YouVersion Logo
Search Icon

ယောရှု 13

13
သိမ်း​ယူ​ရန်​ကျန်​သည့်​မြေ​များ
1ယော​ရှု​သည် အို၍​အ​သက်​ကြီး​ရင့်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​အို၍​အ​သက်​ကြီး​ရင့်​ပြီ။ သိမ်း​ယူ​ရ​မည့်​မြေ​လည်း အ​များ​ကျန်​သေး၏။ 2ကျန်​သော​မြေ​ဟူ​မူ​ကား၊ ဖိ​လိ​တ္တိ​ပြည်​မှ​စ၍ ဂေ​ရှု​ရိ​ပြည်​တစ်​လျှောက်​လုံး၊ 3အဲ​ဂု​တ္တု​ပြည်​အ​ရှေ့၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ မြောက်​မျက်​နှာ၌ ဧ​ကြုန်​မြို့​နယ်​တိုင်​အောင်၊ ခါ​န​နိ​လူ​နေ​သော​ပြည်၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​တည်း​ဟူ​သော ဂါ​ဇ​သိ​လူ၊ အာ​ဇော​တိ​လူ၊ ဧ​ရှ​က​လော​နိ​လူ၊ ဂိ​တ္တိ​လူ၊ ဧ​ကြော​နိ​လူ​နှင့်​တ​ကွ၊ အာ​ဝိ​လူ​နေ​သော​ပြည်၊ 4တောင်​မျက်​နှာ​မှ​စ၍ အာ​မော​ရိ​ပြည် အာ​ဖက်​မြို့​တိုင်​အောင်၊ ခါ​န​နိ​ပြည်​တစ်​လျှောက်​လုံး​နှင့် ဇိ​ဒုန်​ပြည်​အ​နား​မှာ​ရှိ​သော မာ​ရာ​ပြည်၊ 5နေ​ထွက်​ရာ​ဘက်၊ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၌ ဗာ​လ​ဂဒ်​မြို့​မှ​စ၍ ဟာ​မတ်​ပြည်​အ​ဝင်​တိုင်​အောင် ဂေ​ဗ​လ​ပြည်၊ လေ​ဗ​နုန်​ပြည် တစ်​လျှောက်​လုံး ကျန်​သ​တည်း။ 6လေ​ဗ​နုန်​တောင်​မှ​စ၍ မိ​သ​ရ​ဖော​သ​မိမ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်၌​နေ​သော​သူ​နှင့် ဇိ​ဒေါ​နိ​လူ​အ​ပေါင်း​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ငါ​နှင်​ထုတ်​မည်။ သို့​ဖြစ်၍ ငါ​မှာ​ထား​သည်​အ​တိုင်း စာ​ရေး​တံ​ပြု​လျက် ထို​မြေ​ကို ဣ​သ​ရေ​လ​လူ​တို့​အား အ​မွေ​ဝေ​ဖန်​လော့။#တော၊ ၃၃:၅၄။ 7ယ​ခု​မှာ ဤ​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​အား အ​မွေ​ဝေ​ဖန်​လော့။
8ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ မော​ရှေ​ပေး​သည်​အ​တိုင်း မိ​မိ​တို့​အ​မွေ​မြေ​ကို​ခံ​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။#တော၊ ၃၂:၃၃၊ တရား၊ ၃:၁၂။
9ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သော​မြေ​ဟူ​မူ​ကား၊ အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့၊ မြစ်​အ​ကွေ့၌ ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​တ​ကွ၊ ဒိ​ဘုန်​မြို့​တိုင်​အောင် မေ​ဒ​ဘ​လွင်​ပြင်​တစ်​လျှောက်​လုံး၊ 10အ​မ္မုန်​ပြည်​စွန်း​တိုင်​အောင်၊ ဟေ​ရှ​ဘုန်​မြို့၌ မင်း​ပြု​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန် အ​စိုး​ရ​သော​မြို့​ရှိ​သ​မျှ၊ 11ဂိ​လဒ်​ပြည်၊ ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​နေ​သော​ပြည်၊ ဟေ​ရ​မုန်​တောင်​ရှိ​သ​မျှ၊ သာ​လ​က​ပြည်​တိုင်​အောင် ဗာ​ရှန်​ပြည်​တစ်​လျှောက်​လုံး၊ 12အ​လွန်​ကြီး​မား​သော​လူ​မျိုး​ထဲ​က ကျန်​ကြွင်း​သော​သူ၊ အာ​ရှ​တ​ရုတ်​မြို့၊ ဧ​ဒြိ​မြို့၌​မင်း​ပြု​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး ပါ​သ​တည်း။ ထို​မင်း​တို့​ကို မော​ရှေ​သည် လုပ်​ကြံ၍​ပယ်​ရှား​လေ၏။ 13သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​တို့​ကို မ​နှင်​ထုတ်​ကြ။ ထို​လူ​မျိုး​တို့​သည် ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​ကြ၏။
မော​ရှေ​ပေး​ခဲ့​သော​အ​မွေ​များ
14လေ​ဝိ​အ​မျိုး​အား အ​မွေ​ကို​မ​ပေး။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သော​ယဇ်​တို့​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း သူ​တို့​အ​မွေ​ဖြစ်​သ​တည်း။#တ​ရား၊ ၁၈:၁။
15မော​ရှေ​သည်၊ ရု​ဗင်​အ​မျိုး​သား​အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သော​ပြည်​များ​ဟူ​မူ​ကား၊ 16အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့၊ မြစ်​အ​ကွေ့၌ ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​တ​ကွ၊ မေ​ဒ​ဘ​လွင်​ပြင်​တစ်​လျှောက်​လုံး၊ 17ဟေ​ရှ​ဘုန်​မြို့​နှင့်​တ​ကွ လွင်​ပြင်၌ ရှိ​သ​မျှ​သော​မြို့၊ ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊ 18ယ​ဟာ​ဇ​မြို့၊ ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့၊ 19ကိ​ရ​ယ​သိမ်​မြို့၊ စိ​ဗ​မာ​မြို့၊ ချိုင့်​တွင်​တောင်​ပေါ်​မှာ​ရှိ​သော ဇာ​ရက်​ရှာ​ဟာ​မြို့၊ 20ဗက်​ပေ​ဂု​ရ​မြို့၊ အာ​ဇုတ်​ပိ​သ​ကာ​မြို့၊ ဗက်​ယေ​ရှိ​မုတ်​မြို့၊ 21လွင်​ပြင်၌​ရှိ​သ​မျှ​သော မြို့​တို့​နှင့်​တ​ကွ၊ ဟေ​ရှ​ဘုန်​မြို့၌​မင်း​ပြု​ရ​သော အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်၏​နိုင်​ငံ​တစ်​လျှောက်​လုံး​ကို ပေး​သ​တည်း။ ထို​ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ ထို​ရှင်​ဘု​ရင်​ချီး​မြှောက်၍ သူ့​ပြည်၌​နေ​သော​မိ​ဒျန်​မင်း​ကြီး​ငါး​ပါး၊ ဧ​ဝိ၊ ရေ​ကင်၊ ဇု​ရ၊ ဟု​ရ၊ ရေ​ဘ​တို့​ကို​လည်း​ကောင်း မော​ရှေ​သည် လုပ်​ကြံ​လေ၏။ 22ပ​ရော​ဖက်​လုပ်​သော ဗော​ရ​သား​ဗာ​လမ်​ကို​လည်း၊ အ​သေ​ခံ​ရ​သော​သူ​တို့​နှင့်​ရော၍ ဣ​သ​ရေ​လ​လူ​တို့​သည် ဓား​နှင့်​ကွပ်​မျက်​ကြ၏။ 23ရု​ဗင်​အ​မျိုး​သား​နေ​ရာ​အ​ပိုင်း​အ​ခြား​ကား၊ ယော်​ဒန်​မြစ်​နှင့် မြစ်​ကမ်း​ပါး​တည်း။ ဤ​ရွေ့​ကား၊ ရု​ဗင်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော မြို့​ရွာ​များ​ပေ​တည်း။
24မော​ရှေ​သည် ဂဒ်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သော ပြည်​များ​ဟူ​မူ​ကား၊ 25ယာ​ဇာ​မြို့​မှ​စ၍ ဂိ​လဒ်​မြို့​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ၊ ရ​ဗ္ဗာ​မြို့​ရှေ့၌​ရှိ​သော အာ​ရော်​မြို့​တိုင်​အောင် အ​မ္မုန်​ပြည်​တစ်​ဝက်၊ 26ဟေ​ရှ​ဘုန်​မြို့​မှ​စ၍ ရာ​မတ်​မိ​ဇ​ပါ​မြို့၊ ဗေ​တော​နိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ မ​ဟာ​နိမ်​မြို့​မှ​စ၍ ဒေ​ဗိ​ရ​မြို့​နယ်​တိုင်​အောင်​လည်း​ကောင်း​ပါ​သော​ပြည်၊ 27ချိုင့်၌​လည်း၊ ဗေ​သာ​ရံ​မြို့၊ ဗက်​နိ​မ​ရ​မြို့၊ သု​ကုတ်​မြို့၊ ဇာ​ဖုန်​မြို့​အ​စ​ရှိ​သော ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ယော်​ဒန်​မြစ်​အ​ပိုင်း​အ​ခြား၊ ဂင်္နေ​သ​ရက်​အိုင်​နား​တိုင်​အောင်၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင်​ရှိ​ဟုန်​ပိုင်​သော နိုင်​ငံ​ကျန်​ကြွင်း​သ​မျှ​ကို ပေး​သ​တည်း။ 28ဤ​ရွေ့​ကား၊ ဂဒ်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော မြို့​ရွာ​များ​ပေ​တည်း။
29မော​ရှေ​သည် မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​အား​အ​မွေ​ပေး၍၊ မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော ပြည်​များ​ဟူ​မူ​ကား၊ 30မ​ဟာ​နိမ်​မြို့​မှ​စ၍ ဗာ​ရှန်​ပြည်​တည်း​ဟူ​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး၊ ဗာ​ရှန်​ပြည်၌​ပါ​သော ယာ​ဣ​ရ​မြို့​ခြောက်​ဆယ်​ကို အ​မွေ​ခံ​ရ​သ​တည်း။ 31ဂိ​လဒ်​ပြည်​တစ်​ဝက်၊ ဗာ​ရှန်​ပြည်၌ ဩ​ဃ၏​နိုင်​ငံ​အ​ဝင်၊ အာ​ရှ​တ​ရုတ်​မြို့​နှင့် ဧ​ဒြိ​မြို့​တို့​ကို မ​နာ​ရှေ​သား မာ​ခိ​ရ၏​သား​မြေး​တစ်​ဝက် အ​ဆွေ​အ​မျိုး​အ​လိုက် ပိုင်​ရ​ကြ၏။ 32ဤ​ရွေ့​ကား၊ မော​ရှေ​သည် ယော်​ဒန်​မြစ်​အ​ရှေ့၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ မော​ဘ​လွင်​ပြင်၌ အ​မွေ​ဝေ​ဖန်​သော​ပြည်​များ​ပေ​တည်း။ 33လေ​ဝိ​အ​မျိုး​အား အ​မွေ​ကို​မ​ပေး။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း သူ​တို့​အ​မွေ​ဖြစ်​တော်​မူ​သ​တည်း။#တော၊ ၁၈:၂၀၊ တရား၊ ၁၈:၂။

Currently Selected:

ယောရှု 13: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in