YouVersion Logo
Search Icon

ရှင်လုကာ 2

2
ဖွား​မြင်​တော်​မူ​ခြင်း
(မ၊ ၁:၁၈-၂၅)
1ထို​အ​ခါ တစ်​နိုင်​ငံ​လုံး​ကို စာ​ရင်း​ယူ​စေ​ခြင်း​ငှာ ကဲ​သာ​ဘု​ရင် ဩ​ဂု​တ္တု​သည် အ​မိန့်​တော်​ရှိ၏။- 2ကု​ရေ​နိ​သည် ရှု​ရိ​ပြည်၌ မြို့​ဝန်​ဖြစ်​စဉ်​တွင်၊ ဤ​ပ​ထ​မ​စာ​ရင်း​ယူ​ခြင်း ဖြစ်​သ​တည်း။- 3လူ​အ​ပေါင်း​တို့​သည် စာ​ရင်း​ဝင်​ခြင်း​ငှာ အ​သီး​အ​သီး မိ​မိ​တို့​မြို့​ရွာ​သို့ သွား​ကြ၏။- 4-5ယော​သပ်​သည်​လည်း ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​ဖြစ်၍၊ ထိမ်း​မြား​ဆောင်​နှင်း​သော မ​ယား​မာ​ရိ​နှင့်​အ​တူ စာ​ရင်း​ဝင်​ခြင်း​ငှာ၊ ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့​မှ ယု​ဒ​ပြည်​တွင် ဗက်​လင်​အ​မည်​ရှိ​သော ဒါ​ဝိဒ်၏​မြို့​သို့ သွား၏။ ထို​အ​ခါ မာ​ရိ​သည် ပ​ဋိ​သ​န္ဓေ​အ​ရင့်​အ​မာ​ရှိ၏။- 6ဗက်​လင်​မြို့၌​ရှိ​နေ​စဉ်၊ ဖွား​အံ့​သော နေ့​လ​စေ့​လျှင်၊- 7သား​ဦး​ကို​ဖွား​မြင်၍ အ​ဝတ်​နှင့်​ပတ်​ရစ်​ပြီး​မှ၊ ဧည့်​သည်​တည်း​ရာ​ဇ​ရပ်၌ သူ​တို့​နေ​စ​ရာ​မ​ရှိ​သော​ကြောင့်၊ သူ​ငယ်​ကို နွား​စား​ခွက်၌ သိပ်​ထား​လေ၏။
သိုး​ထိန်း​နှ​င့်​ကောင်း​ကင်​တ​မန်
8ထို​ပြည်​မှာ သိုး​ထိန်း​တို့​သည် ည​အ​ခါ တော​အ​ရပ်၌ တည်း​ခို​လျက်၊ မိ​မိ​သိုး​စု​ကို စောင့်​နေ​ကြ​သည်​ဖြစ်၍၊- 9ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် သူ​တို့​အ​နား​မှာ​ပေါ်​လာ၍၊ ပတ်​ဝန်း​ကျင်၌ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော် ထွန်း​တောက်​သ​ဖြင့်၊ သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။- 10ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​သည် အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​စ​ရာ သ​တင်း​ကို ငါ​သည်​သင်​တို့​အား ကြား​ပြော​ရ၏။- 11ယ​နေ့​တွင် ဒါ​ဝိဒ်၏​မြို့၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော ကယ်​တင်​သော​အ​ရှင်​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ​ပြီ။- 12သင်​တို့​သည် အ​ဘယ်​နိ​မိတ်​ဖြင့် သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ သူ​ငယ်​သည် အ​ဝတ်​နှင့်​ပတ်​ရစ်၍ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သည်​ကို တွေ့​ကြ​လိမ့်​မည်​ဟု ဆို​ပြီး​လျှင်၊- 13ထို​ကောင်း​ကင်​တ​မန်​နှင့်​အ​တူ ကောင်း​ကင်​ဗိုလ်​ခြေ အ​များ​တို့​သည် ချက်​ချင်း​ထင်​ရှား၍၊- 14ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​ပေါ်​၌​လည်း ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း။ လူ​တို့​အား မေ​တ္တာ​က​ရု​ဏာ ရှိ​စေ​သ​တည်း​ဟု ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍​မြွက်​ဆို​ကြ၏။
15ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ​သို့ ပြန်​ကြ​ပြီး​မှ သိုး​ထိန်း​တို့​က၊ ငါ​တို့​သည် ဗက်​လင်​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ဖော်​ပြ​တော်​မူ​သော ဤ​အ​မှု​အ​ရာ​ကို ကြည့်​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ပြော​ဆို​ပြီး​လျှင်၊- 16အ​လျင်​အ​မြန်​သွား၍ မာ​ရိ​နှင့်​ယော​သပ်​ကို​လည်း​ကောင်း၊ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သော သူ​ငယ်​ကို​လည်း​ကောင်း တွေ့​ကြ၏။- 17တွေ့​မြင်​ပြီး​မှ မိ​မိ​တို့​ကြား​သော ထို​သူ​ငယ်၏ အ​ကြောင်း​စ​ကား​ကို အ​နှံ့​အ​ပြား​ပြော​ကြ၏။- 18သိုး​ထိန်း​တို့​ပြော​သော​စ​ကား​ကို ကြား​သော​သူ ရှိ​သ​မျှ​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။- 19မာ​ရိ​သည် ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မှတ်​ကျုံး၍ စဉ်း​စား​ဆင်​ခြင်​လျက် နေ၏။- 20သိုး​ထိန်း​တို့​သည်​လည်း မိ​မိ​တို့​အား ပြော​နှင့်​သည်​အ​တိုင်း ကြား​မြင်​သ​မျှ​သော အ​ကြောင်း​အ​ရာ​ကို ထောက်၍၊ ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ပြန်​သွား​ကြ၏။
သူ​ငယ်​ကို​နာ​မည်​မှ​ည့်​ခြင်း
21ထို​သူ​ငယ်​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ရ​သော​နေ့​တည်း​ဟူ​သော ရှစ်​ရက်​မြောက်​သော​နေ့ ရောက်​လျှင်၊ ပ​ဋိ​သ​န္ဓေ​စွဲ​တော်​မ​မူ​မီ ကောင်း​ကင်​တ​မန်​မှည့်​သော ယေ​ရှု​အ​မည်​ဖြင့် မှည့်​ကြ၏။-#ဝတ်၊ ၁၂:၃။ လု၊ ၁:၃၁။
ဗိ​မာန်​တော်​မှာ​ဆက်​ကပ်​ခြင်း
22ထို​နောက် မော​ရှေ၏ ပ​ညတ်​တ​ရား​အ​တိုင်း စင်​ကြယ်​ခြင်း​ကို​ပြု​ရ​သော နေ့​ရက်​စေ့​သော​အ​ခါ၊ မိ​ဘ​တို့​သည် သူ​ငယ်​ကို ယေ​ရှု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍၊-#ဝတ်၊ ၁၂:၆-၈။ 23သား​ဦး ယောက်ျား​အ​ပေါင်း​တို့​သည် ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​ကြ၏​ဟု ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပြီး​မှ၊-#ထွ၊ ၁၃:၂၊ ၁၂။ 24ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပူ​ဇော်​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း လာ​ပြန်​သည်​နှင့်​အ​ညီ ယဇ်​ပူ​ဇော်​ကြ၏။
25ထို​အ​ခါ ရှု​မောင်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၏။ ထို​သူ​သည် ဖြောင့်​မတ်​သော​သူ၊ တ​ရား​ကို​ရို​သေ​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သက်​သာ​ခြင်း​အ​ကြောင်း​ကို မျှော်​လင့်​သော​သူ ဖြစ်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်၌ တည်​သည်​ဖြစ်၍၊- 26သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ခ​ရစ်​တော်​ကို​မ​မြင်​မီ မ​သေ​ရ​ဟု ဗျာ​ဒိတ်​တော်​ကို​ရ၏။- 27ထို​အ​ခါ သူ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ဗိ​မာန်​တော်​သို့​သွား၍၊ မိ​ဘ​တို့​သည် သူ​ငယ်​ယေ​ရှု​ကို ပ​ညတ်​တ​ရား​ထုံး​တမ်း​အ​တိုင်း ပြု​ခြင်း​ငှာ ဆောင်​သွား​စဉ်​တွင်၊- 28ရှု​မောင်​သည် ယေ​ရှု​ကို လက်​နှင့်​ချီ​ပိုက်၍၊- 29ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်​သည် ငြိမ်​ဝပ်​စွာ စု​တေရ​သော​အ​ခွင့်​ကို ကိုယ်​တော်​သည် ယ​ခု​တွင်​ပေး​တော်​မူ၏။- 30-32ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ချီး​မြှောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို လင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှောက်၌ ပြင်​ဆင်​တော်​မူ​သော အ​လင်း​တည်း​ဟူ​သော ကယ်​တင်​သော​သ​ခင်​ကို အ​ကျွန်ုပ်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​ပါ၏​ဟု မြွက်​ဆို၏။-#ဟေ​ရှာ၊ ၄၂:၆၊ ၄၉:၆၊ ၅၂:၁၀။ 33ထို​စ​ကား​များ​ကို ယော​သပ်​နှင့်​မယ်​တော်​သည် ကြား​လျှင် အံ့​ဩ​ခြင်း​ရှိ​ကြ၏။- 34ရှု​မောင်​သည်​လည်း သူ​တို့​ကို ကောင်း​ကြီး​ပေး၍ မယ်​တော်​မာ​ရိ​အား၊ ဤ​သူ​ငယ်​ကား ဣ​သ​ရေ​လ​လူ​အ​များ လဲ​မည်​အ​ကြောင်း၊ အ​များ ထ​မည်​အ​ကြောင်း၊ လူ​အ​များ​တို့၏​အ​ကြံ​အ​စည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငြင်း​ခုံ​စ​ရာ​ဖြစ်​မည်​အ​ကြောင်း ခန့်​ထား​သော​သူ​ဖြစ်၏။- 35ထို​မှ​တစ်​ပါး သန်​လျက်​သည် သင်၏​စိတ်​နှ​လုံး​ကို ခွင်း​လိမ့်​မည်​ဟု မြွက်​ဆို၏။-
36အာ​ရှာ​အ​မျိုး​ဖြစ်​သော ဖ​နွေ​လ၏​သ​မီး၊ အ​န္န​အ​မည်​ရှိ​သော ပ​ရော​ဖက်​မ​တစ်​ယောက်​ရှိ၏။ သူ​သည် ပျို​သော​အ​ရွယ်​မှ​စ၍ ခု​နစ်​နှစ်​သာ​လင်​နှင့် နေ​ပြီး​လျှင်၊- 37အ​သက်​ကြီး​ရင့်၍ အ​နှစ်​ရှစ်​ဆယ်​လေး​နှစ်​ခန့်​မျှ တိုင်​တိုင် မု​ဆိုး​မ​ဖြစ်​လျက်၊ ဆု​တောင်း​ခြင်း​နှင့် အ​စာ​ရှောင်​ခြင်း​အား​ဖြင့် နေ့​ည​မ​ပြတ် ဘု​ရား​ဝတ်​ကို​ပြု၍ ဗိ​မာန်​တော်​နှင့် မ​ခွာ​ဘဲ​နေ၏။-
38သူ​သည်​လည်း ထို​ခ​ဏ​ချင်း​တွင်​ဝင်၍ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။ ယေ​ရု​ရှ​လင်​မြို့၌ ရွေး​နုတ်​ခြင်း​အ​ရာ​ကို မျှော်​လင့်​သော​သူ​အ​ပေါင်း​တို့​အား ထို​သူ​ငယ်၏ အ​ကြောင်း​ကို ပြော​လေ၏။
နာ​ဇ​ရက်​မြို့​သို့​ပြန်​ခြင်း
39မိ​ဘ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​အ​တိုင်း ပြု​ရ​သ​မျှ​တို့​ကို အ​ကုန်​အ​စင်​ပြု​ပြီး​မှ၊ ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​အ​မည်​ရှိ​သော မိ​မိ​တို့​မြို့​သို့ ပြန်​ကြ၏။-#မ၊ ၂:၂၃။ 40သူ​ငယ်​သည်​လည်း ကြီး​ပွား၍ ပ​ညာ​ဉာဏ်​သ​တ္တိ​နှင့် ပြည့်​စုံ၏။ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည်​လည်း သူ့​အ​ပေါ်၌​တည်၏။
ဗိ​မာန်​တော်​တွင်​ဆွေး​နွေး​ခြင်း
41မိ​ဘ​တို့​သည် နှစ်​တိုင်း​အ​စဉ် ပ​သ​ခါ​ပွဲ​ခံ​ချိန် ရောက်​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ၏။- 42ယေ​ရှု​သည် တစ်​ဆယ်​နှစ်​နှစ်​ရှိ​သော​အ​ခါ ပ​သ​ခါ​ပွဲ​ထုံး​စံ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​သို့ တက်​ကြ၍၊-#ထွ၊ ၁၂:၁-၂၇။ တ​ရား၊ ၁၆:၁-၈။ 43ပွဲ​နေ့​ရက်​လွန်​ပြီး​မှ မိ​ဘ​တို့​သည်​ပြန်​ကြ​လျှင်၊ သူ​ငယ်​ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​လေ၏။ ယော​သပ်​နှင့် မယ်​တော်​သည် ထို​အ​ကြောင်း​ကို မ​သိ၍၊- 44အ​ပေါင်း​အ​ဖော်​စု​ထဲ​မှာ သူ​ငယ်​ပါ​သည်​ဟု စိတ်​ထင်​နှင့် တစ်​နေ့​ခ​ရီး​သွား​မိ​လျှင်၊ အ​ဆွေ​အ​မျိုး အ​သိ​အ​ကျွမ်း​တို့​တွင် ရှာ၍၊- 45မ​တွေ့​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်၍​ရှာ​ကြ၏။- 46သူ​ငယ်​မူ​ကား၊ ဗိ​မာန်​တော်၌ ဆ​ရာ​များ​အ​လယ်​မှာ​ထိုင်၍ ထို​သူ​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​လျက်​ရှိ​သည်​ကို မိ​ဘ​တို့​သည် သုံး​ရက်​ကြာ​မှ တွေ့​ကြ၏။- 47သူ၏​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည် သူ၏​ပ​ညာ​ကို​လည်း​ကောင်း၊ စ​ကား​အ​ဖြေ​ကို​လည်း​ကောင်း အံ့​ဩ​ကြ၏။- 48မိ​ဘ​တို့​သည် သား​ကို​မြင်​လျှင် မိန်း​မော​တွေ​ဝေ၍ မယ်​တော်​က၊ ငါ့​သား၊ အ​ဘယ်​ကြောင့် ငါ​တို့​အား ဤ​သို့ ပြု​သ​နည်း။ ညှိုး​ငယ်​ကြောင့်​ကြ​သော​စိတ်​နှင့် မိ​ဘ​တို့​သည် မောင်​ကို​ရှာ​ကြ​ပြီ​ဟု ဆို​သော်၊- 49ယေ​ရှု​က၊ မိ​ဘ​သည် အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရှာ​ရ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည် အ​ဘ၏​အိမ်၌ နေ​ရ​သည်​ကို မ​သိ​ပါ​သ​လော​ဟု ပြော​ဆို​လျှင်၊- 50သူ​တို့​သည် ထို​စ​ကား​ကို နား​မ​လည်​ကြ။- 51ထို​နောက် ယေ​ရှု​သည် မိ​ဘ​တို့​နှင့်​အ​တူ​သွား​သ​ဖြင့် နာ​ဇ​ရက်​မြို့​သို့​ရောက်၍ သူ​တို့​စ​ကား​ကို နား​ထောင်​လျက် နေ​လေ၏။ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​ကို မယ်​တော်​သည် နှ​လုံး​ထဲ၌ မှတ်​ကျုံး​လေ၏။- 52ယေ​ရှု​သည်​လည်း အ​စဉ်​အ​တိုင်း​ကြီး၍ ပ​ညာ​တိုး​ပွား​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့​ရှေ့​မှာ မျက်​နှာ​ရ​တော်​မူ၏။#၁​ရာ၊ ၂:၂၆။ သု၊ ၃:၄။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy