YouVersion Logo
Search Icon

ယေရမိ 31

31
ပြည်​တော်​ပြန်​တို့​၏​၀မ်း​မြောက်​ခြင်း
1ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ ငါ​သည် ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့၏ ဘု​ရား​သ​ခင်​ဖြစ်၍၊ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ 2တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ဓား​ဘေး​နှင့် လွတ်​သော​သူ​တို့​သည် တော၌​ကျေး​ဇူး​ကို​ခံ​ရ​ကြ​ပြီ။ ငါ​သည် ကြွ​သွား၍ ဣ​သ​ရေ​လ​အ​မျိုး​ကို​ချမ်း​သာ​ပေး​မည်။ 3ထာ​ဝ​ရ​ဘု​ရား​သည် အ​ဝေး​ကထင်​ရှား၍ မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​မေ​တ္တာ​နှင့် သင့်​ကို​ငါ​ချစ်၏။ ထို​ကြောင့်၊ က​ရု​ဏာ​ကျေး​ဇူး​ကို သင်၌ ကြာ​မြင့်​စွာ​ပြ၏။ 4အို ဣ​သ​ရေ​လ သ​တို့​သ​မီး​က​ညာ၊ သင့်​ကို​တစ်​ဖန် ငါ​တည်​ဆောက်​သော​ကြောင့်၊ သင်​သည် တည်​ဆောက်​ခြင်း​သို့ ရောက်​လိမ်​မည်။ သင်​သည် တစ်​ဖန်​ပတ်​သာ​နှင့် တန်​ဆာ​ဆင်​လျက်၊ ရွှင်​မြူး​ခြင်း​ကို ပြု​သော​သူ​တို့​နှင့်​အ​တူ က​ခုန်​လျက်​သွား​လိမ့်​မည်။ 5ရှ​မာ​ရိ​တောင်​ပေါ်​မှာ စ​ပျစ်​ဥ​ယျာဉ်​ကို တစ်​ဖန်​စိုက်​လိမ့်​မည်။ ဥ​ယျာဉ်​လုပ်​သော​သူ​တို့​သည် စိုက်​ပျိုး၍၊ အ​သီး​ကို ကိုယ်​အ​လို​အ​လျောက် စား​ရ​ကြ​လိမ့်​မည်။ 6ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ကင်း​စောင့်​တို့​က၊ ထ​ကြ​လော့။ ငါ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ရာ ဇိ​အုန်​တောင်​သို့ သွား​ကြ​ကုန်​အံ့​ဟု ကြွေး​ကြော်​ရ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။ 7ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယာ​ကုပ်​အ​မျိုး​အား၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ လူ​မျိုး​တို့၏​အ​ထွတ်၌ ကြွေး​ကြော်​ကြ​လော့။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​မျိုး​တည်း​ဟူ​သော၊ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ကို​ကယ်​တင်​တော်​မူ​ပြီ​ဟု မြွက်​ဆို​လျက် သ​တင်း​ကြား​လိုက်၍ ချီး​မွမ်း​ကြ​လော့။ 8သူ​တို့​ကို မြောက်​ပြည်​မှ ငါ​ဆောင်​ခဲ့၍၊ မြေ​ကြီး​စွန်း​မှ​စု​သိမ်း​မည်။ မျက်​စိ​ကန်း​သော​သူ၊ ခြေ​ဆွံ့​သော​သူ၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​ခံ​ရ​သော​မိန်း​မ​များ​လည်း ပါ​လျက်၊ ကြီး​စွာ​သော​အ​စည်း​အ​ဝေး​တို့​သည် ပြန်​လာ​ကြ​လိမ့်​မည်။ 9ငို​ကြွေး​လျက် လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်​ရှိ​သော ထို​သူ​တို့​ကို ငါ​ပို့​ဆောင်​မည်။ မြစ်​နား​မှာ​လျှောက်​သော​လမ်း၊ ထိ​မိ၍ မ​လဲ​ရ​သော​လမ်း​ဖြောင့်​တို့၌ ငါ​သွေး​ဆောင်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​အ​ဘ​ဖြစ်၏။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ငါ၏ သား​ဦး​ဖြစ်၏။
10အို လူ​မျိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ဝေး​သော​အ​ရပ်​ရပ်​တို့၌ ကြွေး​ကြော်၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော​သူ​သည် တစ်​ဖန် စု​သိမ်း​ပြီး​လျှင်၊ သိုး​ထိန်း​သည် မိ​မိ​သိုး​စု​ကို​စောင့်​တတ်​သ​ကဲ့​သို့ စောင့်​တော်​မူ​မည်​ဟု ကြား​ပြော​ကြ​လော့။ 11အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​အ​မျိုး​ကို ရွေး​နုတ်​တော်​မူ​ပြီ။ သူ့​ထက်​အား​ကြီး​သော သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ​ပြီ။ 12ထို​ကြောင့် အ​မျိုး​သား​တို့​သည်​လာ၍၊ ဇိ​အုန်​တောင်​ထိပ်၌ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခြင်း ကျေး​ဇူး​တည်း​ဟူ​သော ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​သ​ငယ်၊ နွား​သ​ငယ်​တို့​ကို​ရ​အံ့​သော​ငှာ စည်း​ဝေး​ကြ​လိမ့်​မည်။ သူ​တို့​စိတ်​ဝိ​ညာဉ်​သည် ရေ​လောင်း​သော ဥ​ယျာဉ်​ကဲ့​သို့​ဖြစ်၍၊ နောက်​တစ်​ဖန် ညှိုး​ငယ်​ခြင်း မ​ရှိ​ရ။ 13ထို​အ​ခါ သ​မီး​က​ညာ​သည် က​ခုန်​လျက်၊ လူ​ပျို၊ လူ​အို​တို့​နှင့်​တ​ကွ ပျော်​မွေ့​လိမ့်​မည်။ သူ​တို့ ညည်း​တွား​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ကို ငါ​ဖြစ်​စေ​မည်။ သူ​တို့​သည် ဝမ်း​နည်း​ခြင်း​ကို ခံ​ရ​သော​နောက်၊ စိတ်​သက်​သာ၍ ရွှင်​လန်း​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။ 14ယဇ်​ပု​ရော​ဟိတ်​တို့​ကို​လည်း ဆူ​ဖြိုး​သော အ​မဲ​သား​နှင့် ဝ​စွာ ကျွေး​မည်။ ငါ၏​လူ​တို့​သည်​လည်း ငါ့​ကျေး​ဇူး​နှင့် ဝ​ပြော​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဣ​သ​ရေ​လ​တို့​အ​ပေါ်​ထား​ရှိ​သည့်က​ရု​ဏာ
15ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရာ​မ​အ​ရပ်၌ သည်း​စွာ​သော ညည်း​တွား​ငို​ကြွေး​ခြင်း​အ​သံ​ကို ကြား​ရ၍၊ ရာ​ခေ​လ​သည် မိ​မိ​သား​တို့​မ​ရှိ​သော​ကြောင့်၊ ငို၍ စိတ်​မ​ပြေ​နိုင်။#က၊ ၃၅:၁၆-၁၉။ မ၊ ၂:၁၈။ 16ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငို​ကြွေး​သံ​ကို ချုပ်​လော့၊ မျက်​ရည်​မ​ကျ​စေ​နှင့်။ သင်​သည် ကိုယ်​ကျင့်​သော အ​ကျင့်၏ အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်။ သင်၏​သား​တို့​သည် ရန်​သူ​ပြည်​မှ ပြန်​လာ​ကြ​လိမ့်​မည်။ 17သင်၏​အ​ဆုံး၌ မျှော်​လင့်​စ​ရာ​အ​ကြောင်း​ရှိ၏။ သင်၏​သား​တို့​သည် နေ​ရင်း​ပြည်​သို့ ပြန်​လာ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
18ဧ​ဖ​ရိမ်​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဆုံး​မ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ရိုင်း​သော​နွား​လား​ကဲ့​သို့ ဆုံး​မ​ခြင်း​ကို ခံ​ရ​ပါ​ပြီ။ အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​သည် ပြန်​လာ​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ 19ပြန်​လာ​သော​နောက်၊ အ​ကျွန်ုပ်​သည် အ​မှန်​နောင်​တ​ရ​ပါ၏။ ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​ရ​သော​နောက်၊ အ​ကျွန်ုပ်​သည် ကိုယ်​ပေါင်​ကို ရိုက်​ပါ၏။ အ​သက်​ငယ်​စဉ် ပြု​မိ​သော​အ​ပြစ်​ကြောင့် အ​သ​ရေ​ပျက်​ခြင်း​ကို ခံ​ရ​သ​ဖြင့်၊ ရှက်​ကြောက်၍ မှိုင်​တွေ​လျက်​ရှိ​ပါ၏​ဟု ကိုယ်​ကို အ​ပြစ်​တင်၍ မြည်​တမ်း​သော​စ​ကား​ကို ငါ​သည် ဆက်​ဆက်​ကြား​ရ​ပြီ။ 20ဧ​ဖ​ရိမ်​သည် ငါ၏​ချစ်​သား​ဖြစ်​သ​လော။ ချစ်​ဖွယ်​သော သူ​ငယ်​ဖြစ်​သ​လော။ သူ၏​အ​ကြောင်း​ကို ငါ​ပြော​လေ​ရာ​ရာ၌ ငါ​သည် အ​လွန်​တ​ရာ အောက်​မေ့​လျက်​နေ၏။ ထို​ကြောင့်၊ ငါ​သည် သူ့​အ​တွက် စိတ်​ကြင်​နာ​ခြင်း​ရှိ၏။ အ​ကယ်​စင်​စစ် သူ့​ကို​ငါ​ကယ်​မ​သ​နား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ 21လမ်း၌ မှတ်​တိုင်​တို့​ကို​စိုက်​လော့။ အ​လံ​တိုင်​တို့​ကို ထူ​လော့။ လိုက်​သွား​သော​လမ်း​မ​ကို စိတ်​စွဲ​လမ်း​လော့။ အို ဣ​သ​ရေ​လ သ​တို့​သ​မီး​က​ညာ၊ ပြန်​လာ​လော့။ သင်၏​နေ​ရာ ဤ​မြို့​များ​သို့ ပြန်​လာ​လော့။ 22အို ဖောက်​ပြန်​သော သ​တို့​သ​မီး၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး လှည့်​လည်၍ နေ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ပေါ်​မှာ ထူး​ဆန်း​သော​အ​မှု​ကို စီ​ရင်​တော်​မူ၍၊ မိန်း​မ​သည် ယောက်ျား​ကို ပတ်​ဝိုင်း​လိမ့်​မည်။
23ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​ကို ငါ​ဆောင်​ခဲ့​ပြန်​သော​အ​ခါ၊ ယု​ဒ​ပြည်၏​မြို့​ရွာ​တို့၌ နေ​သော​သူ​တို့​က၊ အို ဖြောင့်​မတ်​ခြင်း နေ​ရာ​အ​ရပ်၊ အို သန့်​ရှင်း​ခြင်း​နေ​ရာ​တောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ကောင်း​ချီး​ပေး​တော်​မူ​စေ​သ​တည်း ဟူ​သော​စ​ကား​ကို တစ်​ဖန် သုံး​ကြ​လိမ့်​မည်။ 24ထို​အ​ရပ်၌ ယု​ဒ​ပြည်​သူ၊ ယု​ဒ​မြို့​ရွာ​သား အ​ပေါင်း​တို့​သည်၊ လယ်​လုပ်​သော​သူ​နှင့် သိုး​ထိန်း​သော​သူ​များ ပါ​လျက်၊ အ​တူ​နေ​ရ​ကြ​လိမ့်​မည်။ 25ငတ်​မွတ်​သော သူ​အ​ပေါင်း​တို့​ကို ငါ​ကျွေး​မွေး​မည်။ ညှိုး​ငယ်​သော​သူ​အ​ပေါင်း​တို့​ကို ငါ​သက်​သာ​စေ​မည်​ဟု မိန့်​တော်​မူ၏။ 26ထို​နောက်၊ ငါ​သည် နိုး၍​ကြည့်​ရှု​သော​အ​ခါ၊ အိပ်​ပျော်​ခြင်း​အား​ဖြင့် အား​ရ​လျက်​ရှိ၏။
ပ​ဋိ​ညာဉ်​တ​ရား​သစ်
27ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဣ​သ​ရေ​လ​ပြည်၊ ယု​ဒ​ပြည်၌ လူ​မျိုး​စေ့​နှင့် တိ​ရ​စ္ဆာန်​မျိုး​စေ့​ကို ကြဲ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ 28ငါ​သည် သူ​တို့​ကို နုတ်​ပယ်​ဖြို​ချ မှောက်​လှန်​ဖျက်​ဆီး ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို ပြု​ဖူး​သည်​နည်း​တူ၊ တစ်​ဖန် တည်​ဆောက် စိုက်​ပျိုး​ခြင်း​အ​မှု​ကို ပြု​ဦး​မည်​ဟု မိန့်​တော်​မူ​၏။ 29ထို​ကာ​လ၌ အ​ဘ​သည် ချဉ်​သော​စ​ပျစ်​သီး​ကို စား​သော​ကြောင့်၊ သား​သည် သွား​ကျိန်း​ခြင်း​ကို ခံ​ရ၏​ဟု မ​ဆို​ရ​ကြ။#ယေ​ဇ၊ ၁၈:၂။ 30လူ​တိုင်း မိ​မိ​အ​ပြစ်​ကြောင့် မိ​မိ​သေ​ရ​မည်။ ချဉ်​သော​စ​ပျစ်​သီး​ကို စား​သော​သူ​တိုင်း သွား​ကျိန်း​ခြင်း​ကို​ခံ​ရ​မည်။
31ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်#မ၊ ၂၆:၂၈။ မာ။ ၁၄:၂၄။ လု၊ ၂၂:၂၀။ ၁​ကော၊ ၁၁:၂၅။ ၂​ကော၊ ၃:၆။ 32ဤ​လူ​မျိုး၏ ဘိုး​ဘေး​တို့​ကို​လက်​ဆွဲ၍ အဲ​ဂု​တ္တု​ပြည်​မှ ဆောင်​သွား​သော​အ​ခါ၊ သူ​တို့၌ ငါ​ပေး​သော​ပ​ဋိ​ညာဉ်​တ​ရား​နှင့် ခြား​နား​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကို ဣ​သ​ရေ​လ အ​မျိုး​သား၊ ယု​ဒ​အ​မျိုး​သား​တို့၌ ငါ​ပေး​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ အ​ရင်​ငါ​ပေး​ဖူး​သော ပ​ဋိ​ညာဉ်​တ​ရား​ကို သူ​တို့​သည်​ဖျက်၍၊ ငါ​သည်​လည်း သူ​တို့​ကို ရွံ​ရှာ၏။ 33နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ပ​ညတ်​တ​ရား​ကို သူ​တို့​အ​တွင်း​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။#ဟေ​ဗြဲ၊ ၁၀:၁၆။ 34ထို​သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​ကို သိ​လော့​ဟု၊ အ​မျိုး​သား​ချင်း၊ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို တစ်​ယောက် ဆုံး​မ​ဩ​ဝါ​ဒ​မ​ပေး​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​တိုင်​အောင်၊ ထို​သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်​မည်။ ထို​အ​ခါ ငါ​သည် သူ​တို့​အ​ပြစ်​များ​ကို သည်း​ခံ​မည်။ သူ​တို့​ပြု​သော​ဒု​စ​ရိုက်​များ​ကို မ​အောက်​မေ့​ဘဲ​နေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။#ဟေ​ဗြဲ၊ ၈:၈-၁၂။ #ဟေ​ဗြဲ၊ ၁၀:၁၇။ 35နေ့​အ​ချိန်၌ လင်း​စ​ရာ​ဖို့ နေ​ကို​ခန့်​ထား၍၊ ည​အ​ချိန်၌ လင်း​စ​ရာ​ဖို့ လ​နှင့်​ကြယ်​တို့​ကို စီ​ရင်​တော်​မူ​ထ​သော၊ သ​မု​ဒ္ဒ​ရာ​ကို​ဆုံး​မ၍ လှိုင်း​တံ​ပိုး​ကို ဟုန်း​စေ​တော်​မူ​ထ​သော၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​ဘွဲ့​နာ​မ​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ 36ထို​တ​ရား​တို့​သည် ငါ့​ရှေ့​မှာ​ကွယ်​ပျောက်​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​ရှေ့​မှာ အ​မျိုး​တိမ်​မြုပ်၍ အ​စဉ် ကွယ်​ပျောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ 37တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ထက်​မိုး​ကောင်း​ကင်​ကို တိုင်း​ထွာ​နိုင်​လျှင်​လည်း​ကောင်း၊ မြေ​ကြီး​အောက်​ဆုံး အ​မြစ်​တို့​ကို​လိုက်၍ စစ်​နိုင်​လျှင်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သူ​တို့​ပြု​မိ​သ​မျှ​သော အ​ပြစ်​တို့​ကြောင့် ငါ​စွန့်​ပစ်​မည်​ဟု မိန့်​တော်​မူ၏။
38တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဟာ​န​နေ​လ​ရဲ​တိုက်​မှ​စ၍ မြို့​ထောင့်​တံ​ခါး​တိုင်​အောင်၊ မြို့​တော်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တည်​ထောင်​ရ​သော အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။ 39ဂါ​ရက်​တောင်​ကို​လွန်၍ မျဉ်း​ကြိုး​နှင့် တန်း​ချ​လိမ့်​မည်။ ဂေါ​သ​တောင်​ကို​လည်း ဝိုင်း​မိ​လိမ့်​မည်။ 40အ​ရှေ့​ဘက်​မြင်း​တံ​ခါး​ရှိ​သော မြို့​ထောင့်​တိုင်​အောင်၊ အ​သေ​ကောင်​များ၊ ပြာ​များ​စွန့်​ပစ်​ရာ​ချိုင့် တစ်​လျှောက်​လုံး​နှင့်၊ ကေ​ဒြုန်​ချောင်း​အ​တွင်း​တွင်၊ လယ်​ပြင်​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် နုတ်​ပယ်​ဖြို​ချ​ခြင်း အ​လျှင်း​မ​ရှိ​ရ​ဟု မိန့်​တော်​မူ၏။

Currently Selected:

ယေရမိ 31: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in