YouVersion Logo
Search Icon

ဝတ်ပြုရာ 20

20
ပ​ညတ်​ကျူး​လွန်​ခြင်း​ပြစ်​ဒဏ်​များ
1တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 2ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား ဆက်​ကပ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။ ပြည်​သား​တို့​လည်း ခဲ​နှင့်​ပစ်​ရ​ကြ​မည်။ 3ငါ့​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​လျက်၊ ငါ့​သန့်​ရှင်း​သော​နာ​မ​တော်​ကို ရှုတ်​ချ​လျက်၊ မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား​ဆက်​ကပ်​သော​သူ​ကို၊ ငါ​သည် မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။ 4မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား ဆက်​ကပ်​သော​သူ​ကို ပြည်​သား​တို့​သည် အ​မှု​မ​ထား၊ မ​သတ်​ဘဲ​နေ​လျှင်၊ 5ထို​သို့​နေ​သော​သူ​နှင့် သူ၏​အိမ်​သူ​အိမ်​သား​တို့​ကို ငါ​သည်​မျက်​နှာ​ထား၍ ထို​သူ​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ မော​လုတ်​ဘု​ရား​ထံ၌ မှား​ယွင်း​သော​သူ​ကို​လည်း​ကောင်း၊ သူ​တို့​အ​မျိုး​မှ​ပယ်​ရှင်း​မည်။ 6လမ်း​လွဲ၍ နတ်​ဝင်​သူ၊ စုန်း​လုပ်​သူ​နောက်​သို့​လိုက်​လျက်၊ မှား​ယွင်း​သော​သူ​ကို ငါ​သည်​မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။ 7သင်​တို့၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​သည် ကိုယ်​ကို​သန့်​ရှင်း​စေ၍၊ သန့်​ရှင်း​ခြင်း​ရှိ​ကြ​လော့။ 8ငါ့​နည်း​နိဿ​ယ​တို့​ကို ကျင့်​ဆောင်​ရ​ကြ​မည်။ ငါ​သည် သင်​တို့​ကို သန့်​ရှင်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။
9မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​တိုင်း အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ မိ​ဘ​ကို ကျိန်​ဆဲ​သော​ကြောင့် သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။ 10သူ့​မ​ယား​ကို​ပြစ်​မှား​သော​သူ​သည် မှား​ယွင်း​သော​မိန်း​မ​နှင့်​တ​ကွ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။ 11ကိုယ်​အ​ဘ၏​မ​ယား​နှင့် သင့်​နေ​သော​သူ​သည် အ​ဘ​နှင့်​သာ​ဆိုင်​သော​အ​ရာ​ကို ပြစ်​မှား​သော​ကြောင့်၊ ထို​မိန်း​မ​နှင့်​တ​ကွ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။ 12ယောက်ျား​သည် ကိုယ်​ချွေး​မ​နှင့်​သင့်​နေ​လျှင်၊ ထို​သူ​နှစ်​ယောက်​တို့​သည် ရွံ​ရှာ​ဖွယ်​သော​ရော​နှော​ခြင်း​ကို ပြု​သော​ကြောင့် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။ 13မိန်း​မ​နှင့်​ပေါင်း​ဖော်​သ​ကဲ့​သို့ ယောက်ျား​ခြင်း​ပေါင်း​ဖော်​လျှင် ထို​သူ​နှစ်​ယောက်​တို့​သည်၊ ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို​ပြု​သော​ကြောင့်၊ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။ 14ယောက်ျား​သည် သ​မီး​နှင့်​အ​မိ​ကို မ​ယား​ပြု​လျှင်၊ မ​တ​ရား​သော​အ​မှု​ဖြစ်၏။ သင်​တို့​တွင် မ​တ​ရား​သော​အ​မှု​မ​ရှိ​စေ​ခြင်း​ငှာ၊ ထို​သူ​သုံး​ယောက်​တို့​ကို မီး​ရှို့​ရ​မည်။ 15ယောက်ျား​သည် တိ​ရ​စ္ဆာန်​နှင့်​ပေါင်း​ဖော်​လျှင် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ ထို​တိ​ရ​စ္ဆာန်​ကို​လည်း သတ်​ရ​မည်။ 16မိန်း​မ​သည်​လည်း၊ မိ​မိ​နှင့် တိ​ရ​စ္ဆာန်၏​ပေါင်း​ဖော်​ခြင်း​ကို​ခံ​လျှင်၊ ထို​မိန်း​မ​နှင့် တိ​ရ​စ္ဆာန်​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။ 17ယောက်ျား​သည် အ​ဘ၏​သ​မီး၊ အ​မိ၏​သ​မီး​ဖြစ်​သော မိ​မိ​နှ​မ​နှင့်​သင့်​နေ​လျှင်၊ မ​တ​ရား​သော​အ​မှု​ဖြစ်၏။ ထို​သူ​တို့​သည် အ​မျိုး​သား​ချင်း​တို့​ရှေ့​မှောက်၌ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​မည်။ ထို​ယောက်ျား​သည် နှ​မ​နှင့်​သင့်​နေ​သော​ကြောင့်၊ မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။ 18ယောက်ျား​သည် ဥ​တု​ရောက်​လျက်​ရှိ​သော​မိန်း​မ​နှင့် သင့်​နေ​လျှင်၊ ထို​သူ​တို့​သည် သ​ဘော​တူ၍ သွေး​သွန်​အ​နာ​ကို​ထင်​ရှား​စေ​သော​ကြောင့်၊ သူ​တို့​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​မည်။ 19အ​ဘ၏​နှ​မ၊ အ​မိ၏​ညီ​မ​နှင့် မ​သင့်​မ​နေ​ရ။ ထို​သို့​သော​ပေါက်​ဖော်​ရင်း​နှင့် သင့်​နေ​သော​သူ​တို့​သည် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။ 20အ​ဘ၏​ညီ​အစ်​ကို​မ​ယား​နှင့် သင့်​နေ​လျှင်၊ အ​ဘ၏​ညီ​အစ်​ကို​နှင့်​သာ ဆိုင်​သော​အ​ရာ​ကို ပြစ်​မှား​သော​ကြောင့်၊ ထို​သူ​တို့​သည် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​သ​ဖြင့်၊ တစ်​သက်​လုံး သား​မ​ရ​ဘဲ​နေ​ရ​လိမ့်​မည်။ 21ညီ​အစ်​ကို၏​မ​ယား​နှင့် သင့်​နေ​လျှင် ညစ်​ညူး​သော​အ​မှု​ဖြစ်၏။ ညီ​အစ်​ကို​နှင့်​သာ​ဆိုင်​သော​အ​ရာ​ကို ပြစ်​မှား​သော​ကြောင့် ထို​သူ​တို့​သည် သား​မ​ရ​ဘဲ​နေ​ရ​လိမ့်​မည်။
22သင်​တို့​ကို​ငါ​ပို့​ဆောင်၍ နေ​ရာ​ချ​သော​ပြည်​သည် မ​အော့​အန်​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ငါ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​တို့​ကို ကျင့်​ဆောင်​ရ​မည်။ 23သင်​တို့​ရှေ့​မှ ငါ​နှင်​ထုတ်​သော လူ​အ​မျိုး​မျိုး​တို့၏ ဘာ​သာ​ဓ​လေ့​သို့​မ​လိုက်​ရ။ သူ​တို့​သည် ထို​သို့​သော​အ​မှု​ခပ်​သိမ်း​တို့​ကို ပြု​သော​ကြောင့် ငါ​ရွံ​ရှာ၏။ 24သူ​တို့​ပြည်​တည်း​ဟူ​သော နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​ကို သင်​တို့​သည် အ​မွေ​ခံ​စေ​ခြင်း​ငှာ ငါ​အ​ပိုင်​ပေး​မည်​ဟု ငါ့​အ​မိန့်​တော်​ရှိ​ပြီ။ ငါ​သည် သင်​တို့​ကို အ​ခြား​သော​အ​မျိုး​နှင့်​ခွဲ​ထား​သော သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 25ထို​အ​ကြောင်း​ကြောင့်၊ စင်​ကြယ်​သော​သား၊ မ​စင်​ကြယ်​သော​သား၊ စင်​ကြယ်​သော​ငှက်၊ မ​စင်​ကြယ်​သော​ငှက်​တို့​ကို ပိုင်း​ခြား​ရ​မည်။ ငါ​ခွဲ​ထား​သည်​အ​တိုင်း၊ မ​စင်​ကြယ်​သော​သား၊ ငှက်၊ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​တစ်​စုံ​တစ်​ခု​အား​ဖြင့် ကိုယ်​ကို​ကိုယ်​ရွံ​ရှာ​ဖွယ်​မ​ဖြစ်​စေ​ရ။ 26ငါ​ထာ​ဝ​ရ​ဘု​ရား သန့်​ရှင်း​သည်​ဖြစ်၍၊ သင်​တို့​ကို​ငါ​အ​လို​ရှိ​သ​ဖြင့်၊ အ​ခြား​သော​အ​မျိုး​နှင့် ခွဲ​ထား​သော​ကြောင့်၊ ငါ့​အ​ဖို့​သန့်​ရှင်း​ခြင်း​ရှိ​ရ​ကြ​မည်။ 27ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ နတ်​ဝင်​သော​သူ၊ စုန်း​လုပ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ ထို​သို့​သော​သူ​ကို ခဲ​နှင့်​ပစ်​ရ​ကြ​မည်။ သူ၌ သေ​ထိုက်​သော​အ​ပြစ်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in