ဝတ်ပြုရာ 12
12
သားဖွားပြီးစမိန်းမသန့်စင်ခြင်း
1တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 2မိန်းမသည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဖွားမြင်ပြီးလျှင်၊ ဥတုရောက်၍ ခုနစ်ရက်မစင်ကြယ်သကဲ့သို့ ခုနစ်ရက်မစင်ကြယ်နေရမည်။ 3အဋ္ဌမနေ့၌ သားယောက်ျားအား အရေဖျားလှီးခြင်းကိုပြုရမည်။ 4ထိုနောက် အမိသည်စင်ကြယ်စေခြင်းနှင့်ဆိုင်သော အသွေးရှိ၍၊ အရက်သုံးဆယ်သုံးရက်ပတ်လုံး နေရမည်။ စင်ကြယ်စေခြင်းနေ့ရက် မစေ့မီတိုင်အောင် သန့်ရှင်းသောအရာကိုမကိုင်ရ။ သန့်ရှင်းရာဌာနတော်ကို မသွားရ။ 5သားမိန်းမကိုဖွားမြင်လျှင်၊ ဥတုရောက်သကဲ့သို့ တစ်ဆယ်လေးရက်ပတ်လုံး မစင်ကြယ်နေရမည်။ စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ၍၊ အရက်ခြောက်ဆယ်ခြောက်ရက်ပတ်လုံး နေရမည်။ 6သားယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ စင်ကြယ်စေခြင်းနေ့ရက် ကာလစေ့သောအခါ၊ မီးရှို့ရာယဇ်ဖို့ အခါလည်သော သိုးသူငယ်တစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ ချိုးကလေးတစ်ကောင်၊ သို့မဟုတ် ခိုတစ်ကောင်ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။ 7ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ပူဇော်၍၊ ထိုမိန်းမအဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့်၊ သူသည် အသွေးသွန်ခြင်းအပြစ်မှ သန့်ရှင်းရလိမ့်မည်။ 8သိုးသငယ်ကိုမတတ်နိုင်လျှင် ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည်သူ့အဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့်၊ သူသည်သန့်ရှင်းရလိမ့်မည်။ ဤရွေ့ကား၊ သားယောက်ျား၊ သားမိန်းမကိုဖွားမြင်သောအမိနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။
Currently Selected:
ဝတ်ပြုရာ 12: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.