YouVersion Logo
Search Icon

ရှင်လုကာ 23

23
ပိ​လတ်​မင်း​ထံ​သို့​ပို့​ဆောင်​ခြင်း
(မ၊ ၂၇:၁-၂၊ ၁၁-၁၄။ မာ၊ ၁၅:၁-၅။ ယော၊ ၁၈:၂၈-၃၈)
1ထို​အ​ခါ မင်း​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည်​ထ၍ ကိုယ်​တော်​ကို ပိ​လတ်​မင်း​ထံ​သို့ ဆောင်​သွား​ကြ​ပြီး​လျှင်၊- 2ဤ​သူ​သည် ပြည်​သူ​ပြည်​သား​များ​ကို လှည့်​ဖြား၍၊ မိ​မိ​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​ကြောင်း​ကို​ဆို​လျက်၊ ကဲ​သာ​ဘု​ရင်​ကို အ​ခွန်​မ​ဆက်​နှင့်​ဟု မြစ်​တား​သည်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ​ဟု အ​ပြစ်​တင်​ကြ၏။- 3ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​သ​လော​ဟု ယေ​ရှု​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။- 4ပိ​လတ်​မင်း​က၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ဟု ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ပေါင်း​တို့​အား ပြော​ဆို​လျှင်၊- 5ထို​သူ​တို့​သည် သာ၍​ပြင်း​စွာ​သော​အ​သံ​နှင့် ဟစ်​ကြော်​လျက်၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည်​မှ​စ၍ ဤ​အ​ရပ်​တိုင်​အောင် ယု​ဒ​ပြည်၌ အ​နှံ့​အ​ပြား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ လူ​များ​ကို​နှိုး​ဆော်​သော​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။
ဟေ​ရုဒ်​မင်း​ထံ​ကို​ပို့​ဆောင်​ခြင်း
6ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​ဟူ​သော​စ​ကား​ကို​ကြား​လျှင်၊ ထို​သူ​သည် ဂါ​လိ​လဲ​လူ​ဖြစ်​သ​လော​ဟု မေး​မြန်း၍၊- 7ဟေ​ရုဒ်​မင်း​ပိုင်​သော သူ​ဖြစ်​သည်​ကို သိ​သော​အ​ခါ ထို​မင်း​ထံ​သို့ ပို့​စေ၏။ ထို​အ​ခါ ဟေ​ရုဒ်​မင်း​သည် ယေ​ရု​ရှ​လင်​မြို့၌ ရှိ​သ​တည်း။
8ထို​မင်း​သည် ယေ​ရှု​ကို​မြင်​လျှင် အ​လွန်​ဝမ်း​မြောက်​ခြင်း​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​ထက်​က သ​တင်း​တော်​များ​ကို​ကြား၍၊ ကိုယ်​တော်​ကို​မြင်​ခြင်း​ငှာ ကြာ​မြင့်​စွာ အ​လို​ရှိ​သည်​ဖြစ်၍၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တစ်​စုံ​တစ်​ခု​ကို မြင်​ရ​မည်​ဟု မျှော်​လင့်​လျက်​နေ၏။- 9ထို​အ​ခါ ဟေ​ရုဒ်​မင်း​သည် ကိုယ်​တော်​ကို များ​စွာ​မေး​မြန်း​သော်​လည်း အ​ဘယ်​စ​ကား​ကို​မျှ ပြန်​တော်​မ​မူ။- 10ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ထ၍ ပြင်း​ထန်​စွာ အ​ပြစ်​တင်​ကြ၏။- 11ဟေ​ရုဒ်​မင်း​သည် စစ်​သူ​ရဲ​တို့​နှင့်​တ​ကွ ကိုယ်​တော်​ကို မ​ခန့်​မ​ညား​ဘဲ ပြက်​ရယ်​ပြု၍ တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​စေ​ပြီး​မှ ပိ​လတ်​မင်း​ထံ​သို့ ပို့​ပြန်​စေ၏။- 12ထို​နေ့၌ ပိ​လတ်​မင်း​နှင့် ဟေ​ရုဒ်​မင်း​တို့​သည် အ​ချင်း​ချင်း​အ​ဆွေ​ဖွဲ့​ကြ၏။ အ​ထက်​က ရန်​ဘက်​ဖြစ်​ကြ​သ​တည်း။
ယေ​ရှု​ကို​သေ​ဒဏ်​စီ​ရင်​ခြင်း
(မ၊ ၂၇:၁၅-၂၆။ မာ၊ ၁၅:၆-၁၅။ ယော၊ ၁၈:၃၉-၁၉:၁၆)
13တစ်​ဖန် ပိ​လတ်​မင်း​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ မင်း​အ​ရာ​ရှိ၊ လူ​များ​တို့​ကို​ခေါ်​၍၊ 14ပြည်​သူ​ပြည်​သား​များ​ကို ပုန်​ကန်​စေ​သော​သူ​ကဲ့​သို့ ဤ​လူ​ကို သင်​တို့​သည် ငါ့​ထံ​သို့ ပို့​ဆောင်​ကြ​သည်​ဖြစ်၍၊ သင်​တို့​ရှေ့​မှာ ငါ​စစ်​ကြော​သော်​လည်း၊ သင်​တို့ တင်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ သူ၌​ငါ​မ​တွေ့။- 15ဟေ​ရုဒ်​မင်း​သည်​လည်း မ​တွေ့။ ထို​မင်း​ထံ​သို့ ငါ​ပို့​စေ​ပြီ။ ဤ​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ထိုက်​သော​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု။- 16ထို​ကြောင့် သူ့​ကို ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု ဆို​လေ၏။- 17ထို​ပွဲ၌ လူ​များ​တို့​အား တစ်​စုံ​တစ်​ယောက်​သော​သူ​ကို မ​လွှတ်​ဘဲ​မ​နေ​ရ​သ​တည်း။ 18လူ​အ​ပေါင်း​တို့​က၊ ထို​သူ​ကို ထုတ်​ပါ​လော့။ အ​ကျွန်ုပ်​တို့​အား ဗာ​ရ​ဗ္ဗ​ကို လွှတ်​ပါ​လော့​ဟု တ​ညီ​တ​ညွတ်​တည်း ဟစ်​ကြော်​ကြ၏။- 19ထို​ဗာ​ရ​ဗ္ဗ​ကား၊ မြို့၌ ပုန်​ကန်​ခြင်း​အ​ပြစ်၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​ကြောင့် ထောင်​ထဲ၌ လှောင်​ထား​သော​သူ ဖြစ်​သ​တည်း။
20ပိ​လတ်​မင်း​သည် ယေ​ရှု​ကို လွှတ်​ချင်​သော​ကြောင့် သူ​တို့​အား တစ်​ဖန်​ပြော​ဆို​လေ၏။- 21သူ​တို့​က​လည်း၊ ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ။ ရိုက်​ထား​ပါ​ဟု ဟစ်​ကြော်​ကြ၏။- 22ပိ​လတ်​မင်း​က၊ ထို​သူ​သည် အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း။ သေ​ထိုက်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​မျှ သူ၌​ငါ​မ​တွေ့။ ထို​ကြောင့် သူ့​ကို​ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု သုံး​ကြိမ်​မြောက်​အောင်​ဆို​လျှင်၊- 23လူ​များ​တို့​သည် ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ကြီး​စွာ​သော​အ​သံ​နှင့် ကျပ်​ကျပ်​တောင်း​သ​ဖြင့်၊ သူ​တို့၏​အ​သံ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့၏ အ​သံ​သည် နိုင်​လေ၏။- 24ပိ​လတ်​မင်း​သည်​လည်း သူ​တို့​တောင်း​သည်​အ​တိုင်း ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်၍၊- 25ပုန်​ကန်​ခြင်း​အ​ပြစ်၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​ကြောင့် ထောင်​ထဲ​မှာ လှောင်​ထား​သော​သူ​ကို လူ​များ​တောင်း​သည်​အ​တိုင်း လွှတ်​ပြီး​မှ၊ ယေ​ရှု​ကို သူ​တို့ အ​လို​သို့ အပ်​လိုက်​လေ၏။
ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​မှာ​တင်​သတ်​ခြင်း
(မ၊ ၂၇:၃၂-၄၄။ မာ၊ ၁၅:၂၁-၃၂။ ယော၊ ၁၉:၁၇-၂၇)
26ကိုယ်​တော်​ကို ထုတ်​သွား​ကြ​စဉ်၊ ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​သည် တော​ရွာ​မှ လာ​သည်​ကို သူ​တို့​သည်​တွေ့​လျှင်၊ ဖမ်း​ဆီး၍ ယေ​ရှု​နောက်​တော်၌ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။- 27နောက်​တော်၌ လိုက်​သော​လူ​များ​အ​ပေါင်း​တို့​တွင်၊ ကိုယ်​တော်​ကြောင့် ငို​ကြွေး​မြည်​တမ်း​သော မိန်း​မ​အ​ချို့​ပါ၏။- 28ထို​သူ​တို့​ကို ယေ​ရှု​သည် လှည့်​ကြည့်၍၊ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ့​ကြောင့် မ​ငို​ကြွေး​ကြ​နှင့်။ မိ​မိ​တို့​နှင့် မိ​မိ​တို့​သား​များ​ကြောင့် ငို​ကြွေး​ကြ​လော့။- 29အ​ကြောင်း​မူ​ကား၊ မြုံ​သော​မိန်း​မ​သည် မင်္ဂ​လာ​ရှိ၏။ ပ​ဋိ​သ​န္ဓေ​မ​ယူ​ဖူး​သော​ဝမ်း​နှင့် သူ​ငယ်​မ​စို့​ဖူး​သော သား​မြတ်​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြော​ရ​သော​နေ့​ရက်​ကာ​လ ရောက်​လိမ့်​မည်။- 30ထို​အ​ခါ သူ​တို့​က၊ အို တောင်​များ​တို့၊ ငါ​တို့​အ​ပေါ်​သို့ ကျ​ကြ​ပါ။ အို ကုန်း​များ​တို့၊ ငါ​တို့​ကို ဖုံး​အုပ်​ကြ​ပါ​ဟု ခေါ်​ကြ​လိမ့်​မည်။-#ဟော၊ ၁၀:၈။ ဗျာ၊ ၆:၁၆။ 31အ​ကြောင်း​မူ​ကား၊ စိမ်း​သော​အ​ပင်​ကို ဤ​သို့​ပြု​ကြ​လျှင်၊ ခြောက်​သော​အ​ပင်၌ အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​နည်း​ဟု မိန့်​တော်​မူ၏။- 32ထို​အ​ခါ ကိုယ်​တော်​နှင့်​အ​တူ လူ​ဆိုး​နှစ်​ယောက်​တို့​ကို​လည်း သတ်​အံ့​သော​ငှာ ထုတ်​သွား​ကြ၏။
33က​ရာ​နိ​အ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ကြ​သော်၊ ကိုယ်​တော်​နှင့်​တ​ကွ ထို​လူ​ဆိုး​တို့​ကို လက်​ယာ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။- 34ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-#ဆာ၊ ၂၂:၁၈။ 35လူ​များ​တို့​သည်​လည်း ကြည့်​ရှု​လျက် ရပ်​နေ​ကြ၏။ ထို​သူ​တို့​နှင့်​အ​တူ မင်း​အ​ရာ​ရှိ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။ ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင် ရွေး​ချယ်​တော်​မူ​သော​သူ​မှန်​လျှင် ကိုယ်​ကို​ကယ်​တင်​ပါ​လေ​စေ​ဟူ၍ ပြက်​ရယ်​ပြု​ကြ၏။-#ဆာ၊ ၂၂:၇။ 36စစ်​သူ​ရဲ​တို့​သည်​လည်း လာ၍ ပုံး​ရည်​ကို ကပ်​ပေး​လျက်၊-#ဆာ၊ ၆၉:၂၁။ 37သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​လျှင် ကိုယ်​ကို ကယ်​တင်​လော့​ဟူ၍ ပြက်​ရယ်​ပြု​လျက် ဆို​ကြ၏။- 38ခေါင်း​တော်​ပေါ်​မှာ​တပ်၍ အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင် ဘု​ရင်​ပေ​တည်း​ဟု ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့်​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။
39ဆွဲ​ထား​သော လူ​ဆိုး​နှစ်​ယောက်​တွင် တစ်​ယောက်​က၊ သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ကိုယ်​ကို​လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း၊ ကယ်​တင်​လော့​ဟု ကိုယ်​တော်​ကို ကဲ့​ရဲ့၍ ဆို​လေ၏။- 40တစ်​ယောက်​မူ​ကား၊ မိ​မိ​အ​ဖော်​ကို​ဆုံး​မ၍၊ သင်​သည် ဤ​သူ​နည်း​တူ အ​ပြစ်​ဒဏ်​ခံ​လျက်​ပင် ဘု​ရား​သ​ခင်​ကို မ​ကြောက်​သ​လော။- 41ငါ​တို့​သည် ကိုယ်​ပြု​မိ​သော​အ​ပြစ်​နှင့်​အ​လျောက် ခံ​ရ​သည်​ဖြစ်၍ တ​ရား​သ​ဖြင့် ခံ​ရ​ကြ၏။ ဤ​သူ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ မ​ပြု​ဟု​ဆို​ပြီး​လျှင်၊- 42သ​ခင်၊ ကိုယ်​တော်​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ​ဟု ယေ​ရှု​ကို လျှောက်​ဆို၏။- 43ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​တွင် သင်​သည် ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ၌​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
ယေ​ရှု​အ​သက်​ချုပ်​တော်​မူ​ခြင်း
(မ၊ ၂၇:၄၅-၅၆။ မာ၊ ၁၅:၃၃-၄၁။ ယော၊ ၁၉:၂၈-၃၀)
44ထို​အ​ချိန်​သည် မွန်း​တည့်​အ​ချိန်​လောက်​ဖြစ်၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ​ဖြစ်​လေ၏။- 45နေ​အ​ရောင် ကွယ်​ပျောက်​လေ၏။ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် နှစ်​ဖြာ​ကွဲ​လေ၏။-#ထွ၊ ၂၆:၃၁-၃၃။ 46ယေ​ရှု​သည်​လည်း ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ​ပြီး​လျှင်၊ အို အ​ဘ၊ အ​ကျွန်ုပ်​စိတ်​ဝိ​ညာဉ်​ကို ကိုယ်​တော်​လက်၌ အ​ကျွန်ုပ်​အပ်​ပါ၏​ဟု မိန့်​တော်​မူ​လျက် အ​သက်​ချုပ်​တော်​မူ၏။-#ဆာ၊ ၃၁:၅။ 47ထို​အ​ခြင်း​အ​ရာ​တို့​ကို တပ်​မှူး​သည်​မြင်​လျှင်၊ စင်​စစ်​ဤ​သူ​သည် ဖြောင့်​မတ်​သော​သူ​မှန်​ပေ၏​ဟု​ဆို၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လေ၏။- 48ထို​အ​မှု​ကို အ​ကြည့်​အ​ရှု​လာ​သော​သူ အ​ပေါင်း​တို့​သည် ထို​အ​ခြင်း​အ​ရာ​များ​ကို​မြင်​လျှင်၊ ရင်​ပတ်​ကို​ခတ်၍ ပြန်​သွား​ကြ၏။- 49ဂါ​လိ​လဲ​ပြည်​မှ နောက်​တော်​သို့​လိုက်​လာ​သော မိန်း​မ​တို့​နှင့် ကိုယ်​တော်​ကို သိ​ကျွမ်း​သော​သူ အ​ပေါင်း​တို့​သည်​လည်း အ​ဝေး​က​ကြည့်​ရှု၍ ရပ်​နေ​ကြ၏။-#လု၊ ၈:၂-၃။
ယေ​ရှု​ကို​သင်္ဂြိုဟ်​ခြင်း
(မ၊ ၂၇:၅၇-၆၁။ မာ၊ ၁၅:၄၂-၄၇။ ယော၊ ၁၉:၃၈-၄၂)
50ထို​အ​ခါ ယု​ဒ​ပြည်​အ​ရိ​မဿဲ​မြို့​သား ယော​သပ်​အ​မည်​ရှိ​သော လွှတ်​အ​ရာ​ရှိ​တစ်​ယောက်​သည်၊ အ​ခြား​သော လွှတ်​အ​ရာ​ရှိ​တို့၏ တိုင်​ပင်​စီ​ရင်​ခြင်း​ကို ဝန်​ခံ​သော​သူ​မ​ဟုတ်၊- 51ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မျှော်​လင့်​သော သူ​တော်​ကောင်း​သူ​တော်​မြတ်​ဖြစ်​သည်​နှင့် ပိ​လတ်​မင်း​ထံ​သို့​ဝင်၍၊- 52ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။- 53အ​လောင်း​တော်​ကို ချ၍ ပိတ်​ချော​နှင့် ပတ်​ရစ်​ပြီး​လျှင်၊ တစ်​ယောက်​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သော ကျောက်​သင်္ချိုင်း​တွင်း၌ ထား​လေ၏။- 54ထို​နေ့​ကား အ​ဖိတ်​နေ့​ဖြစ်၍ ဥ​ပုသ်​နေ့​အ​ချိန် နီး​သ​တည်း။- 55ဂါ​လိ​လဲ​ပြည်​က ကိုယ်​တော်​နှင့်​အ​တူ​လာ​သော မိန်း​မ​များ​သည် သင်္ချိုင်း​တော်​ကို​လည်း​ကောင်း၊ အ​လောင်း​တော်​ကို အ​ဘယ်​သို့ ထား​သည်​ကို​လည်း​ကောင်း အ​ကြည့်​အ​ရှု လိုက်​လာ​ကြ၏။- 56ထို​နောက်​မှ ပြန်​သွား​ပြီး​လျှင် ဆီ​မွှေး​နှင့်​နံ့​သာ​မျိုး​ကို ပြင်​ဆင်၍ ပ​ညတ်​တော်​အ​တိုင်း ဥ​ပုသ်​နေ့၌ အ​လုပ်​မ​လုပ်​ဘဲ နေ​ကြ၏။-#ထွ၊ ၂၀:၁၀။ တ​ရား၊ ၅:၁၄။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy