YouVersion Logo
Search Icon

ယောရှု 17

17
1ယော​သပ်၏​သား​ဦး​မ​နာ​ရှေ​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​သော မြေ​ဟူ​မူ​ကား၊ မ​နာ​ရှေ၏ သား​တည်း​ဟူ​သော ဂိ​လဒ်၏​အ​ဘ မာ​ခိ​ရ​သည် စစ်​သူ​ရဲ​ဖြစ်၍၊ ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​ကို​ရ၏။ 2ယော​သပ်၏​သား မ​နာ​ရှေ၏​သား​ယောက်ျား အ​ခြား​တည်း​ဟူ​သော အ​ဗျေ​ဇာ​သား၊ ဟေ​လက်​သား၊ အ​သ​ရေ​လ​သား၊ ရှေ​ခင်​သား၊ ဟေ​ဖာ​သား၊ ရှ​မိ​ဒ​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​စာ​ရေး​တံ​ပြု၍ ရ​ကြ​သေး၏။ 3သို့​ရာ​တွင် မ​နာ​ရှေ၊ မာ​ခိ​ရ၊ ဂိ​လဒ်၊ ဟေ​ဖာ​တို့​မှ​ဆင်း​သက်​သော ဇ​လော​ဖဒ်၌ သား​ယောက်ျား​မ​ရှိ၊ သ​မီး​သက်​သက်​သာ ရှိ၏။ သူ၏​သ​မီး​တို့​အ​မည်​ကား၊ မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ၊ တိ​ရ​ဇာ​တည်း။ 4ထို​မိန်း​မ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု၊ မင်း​များ​ရှေ့​သို့ ချဉ်း​ကပ်၍ အ​ကျွန်ုပ်​တို့​ပေါက်​ဖော်​နှင့်​အ​တူ အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို အ​ကျွန်ုပ် တို့​အား​ပေး​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မှာ​ထား​တော်​မူ​ပြီ​ဟု လျှောက်၍၊ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း သူ​တို့​အ​ဘ၏​ညီ​အစ်​ကို​တို့​နှင့်​အ​တူ အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို ပေး၏။#တော၊ ၂၇:၁-၇။ 5-6ထို​သို့ မ​နာ​ရှေ၏​သ​မီး​တို့​သည် သား​တို့​နှင့်​အ​တူ အ​မွေ​ကို​ခံ​ရ၍၊ မ​နာ​ရှေ၏​သား​အ​ချို့​တို့​သည် ဂိ​လဒ်​ပြည်​ကို ရ​သော​ကြောင့်၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​မှ​တစ်​ပါး၊ မ​နာ​ရှေ​အ​မျိုး​သည် ဆယ်​ဖို့​ကို ရ​သေး၏။
7မ​နာ​ရှေ​ခ​ရိုင်​အ​ပိုင်း​အ​ခြား​သည် အာ​ရှာ​ခ​ရိုင်​မှ ရှေ​ခင်​မြို့​ရှေ့​တွင်​ရှိ​သော မိတ်​မေ​သ​မြို့​သို့​သွား၍ လက်​ယာ​ဘက်၌ အင်​တာ​ပွါ​မြို့​သို့ လိုက်​လေ၏။ 8တာ​ပွါ​မြို့​နယ်​ကို မ​နာ​ရှေ​ပိုင်​သော်​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​စွန်း​မှာ​ရှိ​သော တာ​ပွါ​မြို့​ကို ဧ​ဖ​ရိမ်​သား​တို့​သည် ပိုင်​ကြ၏။ 9တစ်​ဖန် အ​ပိုင်း​အ​ခြား​သည် ကာ​န​မြစ်​တောင်​ဘက်​သို့​လိုက်၍၊ မ​နာ​ရှေ​မြို့​တို့​တွင် ဧ​ဖ​ရိမ်​မြို့​အ​ချို့​ပါ​သော်​လည်း၊ မြစ်​မြောက်​ဘက်​မြေ​သည် မ​နာ​ရှေ​မြေ​ဖြစ်၍ ပင်​လယ်၌​ဆုံး​လေ၏။ 10တောင်​ဘက်၌ ဧ​ဖ​ရိမ်​မြေ၊ မြောက်​ဘက်၌ မ​နာ​ရှေ​မြေ​ဖြစ်​လျက်၊ ပင်​လယ်​ကန့်​ကွက်၍ မြောက်​ဘက်၌ အာ​ရှာ​ခ​ရိုင်၊ အ​ရှေ့​ဘက်၌ ဣ​သ​ခါ​ခ​ရိုင်​ရှိ၏။ 11ထို​ခ​ရိုင်၌ မ​နာ​ရှေ​အ​မျိုး​ရ​သော ပြည်​သုံး​ပြည်​ဟူ​မူ​ကား၊ ဗက်​ရှန်​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ ဣ​ဗ​လံ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ ဒေါ​ရ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ အင်္ဒေါ​ရ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ တာ​နက်​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ မေ​ဂိ​ဒ္ဒေါ​မြို့​နှင့် သူ့​မြို့​ရွာ​များ​တို့​ကို ရ​သေး၏။ 12သို့​ရာ​တွင် မ​နာ​ရှေ​အ​မျိုး​သား​တို့​သည် ထို​မြို့​တို့​ကို​မ​သိမ်း​မ​ယူ​နိုင်​ဘဲ၊ ခါ​န​နိ​လူ​တို့​သည် ထို​အ​ရပ်၌ အ​နိုင်​နေ​ကြ၏။ 13ဣ​သ​ရေ​လ​လူ​တို့​သည် အား​တိုး​ပွား​သော​အ​ခါ၊ ထို​ခါ​န​နိ​လူ​တို့​ကို အ​ကုန်​အ​စင်​မ​နှင်​ထုတ်​ဘဲ အ​ခွန်​ပေး​စေ​ကြ၏။#သူ​ကြီး၊ ၁:၂၇-၂၈။
14ယော​သပ်​အ​မျိုး​သား​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​သ​ဖြင့် အ​မျိုး​ကြီး​ဖြစ်၍၊ ကိုယ်​တော်​သည် တစ်​ဖို့​တစ်​ခ​ရိုင်​တည်း​ကို​သာ အ​ဘယ်​ကြောင့်​ပေး​ပါ​သ​နည်း​ဟု ယော​ရှု​အား​မေး​လျှောက်​ကြ​သော်၊ 15ယော​ရှု​က၊ သင်​တို့​သည်​အ​မျိုး​ကြီး​ဖြစ်၍ ဧ​ဖ​ရိမ်​တောင်​ကျဉ်း​မြောင်း​လျှင်၊ တော​အ​ရပ်​သို့​သွား၍ ဖေ​ရ​ဇိ​ပြည်၊ ရေ​ဖိမ်​ပြည်၌ ခုတ်​လှဲ​ကြ​လော့​ဟု ပြန်​ပြော၏။ 16ယော​သပ်​အ​မျိုး​သား​တို့​က​လည်း၊ ဧ​ဖ​ရိမ်​တောင်​သည် အ​ကျွန်ုပ်​တို့​အ​ဖို့ မ​လောက်​ပါ။ ချိုင့်​အ​ရပ် ဗက်​ရှန်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ ယေ​ဇ​ရေ​လ​ချိုင့်၌​လည်း​ကောင်း​နေ​သော ခါ​န​နိ​လူ​အ​ပေါင်း​တို့​သည် သံ​ရ​ထား​နှင့် ပြည့်​စုံ​ပါ​သည်​ဟု လျှောက်​ပြန်​လျှင်၊ 17ယော​ရှု​က၊ သင်​တို့​သည် အ​မျိုး​ကြီး​ဖြစ်၍ ခွန်​အား​ကြီး​သော​ကြောင့်၊ တစ်​ဖို့​တည်း​ကို​သာ မ​ယူ​ရ။ 18တောင်​သည်​လည်း သင်​တို့​အ​ဖို့ ဖြစ်​လိမ့်​မည်။ သစ်​ပင်​များ​လျှင် ခုတ်​လှဲ​ရ​မည်။ ထွက်​ရာ​လမ်း​တို့​သည်​လည်း သင်​တို့​အ​ဖို့ ဖြစ်​လိမ့်​မည်။ ခါ​န​နိ​လူ​တို့​သည် ခွန်​အား​ကြီး၍ သံ​ရ​ထား​နှင့် ပြည့်​စုံ​သော်​လည်း၊ သူ​တို့​ကို နှင်​ထုတ်​ကြ​လိမ့်​မည်​ဟု ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တည်း​ဟူ​သော ယော​သပ်​အ​မျိုး​သား​တို့​အား ပြော​ဆို၏။

Currently Selected:

ယောရှု 17: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in