၉:၇-၉။)
1ထို​အ​ခါ စော်​ဘွား​ဟေ​ရုဒ်​သည် ယေ​ရှု၏ သ​တင်း​တော်​ကို​ကြား​လျှင်၊- 2ဤ​သူ​ကား ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ။ ထို​ကြောင့် တန်​ခိုး​များ​ကို ပြ​နိုင်​သည်​ဟု မိ​မိ​ငယ်​သား​တို့​အား ဆို၏။- 3အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ​ဖိ​လိ​ပ္ပု၏​ခင်​ပွန်း ဟေ​ရော​ဒိ​အ​ကြောင်း​ကြောင့်၊ ယော​ဟန်​ကို ဖမ်း​ဆီး​ချည်​နှောင်၍ ထောင်​ထဲ​မှာ လှောင်​ထား၏။-#လု၊ ၃:၁၉-၂၀။ 4အ​ကြောင်း​မူ​ကား၊ ယော​ဟန်​က၊ အ​ရှင်​မင်း​ကြီး​သည် ထို​မိန်း​မ​ကို မ​သိမ်း​အပ်​ဟု ဟေ​ရုဒ်​အား​ဆို​လေ​ပြီ။-#ဝတ်၊ ၁၈:၁၆၊ ၂၀:၂၁။ 5ယော​ဟန်​ကို​သတ်​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း၊ လူ​အ​ပေါင်း​တို့၏​မျက်​နှာ​ကို ထောက်၍ မ​သတ်​ဝံ့​ဘဲ​နေ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ​သ​တည်း။
6ထို​နောက်​မှ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ခံ​စဉ်​တွင်၊ ဟေ​ရော​ဒိ၏​သ​မီး​သည် ပွဲ​သ​ဘင်၌ က​သ​ဖြင့် ဟေ​ရုဒ်​သည် နူး​ညွတ်​သော​စိတ်​ရှိ​လျှင်၊- 7ငါ​သည် သင်​တောင်း​သ​မျှ​ကို ပေး​မည်​ဟု ကျိန်​ဆို​လေ၏။- 8ထို​မိန်း​မ​ငယ်​သည် သူ၏​အ​မိ တိုက်​တွန်း​သည်​အ​တိုင်း၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို ဤ​လင်​ပန်း၌ ပေး​တော်​မူ​ပါ​ဟု တောင်း​လျှောက်၏။- 9မင်း​ကြီး​သည် ဝမ်း​နည်း​သော်​လည်း ကျိန်​ဆို​ခြင်း​ကို​လည်း​ကောင်း၊ အ​ပေါင်း​အ​ဖော်​တို့၏ မျက်​နှာ​ကို​လည်း​ကောင်း ထောက်​သော​ကြောင့် ပေး​စေ​ဟု အ​မိန့်​တော်​ရှိ​လျက်၊- 10လူ​ကို​စေ​လွှတ်၍ ယော​ဟန်၏​လည်​ပင်း​ကို ထောင်​ထဲ​မှာ ဖြတ်​စေ၏။- 11ဦး​ခေါင်း​ကို လင်​ပန်း၌​ဆောင်​ခဲ့၍ ထို​မိန်း​မ​ငယ်​အား ပေး​ပြီး​မှ၊ သူ​သည်​လည်း မိ​မိ​အ​မိ​ထံ​သို့ ယူ​သွား၏။- 12ယော​ဟန်၏​တ​ပည့်​တို့​သည်​လည်း လာ၍ အ​လောင်း​ကို ဆောင်​သွား​သ​ဖြင့် သင်္ဂြိုဟ်​ပြီး​မှ၊ ယေ​ရှု​ထံ​တော်​သို့ သွား၍ ကြား​လျှောက်​ကြ၏။
လူ​ငါး​ထောင်​ကို​ကျွေး​မွေး​ခြင်း
(​မာ၊ ၆:၃၀-၄၄။ လု၊ ၉:၁၀-၁၇။ ယော၊ ၆:၁-၁၄။)
13ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ထို​အ​ရပ်​မှ​ထွက်၍ လှေ​ကို​စီး​လျက် တော၌​ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် ကြား​သိ​ရ​လျှင်၊ မြို့​ရွာ​မှ​ထွက်၍ ကုန်း​ကြောင်း​လိုက်​ကြ၏။- 14ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ သ​နား​ခြင်း​စိတ်​တော်​ရှိ၍ လူ​နာ​ရှိ​သ​မျှ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။
15ညဉ့်​ဦး​ယံ၌ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏။ မိုး​လည်း ချုပ်​ပါ​ပြီ။ လူ​အ​စု​အ​ဝေး​တို့​သည် မြို့​ရွာ​သို့​သွား၍ စား​စ​ရာ​ကို​ဝယ်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- 16ယေ​ရှု​က၊ သွား​ရ​သော​အ​ကြောင်း​မ​ရှိ။ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။- 17တ​ပည့်​တော်​တို့​က​လည်း၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး အ​ဘယ်​စား​စ​ရာ​မျှ အ​ကျွန်ုပ်​တို့၌​မ​ရှိ​ပါ​ဟု လျှောက်​ပြန်​လျှင်၊ ထို​မုန့်​နှင့် ငါး​ကို ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- 18ထို​အ​ခါ လူ​အ​စု​အ​ဝေး​တို့​ကို မြက်​ပင်​ပေါ်​မှာ လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- 19မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​လည်း​ယူ၍ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​နှင့် ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- 20တ​ပည့်​တော်​တို့​သည်​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။ လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။- 21စား​သော​သူ အ​ရေ​အ​တွက်​ကား၊ မိန်း​မ​နှင့် သူ​ငယ်​ကို မ​ဆို​ဘဲ၊ ယောက်ျား​ငါး​ထောင်​မျှ​လောက် ရှိ​သ​တည်း။
အိုင်​ပေါ်​မှာ​စက်​တော်​ဖြန့်​ခြင်း
(​မာ၊ ၆:၄၅-၅၂။ ယော၊ ၆:၁၅-၂၁။)
22ယေ​ရှု​သည် စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင်၊ တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက်​သို့ အ​ရင် ကူး​စေ​တော်​မူ၏။- 23စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​ပြီး​မှ ဆု​တောင်း​ပ​တ္ထ​နာ ပြု​အံ့​သော​ငှာ တောင်​ပေါ်၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ တက်​ကြွ​သ​ဖြင့်၊ ည​အ​ချိန် ရောက်​သော​အ​ခါ၊ တစ်​ယောက်​တည်း ရှိ​နေ​တော်​မူ၏။- 24လှေ​မူ​ကား အိုင်​အ​လယ်၌​ရှိ၍ လေ​မ​သင့်​သော​ကြောင့် လှိုင်း​တံ​ပိုး​လှုပ်​ရှား​ခြင်း​ကို ပြင်း​စွာ​ခံ​ရ၏။- 25ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ ယေ​ရှု​သည် အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်​လျက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ကြွ​တော်​မူ၏။- 26ထို​သို့ အိုင်​ပေါ်​မှာ​စက်​တော်​ဖြန့်၍ ကြွ​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်​လျှင် ထိတ်​လန့်၍၊ ဖုတ်​တ​စ္ဆေ​ဖြစ်​သည်​ဟု ကြောက်​သော​စိတ်​နှင့် အော်​ဟစ်​ကြ၏။- 27ယေ​ရှု​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်။ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။- 28ပေ​တ​ရု​က​လည်း၊ သ​ခင် ကိုယ်​တော်​မှန်​လျှင် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ ရေ​ပေါ်​မှာ လာ​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊- 29လာ​ခဲ့​လော့​ဟု မိန့်​တော်​မူ၏။ ပေ​တ​ရု​သည် လှေ​ပေါ်​က​ဆင်း၍ ယေ​ရှု​ထံ​သို့​ရောက်​အံ့​သော​ငှာ ရေ​ပေါ်​မှာ လှမ်း​သွား၏။- 30လေ​ပြင်း​သည်​ကို​မြင်​လျှင် ကြောက်​လန့်၍ နစ်​မွန်း​လု​သည်​ရှိ​သော်၊ ကယ်​မ​တော်​မူ​ပါ​သ​ခင်​ဟု ဟစ်​ကြော်​လေ၏။- 31ယေ​ရှု​သည် လက်​တော်​ကို ချက်​ချင်း​ဆန့်၍ ပေ​တ​ရု​ကို ကိုင်​တော်​မူ​လျက်၊ ယုံ​ကြည်​အား​နည်း​သော​သူ၊ အ​ဘယ်​ကြောင့် ယုံ​မှား​သော​စိတ် ဝင်​သ​နည်း​ဟု မေး​တော်​မူ၏။- 32လှေ​ပေါ်​သို့​ရောက်​ကြ​လျှင် လေ​သည် ငြိမ်း​လေ၏။- 33လှေ​သား​တို့​သည် ချဉ်း​ကပ်၍၊ စင်​စစ်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပါ​သည်​ဟု ညွတ်​ပြပ်၍ လျှောက်​ကြ၏။
ဖျား​နာ​သူ​များ​ကို​ကျန်း​မာ​စေ​ခြင်း
(​မာ၊ ၆:၅၃-၅၆။)
34ကမ်း​တစ်​ဖက်​သို့​ကူး​လျှင် ဂင်္နေ​သ​ရက်​နယ်​သို့ ရောက်​ကြ၏။- 35ထို​အ​ရပ်​သား​တို့​သည် မျက်​နှာ​တော်​ကို မှတ်​မိ​လျှင်၊ ပတ်​ဝန်း​ကျင်​အ​ရပ် ရှိ​သ​မျှ​သို့ စေ​လွှတ်​သ​ဖြင့် လူ​နာ​ရှိ​သ​မျှ​တို့​ကို ဆောင်​ခဲ့၍၊- 36အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ​သာ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy