YouVersion Logo
Search Icon

ယောရှု 22

22
ယော်​ဒန်​မြစ်​နား​တွင်​တည်​သော​ယဇ်​ပ​လ္လင်
1တစ်​ဖန် ယော​ရှု​သည် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​ကို​ခေါ်၍၊ 2ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​သည် ပြု၍၊ ငါ​မှာ​ထား​သ​မျှ​သော စ​ကား​ကို​လည်း နား​ထောင်​ကြ​ပြီ။#တော၊ ၃၂:၂၀-၃၂၊ ယောရှု၊ ၁:၁၂-၁၅။ 3ယ​နေ့​တိုင်​အောင် ကြာ​မြင့်​စွာ​သော​ကာ​လ​ပတ်​လုံး သင်​တို့​သည် ညီ​အစ်​ကို​များ​ကို မ​စွန့်​ဘဲ​နေ၍၊ သင်​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​မှာ​ထား​တော်​မူ​သ​မျှ​ကို စောင့်​ရှောက်​ကြ​ပြီ။ 4ယ​ခု​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ညီ​အစ်​ကို​တို့​အား ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော​ကြောင့်၊ သင်​တို့​ပြန်၍ ကိုယ်​နေ​ရာ​အိမ်​သို့​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သည်​အ​တိုင်း၊ ကိုယ်​ပိုင်​သော​မြေ​သို့​လည်း​ကောင်း သွား​ကြ​လော့။ 5သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​မှာ​ထား​သော ပ​ညတ်​တ​ရား​အ​တိုင်း ကျင့်၍၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​ခြင်း၊ လမ်း​တော်​အ​လုံး​စုံ​တို့၌ လိုက်​သွား​ခြင်း၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခြင်း၊ ကိုယ်​တော်၌ ဆည်း​ကပ်​ခြင်း၊ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း​ငှာ​ကြိုး​စား၍ သ​တိ​ပြု​ကြ​လော့​ဟု​မှာ​ထား​လျက်၊ 6ကောင်း​ချီး​ပေး၍ လွှတ်​လိုက်​လေ၏။ သူ​တို့​သည် ကိုယ်​နေ​ရာ​အိမ်​သို့ သွား​ကြ၏။ 7မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​အား မော​ရှေ​သည် ဗာ​ရှန်​ပြည်၌ မြေ​ကို​ပေး​နှင့်​ပြီ။ အ​မျိုး​တစ်​ဝက်​အား ယော​ရှု​သည် ယော်​ဒန်​မြစ်​အ​နောက်​ဘက်၌ သူ​တို့​ညီ​အစ်​ကို​များ​နှင့် အ​တူ မြေ​ကို​ပေး၏။ 8ယော​ရှု​က​လည်း၊ သင်​တို့​သည် အ​လွန်​ဥ​စ္စာ​ရ​တတ်၍ များ​စွာ​သော တိ​ရ​စ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ အ​ဝတ်​တန်​ဆာ​များ​တို့​ကို​ယူ​ဆောင်​လျက် သင်​တို့​နေ​ရာ​အိမ်​သို့ ပြန်​သွား​ကြ​လော့။ ရန်​သူ​တို့၌ လု​ယူ၍​ရ​သော​ဥ​စ္စာ​ကို သင်​တို့​ညီ​အစ်​ကို​များ၌ ဝေ​ဖန်​ကြ​လော့​ဟု​မှာ​ထား​လျက်၊ ကောင်း​ချီး​ပေး၍ သူ​တို့​နေ​ရာ​အိမ်​သို့ လွှတ်​လိုက်​လေ၏။ 9ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ပိုင်​ထိုက်​သော​မြေ၊ ဂိ​လဒ်​ပြည်​သို့​သွား​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​ရာ ခါ​နာန်​ပြည်၊ ရှိ​လော​မြို့​မှ ထွက်​သွား​ကြ၏။
10ခါ​နာန်​ပြည်၊ ယော်​ဒန်​မြစ်​နား​သို့ ရောက်​သော​အ​ခါ၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​နား​မှာ ထင်​ရှား​စွာ​သော ယဇ်​ပ​လ္လင်​ကြီး​ကို တည်​ကြ၏။ 11ထို​သို့ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ခါ​နာန်​ပြည်​တစ်​ဖက်၊ ယော်​ဒန်​မြစ်​နား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ကူး​ရာ​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို တည်​ကြ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သ​တင်း​ကြား​ကြ၏။ 12ထို​သ​တင်း​ကို​ကြား​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် စစ်​ချီ​ခြင်း​ငှာ၊ ရှိ​လော​မြို့၌​စည်း​ဝေး​ကြ၏။ 13-14ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သား ဖိ​န​ဟတ်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​အ​ထဲ​က ရွေး​ကောက်၍၊ လူ​တစ်​ထောင်​ကို​အုပ်​သော အ​ဆွေ​အ​မျိုး သူ​ကြီး​ဆယ်​ပါး​တို့​ကို ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ရှိ​ရာ ဂိ​လဒ်​ပြည်​သို့ စေ​လွှတ်​ကြ၏။ 15ထို​မင်း​တို့​သည် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ရှိ​ရာ ဂိ​လဒ်​ပြည်​သို့​ရောက်၍၊ 16ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​အ​ပေါင်း​တို့ မှာ​လိုက်​သည်​ကား၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ယ​နေ့​ပုန်​ကန်၍ ယဇ်​ပ​လ္လင်​ကို တည်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ မ​လိုက်၊ ယ​နေ့​လွှဲ​သွား​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော​အ​ပြစ်​ကား အ​ဘယ်​သို့​နည်း။#တရား၊ ၁၂:၁၃-၁၄။ 17သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့​မ​လိုက် လွှဲ​သွား​ရ​မည်​အ​ကြောင်း၊ ပေ​ဂု​ရ​အ​ပြစ်​သည် ငါ​တို့​အ​ဖို့​မ​လောက်​သ​လော။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တော်၌ ဘေး​ကြီး​ရောက်​သော်​လည်း၊ ယ​နေ့​တိုင်​အောင် ထို​အ​ပြစ်​မ​ရှင်း​လင်း​သေး။#တော၊ ၂၅:၁-၉။ 18သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ယ​နေ့​ပုန်​ကန်၍ နက်​ဖြန်​နေ့ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို အ​မျက်​ထွက်​တော်​မူ​မည်။ 19သို့​သော်​လည်း သင်​တို့​အ​ပိုင်​ရ​သော​မြေ​သည် မ​စင်​ကြယ်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား အ​ပိုင်​ယူ​တော်​မူ၍၊ တဲ​တော်​ရှိ​ရာ​မြေ​သို့ ကူး​သ​ဖြင့် ငါ​တို့​နှင့်​အ​တူ အ​ပိုင်​ယူ​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​တော်​မှ​တစ်​ပါး၊ အ​ခြား​သော​ယဇ်​ပ​လ္လင်​ကို ကိုယ်​အ​ဖို့​တည်၍ ထာ​ဝ​ရ​ဘု​ရား​ကို မ​ပုန်​ကန်​ကြ​နှင့်။ ငါ​တို့​ကို​လည်း မ​ပုန်​ကန်​ကြ​နှင့်။ 20ဇေ​ရ​သား​အာ​ခန်​သည် ကျိန်​အပ်​သော​အ​ရာ၌ ပြစ်​မှား၍ အ​မျက်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော။ ထို​သူ​သည် ပြစ်​မှား​သော​အ​ပြစ်​ကြောင့် တစ်​ယောက်​တည်း​သာ သေ​ရ​သည်​မ​ဟုတ်​ဟု ဆို​ကြ၏။#ယောရှု၊ ၇:၁-၂၆။
21ထို​အ​ခါ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​တွင် လူ​တစ်​ထောင်​စီ​အုပ်​သော အ​ကဲ​အ​မှူး​တို့​အား ပြန်​ပြော​လေ​သည်​မှာ၊ 22မြတ်​စွာ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ မြတ်​စွာ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် သိ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​လည်း ကိုယ်​တိုင်​သိ​ရ​လိမ့်​မည်။ ပုန်​ကန်​မည်​အ​ကြံ၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မည်​အ​ကြံ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ မ​လိုက်​ဘဲ လွှဲ​သွား​ခြင်း​ငှာ ငါ​တို့​သည် ယဇ်​ပ​လ္လင်​ကို တည်​သည်​မှန်​လျှင်၊ ယ​နေ့ ဘေး​မ​လွတ်​ပါ​စေ​နှင့်။ 23ထို​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​မည်​အ​ကြံ​ရှိ​လျှင်​လည်း ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် စစ်​ကြော​တော်​မူ​ပါ​စေ။ 24နောင်​ကာ​လ၌ သင်​တို့​သား​မြေး​တို့​က၊ အို ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သို့ ဆိုင်​ကြ​သ​နည်း။ 25ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့် သင်​တို့​စပ်​ကြား၌​ပိုင်း​ခြား​လျက် ယော်​ဒန်​မြစ်​ကို ထား​တော်​မူ​ပြီ။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​လျှင်း​မ​ဆိုင်​ကြ​ဟု ငါ​တို့​သား​မြေး​တို့​အား ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သား​မြေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကြောက်​ရွံ့​ဘဲ​နေ​စေ​မည်​အ​ကြောင်း၊ သင်​တို့​သား​မြေး​တို့​သည် ပြု​ကြ​မည်​ဟု​စိုး​ရိမ်၍ ဤ​အ​မှု​ကို ပြု​ပြီ​မ​ဟုတ်​လော။ 26သို့​ဖြစ်၍ ငါ​တို့​သည် ယဇ်​ပ​လ္လင်​ကို​တည်​ခြင်း​ငှာ ပြင်​ကြ​ကုန်​အံ့​ဟု ဆို​ကြ​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​ကို ပူ​ဇော်​မည်​အ​ကြံ ရှိ​သည်​မ​ဟုတ်။ 27ငါ​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​အ​မျိုး​မျိုး​ကို ပြု​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အ​မှု​ကို ရှေ့​တော်၌ ဆောင်​ရွက်​ခြင်း​ငှာ​လည်း​ကောင်း၊ နောင်​ကာ​လ၌ သင်​တို့​သား​မြေး​တို့​က၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​လျှင်း​မ​ဆိုင်​ကြ​ဟု ငါ​တို့​သား​မြေး​တို့​အား မ​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​ယဇ်​ပ​လ္လင်​သည် ငါ​တို့​နှင့် သင်​တို့​စပ်​ကြား၊ ငါ​တို့​သား​မြေး​နှင့် သင်​တို့​သား​မြေး​စပ်​ကြား​မှာ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ တည်​ကြ​ပါ​ပြီ။ 28နောင်​ကာ​လ၌ သူ​တို့​သည် ငါ​တို့​နှင့် ငါ​တို့​သား​မြေး​တို့​အား ထို​သို့​ပြော​ဆို​လျှင်၊ ငါ​တို့​က ငါ​တို့​အ​ဘ​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​ကို ပူ​ဇော်​ခြင်း​ငှာ​မ​ဟုတ်၊ ငါ​တို့​နှင့် သင်​တို့​စပ်​ကြား​မှာ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ တည်​သော ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပုံ​ကို ကြည့်​ကြ​လော့​ဟု ပြန်​ပြော​စ​ရာ​အ​ကြောင်း ရှိ​စေ​ခြင်း​ငှာ ငါ​တို့​သည်​တိုင်​ပင်​ကြ​ပြီ။ 29တဲ​တော်​ရှေ့၌​ရှိ​သော ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​တော်​မှ​တစ်​ပါး အ​ခြား​သော​ယဇ်​ပ​လ္လင်​ကို တည်၍ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မျိုး​ကို ပြု​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်၍ နောက်​တော်​သို့​မ​လိုက်၊ လွှဲ​သွား​ခြင်း​အ​မှု​သည် ငါ​တို့​နှင့် ဝေး​ပါ​စေ​သော​ဟု ပြန်​ပြော​ကြ၏။
30ယဇ်​ပု​ရော​ဟိတ်​ဖိ​န​ဟတ်​နှင့် ပ​ရိ​သတ်​မင်း​များ၊ ဣ​သ​ရေ​လ​အ​မျိုး၌ လူ​တစ်​ထောင်​စီ​အုပ်​သော အ​ကဲ​အ​မှူး​များ​တို့​သည် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​သား​တို့ ပြော​သော​စ​ကား​ကို​ကြား​ရ​သော​အ​ခါ အား​ရ​ကြ၏။ 31ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ​သား​ဖိ​န​ဟတ်​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ပြစ်​မှား​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင် ရှိ​တော်​မူ​ကြောင်း​ကို ယ​နေ့ ငါ​တို့​သိ​မြင်​ကြ၏။ သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​လက်​တော်​မှ ယ​ခု​ကယ်​လွှတ်​ကြ​ပြီ​ဟု ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​သား​တို့​အား ပြော​ဆို​ကြ၏။ 32ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သား ဖိ​န​ဟတ်​နှင့် မင်း​များ​တို့​သည် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး​သား​တို့​နေ​ရာ ဂိ​လဒ်​ပြည်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​နေ​ရာ ခါ​နာန်​ပြည်​သို့ ပြန်​လာ၍ သ​တင်း​ကြား​ပြော​သ​ဖြင့်၊ 33ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ၍ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ၏။ နောက်​တစ်​ဖန် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး​သား​တို့​နေ​သော​ပြည်​ကို လုပ်​ကြံ​အံ့​သော​ငှာ စစ်​ချီ​မည်​ဟု အ​ကြံ​မ​ရှိ​ကြ။ 34ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး​သား​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို ဤ​ယဇ်​ပ​လ္လင်​သည် ငါ​တို့​စပ်​ကြား​မှာ​သက်​သေ​ခံ​ပါ​စေ​သော​ဟု​ဆို​လျက် ထို​ပ​လ္လင်​ကို ဧ​ဒ​အ​မည်​ဖြင့် မှည့်​ကြ၏။

Currently Selected:

ယောရှု 22: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in