YouVersion Logo
Search Icon

ယောရှု 4

4
ကျောက်​တစ်​ဆယ့်​နှစ်​တုံး
1လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ​မ​ကြွင်း ယော်​ဒန်​မြစ်​ကို ကူး​ကြ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​က၊ 2လူ​များ​တို့​တွင် တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​ကို ရွေး​ကောက်၍၊ 3သူ​တို့​သည် ယော်​ဒန်​မြစ်​အ​လယ်၊ ယဇ်​ပု​ရော​ဟိတ်​တို့ မြဲ​မြံ​စွာ​နင်း​ရာ၊ ဤ​အ​ရပ်​ထဲ​က ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို​ယူ​ပြီး​လျှင် ထမ်း​သွား၍၊ ယ​နေ့​ည စ​ခန်း​ချ​ရာ​အ​ရပ်၌ ထား​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့​ဟု ယော​ရှု​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ 4ယော​ရှု​သည် ခန့်​ထား​နှင့်​သော ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​ကို​ခေါ်၍၊ 5သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့၊ ယော်​ဒန်​မြစ်​အ​လယ်​သို့ ကူး​သွား၍၊ ဣ​သ​ရေ​လ​အ​မျိုး အ​ရေ​အ​တွက်​အ​တိုင်း၊ လူ​တစ်​ယောက် ကျောက်​တစ်​လုံး​စီ​ယူ၍ ထမ်း​သွား​ကြ​လော့။ 6သို့​ပြု​လျှင် သက်​သေ​ကို​ရ​ကြ​လိမ့်​မည်။ နောင်​ကာ​လ၌ သင်​တို့၏​သား​သ​မီး​တို့​က၊ ဤ​ကျောက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​လျှင်၊ 7သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ယော်​ဒန်​မြစ်​ကို​ကူး​သော​အ​ခါ၊ သေ​တ္တာ​တော်​ရှေ့​မှာ မြစ်​ရေ​ပြတ်​လေ​သည်​ဟု ပြန်​ပြော​ရ​ကြ​မည်။ ထို​သို့ ဤ​ကျောက်​တို့​သည် အ​စဉ်​မ​ပြတ် ဣ​သ​ရေ​လ​အ​မျိုး​သား​အောက်​မေ့​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်​ဟု ယော​ရှု​မှာ​ထား​သည်​အ​တိုင်း၊ 8ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​အား​မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ ဣ​သ​ရေ​လ​အ​မျိုး အ​ရေ​အ​တွက်​အ​တိုင်း၊ ယော်​ဒန်​မြစ်​ထဲ​က ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို​ယူ​ပြီး​မှ၊ စ​ခန်း​ချ​ရာ​အ​ရပ်​သို့ ထမ်း​သွား၍ ထား​ကြ၏။ 9တစ်​ဖန်​တုံ၊ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့ နင်း​ရာ​အ​ရပ် ယော်​ဒန်​မြစ်​အ​လယ်၌ ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို ယော​ရှု​သည်​စိုက်​ထား၍ ယ​နေ့​တိုင်​အောင်​ရှိ​ကြ၏။
10ယော​ရှု​သည် မော​ရှေ​မှာ​ထား​သည်​အ​တိုင်း၊ လူ​များ​တို့​အား​ဆင့်​ဆို​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​တို့​ကို အ​ကုန်​အ​စင်​ပြု​သည်​တိုင်​အောင် သေ​တ္တာ​တော်​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယော်​ဒန်​မြစ်​အ​လယ်၌ ရပ်​နေ​ကြ၏။ လူ​များ​တို့​သည်​လည်း ကြိုး​စား၍​ကူး​ကြ၏။ 11လူ​များ​အ​ပေါင်း​တို့​သည် အ​ကုန်​အ​စင်​ကူး​ကြ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​များ​မျက်​မှောက်​တွင်​ကူး​ကြ၏။ 12ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား၊ မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​တို့​သည် မော​ရှေ​မှာ​ခဲ့​သည်​အ​တိုင်း လက်​နက်​ကို​စွဲ​ကိုင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ကူး​သွား​ကြ၏။ 13ထို​အ​မျိုး​သား​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် လေး​သောင်း​ခန့်​မျှ​ရှိ၍၊ စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယေ​ရိ​ခေါ​လွင်​ပြင်​သို့ ကူး​သွား​ကြ၏။ 14ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ယော​ရှု​ကို​ချီး​မြှင့်​တော်​မူ၍၊ သူ​တို့​သည် မော​ရှေ​ကို​ကြောက်​ရွံ့​သ​ကဲ့​သို့ ယော​ရှု​ကို​လည်း သူ၏​အ​သက်​တည်​သည်​ကာ​လ​ပတ်​လုံး ကြောက်​ရွံ့​ကြ၏။
15တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သက်​သေ​ခံ​ချက် သေ​တ္တာ​တော်​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ 16ယော်​ဒန်​မြစ်​ထဲ​က တက်​လာ​ရ​မည်​အ​ကြောင်း၊ ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 17ယော်​ဒန်​မြစ်​ထဲ​က တက်​လာ​ကြ​လော့​ဟု ယဇ်​ပု​ရော​ဟိတ်​တို့​အား ယော​ရှု​သည် ဆင့်​ဆို​လေ၏။ 18ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယော်​ဒန်​မြစ်​အ​လယ်​ထဲ​က တက်​လာ၍၊ ခြေ​ဖ​ဝါး​တို့​သည် ကုန်း​ကို​နင်း​မိ​ကြ​သော​အ​ခါ၊ ယော်​ဒန်​မြစ်​ရေ​သည် မိ​မိ​နေ​ရာ​သို့ ပြန်​လာ၍၊ အ​ရင်​ကဲ့​သို့ ကမ်း​တစ်​လျှောက်​လုံး​ကို လျှံ​လျက်​နေ၏။
19ပ​ထ​မ​လ၊ ဒ​သ​မ​နေ့​ရက်​တွင်၊ လူ​များ​တို့​သည် ယော်​ဒန်​မြစ်​ထဲ​က တက်​လာ၍၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့​ဘက်​နား​မှာ၊ ဂိ​လ​ဂါ​လ​အ​ရပ်၌ တပ်​ချ​ကြ၏။ 20ယော်​ဒန်​မြစ်​ထဲ​က ထုတ်​ယူ​သော ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို ယော​ရှု​သည် ဂိ​လ​ဂါ​လ​အ​ရပ်၌ စိုက်​ထား၏။ 21ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​လည်း၊ နောင်​ကာ​လ၌ သင်​တို့၏​သား​သ​မီး​တို့​က၊ ဤ​ကျောက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု အ​ဘ​တို့​အား​မေး​မြန်း​လျှင်၊ 22သင်​တို့​က၊ ဣ​သ​ရေ​လ​လူ​တို့​သည် မြေ​ပေါ်​မှာ​လျှောက်​သ​ကဲ့​သို့ ဤ​ယော်​ဒန်​မြစ်​ကို ကူး​လာ​ကြ​သည်​ဟု သား​သ​မီး​တို့​အား ကြား​ပြော​ရ​ကြ​မည်။ 23ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​တော်​မူ​သည်​ကို မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​မည်​အ​ကြောင်း​နှင့် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​တို့​သည် အ​စဉ်​အ​မြဲ​ကြောက်​ရွံ့​ရ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ဧ​ဒုံ​ပင်​လယ်​ကို​ကူး၍ ကမ်း​တစ်​ဖက်​သို့ မ​ရောက်​မီ​တိုင်​အောင်၊ 24သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ရှေ့​မှာ ပင်​လယ်​ရေ​ကို ခန်း​ခြောက်​စေ​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ကမ်း​တစ်​ဖက်​သို့​မ​ရောက်​မီ​တိုင်​အောင်၊ သင်​တို့​ရှေ့​မှာ မြစ်​ရေ​ကို ခန်း​ခြောက်​စေ​တော်​မူ​သည်​ဟု ယော​ရှု​မှာ​ထား​လေ၏။

Currently Selected:

ယောရှု 4: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in