YouVersion Logo
Search Icon

ယောဘ 17

17
ကယ်​တင်​ရန်​ဆု​တောင်း​ခြင်း
1ငါ့​အ​သက်​ကုန်​ပြီ။ ငါ​နေ​ရ​သော​ကာ​လ လွန်​ပြီ။ သင်္ချိုင်း​သည် ငါ့​အ​ဖို့​ဖြစ်၏။ 2ကဲ့​ရဲ့​တတ်​သော သူ​တို့​သည် ငါ့​ရှေ့​မှာ​ရှိ​ကြ​သည် မ​ဟုတ်​လော။ သူ​တို့​နှောင့်​ယှက်​သော အ​ခြင်း​အ​ရာ​တို့​ကို အ​စဉ်​ငါ​ကြည့်​မြင်​ရ​သည် မ​ဟုတ်​လော။ 3အ​ပေါင်​ထား​ပါ​တော့။ အာ​မ​ခံ​ပေး​ပါ​တော့။ အ​ဘယ်​သူ​သည် ငါ​နှင့်​က​တိ​သ​စ္စာ​ထား​မည်​နည်း။ 4ကိုယ်​တော်​သည် သူ​တို့​ဉာဏ်​ကို ကွယ်​စေ​တော်​မူ​သည်​ဖြစ်၍၊ သူ​တို့​ကို ချီး​မြှောက်​တော်​မ​မူ​ရ။ 5အ​ကြင်​သူ​သည် ဥ​စ္စာ​ကို​လု​ယူ​အံ့​သော​ငှာ အ​ဆွေ​ခင်​ပွန်း​ကို​အပ်၏။ ထို​သူ၏​သား​တို့​သည် မျှော်​လင့်၍ စိတ်​ပျက်​ရ​ကြ​လိမ့်​မည်။ 6ငါ့​ကို သူ​တစ်​ပါး​ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း ဖြစ်​စေ​တော်​မူ၍၊ သူ​တို့​သည် ငါ့​ကို​ရွံ​ကြ၏။ 7ဝမ်း​နည်း​ခြင်း​အား​ကြီး​သော​ကြောင့် ငါ့​မျက်​စိ​မှုန်၏။ ကိုယ်​အင်္ဂါ​များ​တို့​သည် အ​ရိပ်​ကဲ့​သို့ ဖြစ်​ကြ၏။ 8ဖြောင့်​မတ်​သော​သူ​တို့​သည် ဤ​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။ အ​ပြစ်​ကင်း​လွတ်​သော​သူ​တို့​သည် အ​ဓ​မ္မ​လူ​များ​တစ်​ဘက်​က ကိုယ်​ကို​ကိုယ် နှိုး​ဆော်​ကြ​လိမ့်​မည်။ 9ဖြောင့်​မတ်​သော​သူ​တို့​သည်​လည်း တည်​ကြည်​ခြင်း၊ လက်​စင်​ကြယ်​သော​သူ​တို့​သည် ခွန်​အား​တိုး​ပွား​ခြင်း ရှိ​ကြ​လိမ့်​မည်။ 10သင်​တို့​မူ​ကား တစ်​ယောက်​မျှ​မ​ကြွင်း၊ ပြန်​သွား​ကြ​ပါ​တော့။ သင်​တို့​တွင် ပ​ညာ​ရှိ​တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့​နိုင်။
11ငါ့​နေ့​ရက်​လွန်​ပြီ။ ငါ​နှ​လုံး​သွင်း​မိ​သော အ​ကြံ​အ​စည်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။ 12ည​သည် ငါ၌​နေ့​ကဲ့​သို့​ဖြစ်၍၊ ငါ့​အ​လင်း​သည် မှောင်​မိုက်​နှင့် နီး​စပ်၏။ 13သင်္ချိုင်း​သည် ငါ့​နေ​ရာ​ဖြစ်​သည်​ကို ငါ​မျှော်​လင့်၏။ ငါ့​အိပ်​ရာ​သည် မှောင်​မိုက်၌ ခင်း​လျက်​ရှိ၏။ 14ပုပ်​စပ်​ခြင်း​အား၊ သင်​သည် ငါ့​အ​ဘ​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ တီ​ကောင်​အား သင်​သည်​ငါ့​အ​မိ၊ ငါ့​နှ​မ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း ငါ​ဆို​ရ၏။ 15သို့​ဖြစ်၍ အ​ဘယ်​သို့ ငါ​မျှော်​လင့်​ရ​သ​နည်း။ ငါ​မျှော်​လင့်​စ​ရာ​အ​ကြောင်း​ကို အ​ဘယ်​သူ​မြင်​ရ​သ​နည်း။ 16ထို​အ​ကြောင်း​သည် မ​ရ​ဏနိုင်​ငံ​အ​ထဲ​သို့​ဝင်၍၊ ငါ​နှင့်​အ​တူ မြေ​မှုန့်၌ နှိမ့်​ချ​လျက်​နေ​ရ​မည်​ဟု မြွက်​ဆို၏။

Currently Selected:

ယောဘ 17: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in