YouVersion Logo
Search Icon

ယေရမိ 43

43
အဲ​ဂု​တ္တု​ပြည်​သို့​ခေါ်​ဆောင်​သွား​ခြင်း
1ထို​လူ​များ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရ​မိ​အား​ဖြင့် မှာ​တော်​မူ​သ​မျှ​သော အ​မိန့်​တော်​တို့​ကို၊ ယေ​ရ​မိ​သည် လူ​အ​ပေါင်း​တို့​အား အ​ကုန်​အ​စင်​ကြား​ပြော​သည်​ရှိ​သော်၊ 2ဟော​ရှဲ​သား​အာ​ဇ​ရိ​နှင့် ကာ​ရာ​သား​ယော​ဟ​နန်​အ​စ​ရှိ​သော၊ မာ​န​ထောင်​လွှား​သော သူ​အ​ပေါင်း​တို့​က၊ သင်​သည် မု​သား​စ​ကား​ကို​ပြော၏။ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ မ​တည်း​ခို​ရ​ဟု ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဖြင့် မှာ​ထား​တော်​မ​မူ။ 3ခါ​လ​ဒဲ​လူ​တို့​သည် ငါ​တို့​ကို​သတ်၍ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​စေ​မည်​အ​ကြောင်း၊ သူ​တို့​လက်​သို့ ငါ​တို့​ကို​အပ်​လို​သော​ငှာ၊ နေ​ရိ​သား​ဗာ​ရုတ်​သည် သင့်​ကို နှိုး​ဆော်​တိုက်​တွန်း၏​ဟု ဆို​ကြ​ပြီး​လျှင်၊ 4ကာ​ရာ​သား​ယော​ဟ​နန် အ​စ​ရှိ​သော​တပ်​မှူး​များ​နှင့် လူ​များ​အ​ပေါင်း​တို့​သည်၊ ယု​ဒ​ပြည်၌​နေ​ရ​မည်​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ၊ 5အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​ပြီး​မှ ယု​ဒ​ပြည်၌ နေ​အံ့​သော​ငှာ၊#၄​ရာ၊ ၂၅:၂၆။ 6ပြန်​လာ​သော ယု​ဒ​အ​မျိုး​သား အ​ကျန်​အ​ကြွင်း၊ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ မင်း​သ​မီး​အ​စ​ရှိ​သော ကိုယ်​ရံ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား ဂေ​ဒ​လိ၌​အပ်​သော လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ပ​ရော​ဖက်​ယေ​ရ​မိ၊ နေ​ရိ​သား​ဗာ​ရုတ်​ကို​လည်း​ကောင်း၊ ကာ​ရာ​သား​ယော​ဟ​နန်​နှင့် တပ်​မှူး​အ​ပေါင်း​တို့​သည်​ယူ၍၊ 7ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တာ​ပ​နက်​မြို့​သို့ ရောက်​ကြ၏။
8တာ​ပ​နက်​မြို့၌ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​တော်​မူ​သည်​ကား၊ 9သင်​သည် ကြီး​သော ကျောက်​တို့​ကို​ကိုင်​ယူ၍၊ တာ​ပ​နက်​မြို့၌ ဖာ​ရော​ဘု​ရင်၏​အိမ်​တော်​ဝ​နား​မှာ​ရှိ​သော အုတ်​ဖို​မြေ၌၊ ယု​ဒ​လူ​များ​ရှေ့​တွင် မြှုပ်​ထား​လော့။ 10သူ​တို့​အား​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် လူ​ကို​စေ​လွှတ်၍၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ကို​ဆောင်​ခဲ့​ပြီး​လျှင်၊ ငါ​မြှုပ်​ထား​သော ဤ​ကျောက်​တို့​အ​ပေါ်​မှာ၊ သူ၏​ရာ​ဇ​ပ​လ္လင်​ကို ငါ​တည်​မည်။ သူ​သည်​လည်း၊ မိ​မိ​တဲ​တော်​ကို ဤ​ကျောက်​တို့​အ​ပေါ်​မှာ ဖြန့်​လိမ့်​မည်။ 11ထို​မင်း​သည် ရောက်​လာ​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်​ကို​လုပ်​ကြံ၍၊ သေ​တန်​သော​သူ​တို့​ကို သေ​ခြင်း​သို့​လည်း​ကောင်း၊ သိမ်း​သွား​ချုပ်​ထား​တန်​သော သူ​တို့​ကို သိမ်း​သွား​ချုပ်​ထား​ခြင်း​သို့​လည်း​ကောင်း၊ ကွပ်မျက်တန်သောသူတို့ကို ကွပ်မျက်ခြင်းသို့လည်းကောင်း အပ်​လိမ့်​မည်။ 12အဲ​ဂု​တ္တု​ဘု​ရား​အိမ်​တို့​ကို ငါ​မီး​ရှို့​မည်။ သူ​သည်​လည်း၊ ထို​ဘု​ရား​တို့​ကို​မီး​ရှို့၍ သိမ်း​သွား​ချုပ်​ထား​လိမ့်​မည်။ သိုး​ထိန်း​သည် မိ​မိ​အ​ဝတ်​ကို ဝတ်​သ​ကဲ့​သို့၊ ထို​မင်း​သည် အဲ​ဂု​တ္တု​ပြည်​ကို ဝတ်၍ ငြိမ်​ဝပ်​စွာ ထွက်​သွား​လိမ့်​မည်။ 13အဲ​ဂု​တ္တု​ပြည် ဗက်​ရှေ​မက်​မြို့၌၊ ရုပ်​တု​ဆင်း​တု​များ​ကို ချိုး​ဖျက်၍၊ အဲ​ဂု​တ္တု​ဘု​ရား​အိမ်​များ​ကို မီး​ရှို့​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

Currently Selected:

ယေရမိ 43: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in