YouVersion Logo
Search Icon

ယောဘ 5

5
ဘု​ရား​သ​ခင်၏​ပြု​ပြင်​ခြင်း
1ယ​ခု ဟစ်​ခေါ်​ပါ။ အ​ဘယ်​သူ ထူး​လိမ့်​မည်​နည်း။ သန့်​ရှင်း​သူ​တို့​တွင် အ​ဘယ်​သူ​ကို ကြည့်​မျှော်​မည်​နည်း။ 2ဒေါ​သ​သည် လူ​မိုက်​ကို​ဖျက်​ဆီး​တတ်၏။ ပ​ညာ​မ​ရှိ​သော သူ​သည်​လည်း ငြူ​စူ​သော​သ​ဘော​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​တတ်၏။ 3မိုက်​သော​သူ​အ​မြစ်​စွဲ​သည်​ကို ငါ​မြင်​သော​အ​ခါ၊ သူ၏​နေ​ရာ​ကို ချက်​ချင်း​ကျိန်​ဆဲ၏။ 4သူ၏​သား​သ​မီး​တို့​သည် ဘေး​လွတ်​ရာ​အ​ရပ်​နှင့် ဝေး​ကြ၏။ ရုံး​တော်​ရှေ့၌ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ ကယ်​နုတ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ 5သူ​ရိတ်​သော​စ​ပါး​ကို မွတ်​သိပ်​သော​သူ​သည်၊ ဆူး​ပင်​ကာ​သော​ခြံ​အ​ထဲ​က ယူ​သွား၍ စား​တတ်၏။ သူ၏​ပ​စ္စည်း​ဥ​စ္စာ​ကို​လည်း ရေ​ငတ်​သော​သူ​သည် မျို​တတ်၏။ 6မြေ​မှုန့်​ထဲ​က အ​မှု​ရောက်​သည်​မ​ဟုတ်။ ဒု​က္ခ​သည် မြေ​ပေါ်​မှာ မ​ပေါက်​တတ်။ 7မီး​ပွား​တို့​သည် အ​ထက်​သို့ ပျံ​တက်​သည်​နည်း​တူ၊ လူ​သည် ဒု​က္ခ၌​ကျင်​လည်​ခြင်း​ငှာ မွေး​ဖွား၏။ 8ငါ​မူ​ကား ဘု​ရား​သ​ခင်​ကို မျှော်​လင့်​မည်။ ကိုယ်​အ​မှု​ကို ဘု​ရား​သ​ခင်၌ အပ်​မည်။
9ဘု​ရား​သ​ခင်​သည် ကြီး​သော​အ​မှု၊ စစ်၍ မ​ကုန်​နိုင်​သော​အ​မှု၊ ရေ​တွက်၍​မ​ဆုံး၊ အံ့​ဩ​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။ 10မြေ​ပေါ်​မှာ မိုး​ရွာ​စေ​သ​ဖြင့် လယ်​တို့၌ ရေ​ကို​ပေး​တော်​မူ၏။ 11ထို​သို့ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ၏။ ငြို​ငြင်​သော​သူ​တို့​ကို​လည်း ဝမ်း​သာ​စေ​တော်​မူ၏။ 12ပ​ရိ​ယာယ်​ပြု​သော​သူ​တို့၏ အ​မှု​ကို မ​အောင်​စေ​ခြင်း​ငှာ သူ​တို့​အ​ကြံ​ကို ဖျက်​တော်​မူ၏။ 13ပ​ညာ​ရှိ​တို့​ကို သူ​တို့၏​ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ၏။ လှည့်​စား​တတ်​သော​သူ​တို့၏ တိုင်​ပင်​ခြင်း​ကို အ​ချည်း​နှီး ဖြစ်​စေ​တော်​မူ၏။ 14ထို​သူ​တို့​သည် နေ့​အ​ချိန်၌ မှောင်​မိုက်​ကို​တွေ့၍၊ ည​အ​ချိန်၌​ကဲ့​သို့ မွန်း​တည့်​အ​ချိန်၌ စမ်း​သပ်​လျက် သွား​လာ​ကြ၏။ 15ထို​သူ​တို့​စီ​ရင်​သော ဓား​ဘေး​မှ​လည်း​ကောင်း၊ အား​ကြီး​သော​သူ​တို့၏ လက်​မှ​လည်း​ကောင်း၊ ဆင်း​ရဲ​သား​တို့​ကို ကယ်​နုတ်​တော်​မူ၏။ 16ထို​သို့ ဆင်း​ရဲ​သား​တို့​သည် မျှော်​လင့်​ရာ​အ​ခွင့် ရှိ​ကြ၏။ အ​ဓ​မ္မ​သည်​လည်း မိ​မိ​နှုတ်​ကို ပိတ်​ထား​ရ၏။
17အ​ပြစ်​နှင့်​အ​လျောက် ဘု​ရား​သ​ခင် စစ်​ဆေး​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ထို​ကြောင့် အ​န​န္တ​တန်​ခိုး​ရှင် ဆုံး​မ​တော်​မူ​ခြင်း​ကို မ​ထီ​မဲ့​မြင်​မ​ပြု​ပါ​နှင့်။ 18ထို​အ​ရှင်​သည် အ​နာ​ကို​ဖြစ်​စေ၍၊ ထို​အ​နာ​ကို​လည်း စည်း​စေ​တော်​မူ၏။ ဒဏ်​ခတ်​တော်​မူ၍ လက်​တော်​နှင့် သက်​သာ​စေ​တော်​မူ၏။ 19သင့်​ကို အ​မှု​ခြောက်​ပါး​ထဲ​က နုတ်​ယူ​တော်​မူ​သည် သာ​မ​က၊ ခု​နစ်​ပါး​သော​အ​မှု၌​လည်း ဘေး​တစ်​စုံ​တစ်​ခု​မျှ မ​ထိ​မ​ခိုက်​ရ။ 20အ​စာ​ခေါင်း​ပါး​သော​အ​ခါ သေ​ဘေး​မှ​လည်း​ကောင်း၊ စစ်​တိုက်​သော​အ​ခါ ဓား​ဘေး​မှ​လည်း​ကောင်း၊ သင့်​ကို ရွေး​နုတ်​တော်​မူ​လိမ့်​မည်။ 21သင်​သည် ကဲ့​ရဲ့​ခြင်း​ဘေး​နှင့် ကင်း​လွတ်၍ ပျက်​စီး​ခြင်း​ဘေး ရောက်​သော်​လည်း မ​ကြောက်​ရ။ 22ပျက်​စီး​ခြင်း​ဘေး​နှင့် အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး​ကို ရယ်​မော၍ တော​သား​ရဲ​တို့​ကို​လည်း မ​ကြောက်​ရ။ 23အ​ကြောင်း​မူ​ကား၊ လယ်၌​ကျောက်​ခဲ​တို့​သည် သင်​နှင့်​ပ​ဋိ​ညာဉ်​ပြု၍ တော​သား​ရဲ​တို့​သည် သင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လိမ့်​မည်။ 24သင်​သည် ကိုယ်​အိမ်၌ ငြိမ်​သက်​ခြင်း​ရှိ​ကြောင်း​ကို တွေ့၍ ကိုယ်​နေ​ရာ​အ​ရပ်​သို့ ပြန်​ရောက်​သော​အ​ခါ စိတ်​ပျက်​စ​ရာ​အ​ကြောင်း မ​ရှိ​ရ။ 25သင်၌ သား​သ​မီး​များ​ပြား၍၊ သင့်​အ​မျိုး​အ​နွယ်​သည် မြေ​ပေါ်​မှာ မြက်​ပင်​နှင့်​အ​မျှ ဖြစ်​ကြောင်း​ကို တွေ့​မြင်​ရ​လိမ့်​မည်။ 26အ​ချိန်​တန်​လျှင် သိမ်း​ယူ​သော​ကောက်​လှိုင်း​ကဲ့​သို့၊ သင်​သည် အ​သက်​ကြီး​ရင့်၍ သင်္ချိုင်း​သို့ ရောက်​ရ​လိမ့်​မည်။ 27ဤ​အ​မှု​ကို ငါ​တို့​သည် စစ်​ဆေး၍ ယ​ခု​ပြော​သည်​အ​တိုင်း မှန်​ပါ၏။ နား​ထောင်​ပါ။ အ​သင့်​နှ​လုံး​သွင်း​ထား​ပါ​ဟု မြွက်​ဆို၏။

Currently Selected:

ယောဘ 5: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in