YouVersion Logo
Search Icon

ဝတ်ပြုရာ 24

24
မီး​ခုံ​များ​ထိန်း​သိမ်း​ခြင်း
(ထွ၊ ၂၇:၂၀-၂၁)
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 2ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တွင် သက်​သေ​ခံ​ချက်​ကု​လား​ကာ​ပြင်​မှာ မီး​ခုံ၌ အ​စဉ်​မ​ပြတ်​မီး​ထွန်း​ရာ​ဖို့၊ သံ​လွင်​သီး​ကို ထောင်း၍​ယူ​သော သံ​လွင်​ဆီ​စစ်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သင့်​ထံ​သို့​ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။ 3အာ​ရုန်​သည်​လည်း၊ ညဉ့်​ဦး​မှ​သည်​နံ​နက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​အ​မှု​ကို​စီ​ရင်​ရ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။ 4စင်​ကြယ်​သော​မီး​ခုံ၌ မီး​ခွက်​များ​ကို အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ အ​စဉ်​အ​မြဲ​ပြင်​ဆင်​ရ​မည်။
ရှေ့​တော်​မု​န့်
5သင်​သည်​မုန့်​ညက်​ကို​ယူ၍၊ မုန့်​တစ်​လုံး​လျှင် နှစ်​ဩ​မဲ​စီ၊ မုန့်​ဆယ်​နှစ်​လုံး​ကို လုပ်​ပြီး​လျှင်၊ 6ထာ​ဝ​ရ​ဘု​ရား​ရှေ့ စင်​ကြယ်​သော​စား​ပွဲ​ပေါ်​မှာ မုန့်​တစ်​လုံး​ပေါ်၌ တစ်​လုံး​ကို​ထပ်​ဆင့်၍၊ တစ်​ပုံ​ခြောက်​လုံး​စီ၊ နှစ်​ပုံ​ပုံ​ရ​မည်။ 7ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော အောက်​မေ့​တော်​မူ​ဖို့​ရာ​ဖြစ်​စေ​ခြင်း​ငှာ ထို​မုန့်​နှစ်​ပုံ​ပေါ်​မှာ စင်​ကြယ်​သော​လော​ဗန်​ကို တင်​ထား​ရ​မည်။ 8ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​နှင့်​အ​ညီ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ လက်​မှ​ခံ​ယူ​သော​ထို​မုန့်​ကို၊ အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဥ​ပုသ်​နေ့​တိုင်း အ​စဉ်​အ​မြဲ​ပြင်​ဆင်​ရ​မည်။ 9ထို​မုန့်​ကို အာ​ရုန်​နှင့်​သူ၏​သား​တို့​သည်​ပိုင်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ စား​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က ထို​မုန့်​သည်၊ ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ အာ​ရုန်​အ​ဖို့ အ​လွန်​သန့်​ရှင်း​သော​အ​ရာ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။
နာ​မ​တော်​ကို​ကျိန်​ဆဲ​ခြင်း​ပြစ်​ဒဏ်
10အဲ​ဂု​တ္တု​လူ​နှင့် ဣ​သ​ရေ​လ​မိန်း​မ​ရ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ လိုက်​လာ​သော​သား​တစ်​ယောက်​သည်၊ တပ်​ထဲ​မှာ ဣ​သ​ရေ​လ​လူ​နှင့် ရန်​တွေ့​သ​ဖြင့်၊ 11နာ​မ​တော်​ကို​ပြစ်​မှား​လျက် ကျိန်​ဆဲ​လေ၏။ ထို​သူ၏​အ​မိ​ကား၊ ဒန်​အ​မျိုး၊ ဒိ​ဗ​ရိ​သ​မီး​ရှေ​လော​မိတ် ဖြစ်​သ​တည်း။ 12ပြစ်​မှား​သော​သူ​ကို မော​ရှေ​ထံ​သို့​ဆောင်​ယူ​ခဲ့၍ ထာ​ဝ​ရ​ဘု​ရား၏​အ​လို​တော်​ကို မ​သိ​မီ​တိုင်​အောင်​ချုပ်​ထား​ကြ၏။ 13ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ကျိန်​ဆဲ​သော​သူ​ကို တပ်​ပြင်​သို့​ဆောင်​သွား၍၊ 14သူ၏​စ​ကား​ကို​ကြား​သော သူ​အ​ပေါင်း​တို့​သည် သူ၏​ခေါင်း​ပေါ်​မှာ လက်​ကို​တင်​ပြီး​မှ၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​ကြ​စေ။ 15သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ မိ​မိ​ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​သော​သူ​သည် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။ 16ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပြစ်​မှား​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​သူ​ကို အ​မှန်​ကျောက်​ခဲ​နှင့် ပစ်​ရ​ကြ​မည်။ အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ နာ​မ​တော်​ကို​ပြစ်​မှား​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။ 17လူ​အ​သက်​ကို​သတ်​သော​သူ​သည်​လည်း အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ 18တိ​ရ​စ္ဆာန်​အ​သက်​ကို သတ်​သော​သူ​သည်​လည်း ဥ​စ္စာ​ရှင်​အား တစ်​ကောင်​အ​တွက် တစ်​ကောင်​ကို​လျော်​ရ​မည်။ 19လူ​သည် အိမ်​နီး​ချင်း​ကို​နာ​အောင်​ပြု​လျှင်၊ သူ့​ကို​ပြု​သည်​အ​တိုင်း ကိုယ်​ခံ​ရ​မည်။ 20အ​ရိုး​ကို​ချိုး​သည်​အ​တွက် အ​ရိုး​ချိုး​ခြင်း​ကို​လည်း​ကောင်း၊ မျက်​စိ​ကို​ဖျက်​သည်​အ​တွက်၊ မျက်​စိ​ဖျက်​ခြင်း​ကို​လည်း​ကောင်း၊ သွား​ကို​ချိုး​သည်​အ​တွက်၊ သွား​ချိုး​ခြင်း​ကို​လည်း​ကောင်း၊ သူ့​ကို နာ​ကျင်​စွာ​ပြု​သည်​အ​တိုင်း၊ ကိုယ်​တိုင်​နာ​ကျင်​စွာ​ခံ​ရ​မည်။ 21တိ​ရ​စ္ဆာန်​အ​သက်​ကို သတ်​သော​သူ​သည်၊ တစ်​ကောင်​အ​တွက်၊ တစ်​ကောင်​ကို ပြန်​ပေး​ရ​မည်။ လူ​အ​သက်​ကို သတ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ 22ကိုယ်​အ​မျိုး​သား​ဖြစ်​စေ၊ သူ​တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ တစ်​ပါး​တည်း​သော​တ​ရား​နှင့်​သာ စီ​ရင်​ခြင်း​ကို​ခံ​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ 23ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ကျိန်​ဆဲ​သော​သူ​ကို တပ်​ပြင်​သို့​ဆောင်​သွား၍၊ ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်​အ​ကြောင်း မော​ရှေ​ဆင့်​ဆို​သည်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည်​ပြု​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in