YouVersion Logo
Search Icon

ဝတ်ပြုရာ 15

15
ရိ​နာ​စွဲ​ခြင်း
1တစ်​ဖန် မော​ရှေ​နှင့်​အာ​ရုန်​အား ထာ​ဝ​ရ​ဘု​ရား​က၊ 2သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ရိ​နာ​စွဲ​သော​ယောက်ျား​သည် မ​စင်​ကြယ်။ 3အ​စဉ်​ယို​သည်​ဖြစ်​စေ၊ တစ်​ခါ​တ​လေ​ရပ်​သည်​ဖြစ်​စေ၊ ထို​သူ​သည် မ​စင်​ကြယ်။ 4အိပ်​သ​မျှ ထိုင်​သ​မျှ​သော အိပ်​ရာ​ထိုင်​ရာ​တို့​သည်​လည်း မ​စင်​ကြယ်။ 5-8သူ၏​အိပ်​ရာ​ကို​ထိ​သော​သူ၊ သူ့​ထိုင်​ရာ​အ​ပေါ်​မှာ​ထိုင်​သော​သူ၊ သူ၏​ကိုယ်​ကို​ထိ​သော​သူ၊ သူ၏​တံ​တွေး​ထိ​မိ​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေး​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ 9ရိ​နာ​စွဲ​သော​သူ​စီး​သော ကုန်း​နှီး​လည်း​မ​စင်​ကြယ်။ 10သူ့​အောက်၌​ရှိ​သော​အ​ရာ​ကို ထိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။ ထို​အ​ရာ​တစ်​စုံ​တစ်​ခု​ကို ဆောင်​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ 11ရိ​နာ​စွဲ​သော​သူ​သည်၊ လက်​မ​ဆေး​ဘဲ သူ​တစ်​ပါး​ကို​လက်​နှင့်​ထိ​လျှင်၊ ထို​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ 12ရိ​နာ​စွဲ​သော​သူ​ထိ​သော မြေ​တန်​ဆာ​ကို ခွဲ​ရ​မည်။ သစ်​သား​တန်​ဆာ​ကို ရေ​နှင့်​ဆေး​ရ​မည်။ 13ရိ​နာ​စွဲ​သော​သူ​သည် အ​နာ​ပျောက်​သော​အ​ခါ၊ ပျောက်​သော​နေ့​က​စ၍၊ ခု​နစ်​ရက်​လွန်​မှ မိ​မိ​အ​ဝတ်​ကို​လျှော်၍၊ စီး​သော​ရေ​နှင့် ကိုယ်​ကို​ချိုး​သ​ဖြင့် စင်​ကြယ်​ရ၏။ 14အ​ဋ္ဌ​မ​နေ့၌​လည်း၊ ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​နား​သို့​ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။ 15ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ပူ​ဇော်၍၊ ရိ​နာ​စွဲ​သော​သူ​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ 16ယောက်ျား​သည် သုက်​ရည်​ထွက်​လျှင် တစ်​ကိုယ်​လုံး​ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ 17သုက်​ရည်​ထိ​သော​အ​ဝတ်၊ သား​ရေ​ရှိ​သ​မျှ​တို့​ကို ရေ​နှင့်​လျှော်​ရ​မည်။ 18ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ ယောက်ျား​သည် မိန်း​မ​နှင့်​သံ​ဝါ​သ​ပြု​လျှင်၊ နှစ်​ယောက်​စ​လုံး ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။
19မိန်း​မ​သည်​ဥ​တု​ရောက်​လျှင်၊ ခု​နစ်​ရက်​ပတ်​လုံး ဥ​တု​မ​စင်​ကြယ်​ရာ၌ နေ​ရ​မည်။ သူ့​ကို​ထိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ 20ဥ​တု​မ​စင်​ကြယ်​လျက်​အိပ်​သ​မျှ၊ ထိုင်​သ​မျှ​တို့​သည် မ​စင်​ကြယ်​ဖြစ်၏။ 21-22သူ၏​အိပ်​ရာ၊ သူ၏​ထိုင်​ရာ​ကို​ထိ​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ 23သူ၏​နေ​ရာ​ထိုင်​ရာ​စွန်း​လျှင်၊ ထို​နေ​ရာ​ထိုင်​ရာ​ကို ထိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ 24ဥ​တု​ရောက်​သော​မိန်း​မ​နှင့် သံ​ဝါ​သ​ပြု​သော​သူ​သည် ခု​နစ်​ရက်​ပတ်​လုံး မ​စင်​ကြယ်၊ အိပ်​ရာ​ရှိ​သ​မျှ​လည်း မ​စင်​ကြယ်​ဖြစ်၏။ 25ဥ​တု​မ​စင်​ကြယ်​ရာ​ကာ​လ​လွန်​မှ၊ သွေး​ယို​နာ​မ​ပျောက်​လျှင်၊ အ​နာ​မ​ပျောက်​မီ​တိုင်​အောင် ဥ​တု​မ​စင်​ကြယ်​လျက် နေ​ရ​သ​ကဲ့​သို့ မ​စင်​ကြယ်​ဖြစ်၏။ 26အ​နာ​မ​ပျောက်​မီ​တိုင်​အောင် သူ၏​အိပ်​ရာ​သည် ဥ​တု​မ​စင်​ကြယ်​ရာ အိပ်​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ထိုင်​ရာ​သည်​လည်း​ကောင်း မ​စင်​ကြယ်​ဖြစ်၏။ 27ထို​အ​ရာ​တို့​ကို ထိ​သော​သူ​သည်​လည်း မ​စင်​ကြယ်​သော​ကြောင့်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ 28ထို​မိန်း​မ​သည် သွေး​ယို​နာ​ပျောက်၍ ခု​နစ်​ရက်​လွန်​လျှင် စင်​ကြယ်​လိမ့်​မည်။ 29အ​ဋ္ဌ​မ​နေ့၌ ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တံ​ခါး​နား၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။ 30ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ပူ​ဇော်၍၊ ဥ​တု​မ​စင်​ကြယ်​သော​မိန်း​မ​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ 31ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​တွင်​ရှိ​သော ငါ့​တဲ​တော်​ကို ညစ်​ညူး​စေ၍၊ မိ​မိ​တို့​မ​စင်​ကြယ်​ရာ၌ မ​သေ​စေ​ခြင်း​ငှာ၊ သူ​တို့​ကို မ​စင်​ကြယ်​ခြင်း​နှင့် ကင်း​စင်​စေ​ရ​မည်။ 32ဤ​ရွေ့​ကား၊ ရိ​နာ​စွဲ​သော​သူ၊ 33သုက်​ရည်​ထွက်၍​ညစ်​ညူး​သော​သူ၊ ဥ​တု​ရောက်​သော​မိန်း​မ၊ သံ​ဝါ​သ​ပြု​သော ယောက်ျား​မိန်း​မ၊ မ​စင်​ကြယ်​သော​မိန်း​မ​နှင့် သံ​ဝါ​သ​ပြု​သော​ယောက်ျား စောင့်​ရ​သော​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in