YouVersion Logo
Search Icon

ယောရှု 19

19
ရှိ​မောင်​အ​မျိုး​သား​အ​မွေ​မြေ
1ဒု​တိ​ယ​တစ်​ကြိမ်​စာ​ရေး​တံ​ပြု၍၊ ရှိ​မောင်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ယု​ဒ​အ​မွေ​မြေ​အ​တွင်း၌ အ​မွေ​ခံ​ရ​ကြ၏။ 2သူ​တို့​အ​မွေ​မြေ၌​ရှိ​သော မြို့​များ​ဟူ​မူ​ကား၊ ဗေ​ရ​ရှေ​ဘ​မြို့၊ မော​လ​ဒါ​မြို့၊ 3ဟာ​ဇာ​ရွာ​လ​မြို့၊ ဗာ​လာ​မြို့၊ အာ​ဇင်​မြို့၊ 4ဧ​လ​တော​လဒ်​မြို့၊ ဗေ​သု​လ​မြို့၊ ဟော​မာ​မြို့၊ 5ဇိ​က​လတ်​မြို့၊ ဗက်​မာ​က​ဗုတ်​မြို့၊ ဟာ​ဇာ​သု​သ​မြို့၊ 6ဗက်​လေ​ဗောက်​မြို့၊ ရှ​ရု​ဟင်​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​သုံး​မြို့​တည်း။ 7ထို​မှ​တစ်​ပါး၊ အင်​ရိ​မ္မုန်​မြို့၊ တော​ခင်​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန်​မြို့၊ ရွာ​နှင့်​တ​ကွ လေး​မြို့​တည်း။ 8ထို​မှ​တစ်​ပါး တောင်​မျက်​နှာ၌ ဗာ​လတ်​ဗေ​ရ​ရာ​မတ်​မြို့​တိုင်​အောင် အ​ထက်​ဆို​ခဲ့​ပြီး​သော မြို့​ပတ်​ဝန်း​ကျင် ရွာ​ရှိ​သ​မျှ​ပါ​သ​တည်း။ ဤ​ရွေ့​ကား ရှိ​မောင်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​တည်း။#၅​ရာ၊ ၄:၂၈-၃၃။ 9ရှိ​မောင်​အ​မွေ​မြေ​သည် ယု​ဒ​အ​မျိုး​သား​ခံ​သော အ​ဖို့​ထဲ​က​နုတ်​ရ၏။ ယု​ဒ​အ​မျိုး​သား​တို့​အ​ဖို့​သည် ကြီး​ကျယ်​သော​ကြောင့်၊ သူ​တို့​အ​မွေ​မြေ​အ​တွင်း၌ ရှိ​မောင်​အ​မျိုး​သား​တို့​သည် အ​မွေ​ခံ​ရ​ကြ၏။
10တ​တိ​ယ​တစ်​ကြိမ် စာ​ရေး​တံ​ပြု၍ ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​ကြ၏။ သူ​တို့​အ​မွေ​မြေ​အ​ပိုင်း​အ​ခြား​သည် စာ​ရိဒ်​မြို့​မှ​ထွက်၍၊ 11အ​နောက်​သို့​သွား​လျက် မ​ရာ​လ​မြို့၊ ဒ​ဗ္ဗ​ရှက်​မြို့​သို့​လည်း​ကောင်း၊ ယော​က​နံ​မြို့​ရှေ့​မှာ​ရှိ​သော မြစ်​သို့​လည်း​ကောင်း မီ​လေ၏။ 12တစ်​ဖန် စာ​ရိဒ်​မြို့​မှ နေ​ထွက်​ရာ​အ​ရှေ့​မျက်​နှာ​သို့​လှည့်​သ​ဖြင့်၊ ခိ​သ​လု​တ္တာ​ဗော်​မြို့၊ ဒါ​ဗ​ရတ်​မြို့​သို့ ရောက်​ပြီး​လျှင်၊ ယာ​ဖျာ​မြို့​သို့ တက်​လေ၏။ 13ထို​မြို့​မှ​စ၍ အ​ရှေ့​ဘက်​နား​မှာ​လိုက်​လျက်၊ ဂိ​တ္တ​ဟေ​ဖာ​မြို့၊ အိ​တ္တ​ကာ​ဇိန်​မြို့၊ ရိ​မ္မုန်​မေ​သော​ရ​နေ​အာ​မြို့​သို့ ရောက်​လေ၏။ 14မြောက်​ဘက်၌​လည်း​ဝိုင်း​သ​ဖြင့်၊ ဟ​န္န​သုန်​မြို့​သို့​ရောက်၍ ယိ​ဖ​သေ​လ​ချိုင့်၌ ဆုံး​လေ၏။ 15ထို​မှ​တစ်​ပါး၊ က​တ္တတ်​မြို့၊ န​ဟာ​လာ​လ​မြို့၊ ရှိ​မ​ရုန်​မြို့၊ ဣ​ဒ​လ​မြို့၊ ဗက်​လင်​မြို့​တည်း​ဟူ​သော ရွာ​နှင့်​တ​ကွ ဆယ်​နှစ်​မြို့​ရှိ​သ​တည်း။ 16ဤ​ရွေ့​ကား​မြို့​ရွာ​ပါ​လျက် ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​တည်း။
17စ​တု​တ္ထ​တစ်​ကြိမ် စာ​ရေး​တံ​ပြု၍ ဣ​သ​ခါ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​ကြ၏။ 18သူ​တို့​အ​ပိုင်း​အ​ခြား​သည် ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု​လုတ်​မြို့၊ ရှု​နင်​မြို့၊ 19ဟာ​ဖ​ရိမ်​မြို့၊ ရှိ​ဟုန်​မြို့၊ အာ​န​ဟာ​ရတ်​မြို့၊ 20ရ​ဗ္ဗိတ်​မြို့၊ ကိ​ရှုန်​မြို့၊ အာ​ဗက်​မြို့၊ 21ရေ​မက်​မြို့၊ အင်္ဂ​န္နိမ်​မြို့၊ အင်္ဟ​ဒ္ဒါ​မြို့၊ ဗက်​ပ​ဇ္ဇက်​မြို့​ပါ​လျက်၊ 22တာ​ဗော်​မြို့၊ ရာ​ဟ​ဇိ​မ​မြို့၊ ဗက်​ရှေ​မက်​မြို့​သို့​ရောက်၍ ယော်​ဒန်​မြစ်၌ ဆုံး​လေ၏။ ရွာ​နှင့်​တ​ကွ ဆယ်​ခြောက်​မြို့​ရှိ​သ​တည်း။ 23ဤ​ရွေ့​ကား​မြို့​ရွာ​ပါ​လျက် ဣ​သ​ခါ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ခံ​ရ​သော​အ​မွေ​တည်း။
24ပ​ဥ္စ​မ​တစ်​ကြိမ် စာ​ရေး​တံ​ပြု၍ အာ​ရှာ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​အ​မွေ​ခံ​ရ​ကြ၏။ 25သူ​တို့​အ​ပိုင်း​အ​ခြား​သည် ဟေ​လ​ကတ်​မြို့၊ ဟာ​လိ​မြို့၊ ဗေ​တင်​မြို့၊ အာ​ခ​ရှပ်​မြို့၊ 26အာ​လ​မ္မေ​လက်​မြို့၊ အာ​မဒ်​မြို့၊ မိ​ရှာ​လ​မြို့​ပါ​လျက်၊ အ​နောက်​မျက်​နှာ၌ က​ရ​မေ​လ​မြို့၊ ရှိ​ဟော​ရ​လိ​ဗ​နတ်​မြို့​သို့ ရောက်​လေ၏။ 27တစ်​ဖန် နေ​ထွက်​ရာ​ဘက်​သို့​လှည့်၍ ဗက်​ဒါ​ဂုန်​မြို့၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ ယိ​ဖ​သေ​လ​ချိုင့်​ကို​လျှောက်​သ​ဖြင့်၊ မြောက်​မျက်​နှာ​သို့​သွား၍ ဗေ​သ​မက်​မြို့၊ န​ယေ​လ​မြို့၊ ကာ​ဗု​လ​မြို့၊ 28ဟေ​ဗြုန်​မြို့၊ ရ​ဟော​ဘ​မြို့၊ ဟ​မ္မုန်​မြို့၊ ကာ​န​မြို့၊ ဇိ​ဒုန်​မြို့​ကြီး​တိုင်​အောင် ရောက်​ပြီး​လျှင်၊ 29ရာ​မ​မြို့၊ ခိုင်​ခံ့​သော​တု​ရု​မြို့၊ ဟော​သ​မြို့​သို့​လှည့်​လျက်၊ ပင်​လယ်​ကမ်း​ပါး​မှ​စ၍ အာ​ခ​ဇိပ်​မြို့​တိုင်​အောင် ပင်​လယ်၌​ဆုံး​လေ၏။ 30အု​မ္မ​မြို့၊ အာ​ဖက်​မြို့၊ ရ​ဟော​ဘ​မြို့​နှင့်​တ​ကွ ရွာ​ပါ​လျက် နှစ်​ဆယ်​နှစ်​မြို့ ရှိ​သ​တည်း။ 31ဤ​ရွေ့​ကား မြို့​ရွာ​ပါ​လျက် အာ​ရှာ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​တည်း။
32ဆ​ဋ္ဌ​မတစ်​ကြိမ် စာ​ရေး​တံ​ပြု၍ နဿ​လိ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​ကြ၏။ 33သူ​တို့​အ​ပိုင်း​အ​ခြား​သည် ဟေ​လပ်​မြို့၊ အာ​လုန်​မြို့၊၊ ဇာ​န​န္နိမ်​မြို့၊ အာ​ဒ​မိ​မြို့၊ နေ​ကပ်​မြို့၊ ယာ​ဗ​နေ​လ​မြို့၊ လာ​ကုံ​မြို့​ပါ​လျက် ယော်​ဒန်​မြစ်၌​ဆုံး​လေ၏။ 34တစ်​ဖန် အ​နောက်​မျက်​နှာ​သို့​လှည့်​သ​ဖြင့် အာ​ဇ​နု​တ္တာ​ဘော်​မြို့၊ ဟု​ကုတ်​မြို့​သို့​ရောက်၍၊ တောင်​ဘက်၌ ဇာ​ဗု​လုန်​ခ​ရိုင်၊ အ​နောက်​ဘက်၌ အာ​ရှာ​ခ​ရိုင်၊ နေ​ထွက်​ရာ​ဘက်၌ ယော်​ဒန်​မြစ် အ​ပိုင်း​အ​ခြား​ရှိ၏။ 35ခိုင်​ခံ့​သော​မြို့​များ​ဟူ​မူ​ကား၊ ဇိ​ဒ္ဒိမ်​မြို့၊ ဇေ​ရ​မြို့၊ ဟ​မ္မတ်​မြို့၊ ရ​က္ကတ်​မြို့၊ ဂင်္နေ​သ​ရက်​မြို့၊ 36အာ​ဒ​မာ​မြို့၊ ရာ​မ​မြို့၊ ဟာ​ဇော်​မြို့၊ 37ကေ​ဒေ​ရှ​မြို့၊ အင်​ဟာ​ဇော်​မြို့၊ ဧ​ဒြိ​မြို့၊ 38ဣ​ရုန်​မြို့၊ မိ​ဂ​ဒ​လေ​လ​မြို့၊ ဟော​ရင်​မြို့၊ ဗေ​သ​နတ်​မြို့၊ ဗက်​ရှေ​မက်​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​ကိုး​မြို့​တည်း။ 39ဤ​ရွေ့​ကား မြို့​ရွာ​ပါ​လျက်၊ နဿ​လိ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​တည်း။
40သ​တ္တ​မ​တစ်​ကြိမ် စာ​ရေး​တံ​ပြု၍ ဒန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​ကြ၏။ 41သူ​တို့​အ​မွေ​ခံ​ရ​သော မြို့​များ​ဟူ​မူ​ကား၊ ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့၊ ဣ​ရ​ရှေ​မက်​မြို့၊ 42ရှာ​လ​ဗ္ဗိန်​မြို့၊ အာ​ယ​လုန်​မြို့၊ ယေ​သ​လ​မြို့၊ 43ဧ​လုန်​မြို့၊ သိ​မ​နာ​သ​မြို့၊ ဧ​ကြုန်​မြို့၊ 44ဧ​လ​တေ​က​မြို့၊ ဂိ​ဗ္ဗ​သုန်​မြို့၊ ဗာ​လပ်​မြို့၊ 45ယေ​ဟုတ်​မြို့၊ ဗေ​န​ဗေ​ရက်​မြို့၊ ဂါ​သ​ရိ​မ္မုန်​မြို့၊ 46မေ​ယာ​ကုန်​မြို့၊ ရ​က္ကုန်​မြို့၊ ယာ​ဖော​မြို့​ရှေ့​မှာ​ရှိ​သော​မြေ ပါ​သ​တည်း။ 47ဒန်​အ​မျိုး​သား​ရ​သော​မြေ​သည် ကျဉ်း​မြောင်း​သော​ကြောင့်၊ လဲ​ရှ​မြို့​ကို စစ်​ချီ၍​တိုက်​ယူ​လုပ်​ကြံ​သ​ဖြင့် နေ​ရာ​ချ​ကြ၏။ လဲ​ရှ​မြို့​ကို၊ အ​မျိုး၏​အ​ဘ​ဒန်​ကို အ​စွဲ​ပြု၍၊ ဒန်​မြို့​ဟူ​သော​အ​မည်​ဖြင့် မှည့်​ကြ၏။#သူ​ကြီး၊ ၁၈:၂၇-၂၉။ 48ဤ​ရွေ့​ကား​မြို့​ရွာ​ပါ​လျက်၊ ဒန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​တည်း။
49ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မြေ​တစ်​ပြင်​လုံး​ကို အ​ပိုင်း​အ​ခြား​နှင့်​တ​ကွ ဝေ​ဖန်၍​အ​မွေ​ခံ​ပြီး​မှ၊ နုန်၏​သား​ယော​ရှု​အား အ​မွေ​မြေ​ကို ပေး​ကြ၏။ 50သူ​တောင်း​သော​မြို့ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ တိ​မ​နဿေ​ရ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း ပေး​သ​ဖြင့်၊ သူ​သည် မြို့​ကို​တည်​ထောင်၍ နေ​လေ၏။ 51ဤ​ရွေ့​ကား ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည်၊ ရှိ​လော​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၌ ဝေ​ပေး​သော အ​မွေ​ခံ​စ​ရာ​မြေ အ​သီး​အ​သီး​ပေ​တည်း။ ဤ​ရွေ့​ကား၊ ပြည်​ကို​ဝေ​ဖန်​သော​အ​မှု​ပြီး​လေ၏။

Currently Selected:

ယောရှု 19: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in