YouVersion Logo
Search Icon

တရားသူကြီး 12

12
ယေ​ဖ​သ​နှ​င့် ဧ​ဖ​ရိမ်​အ​မျိုး​သား​များ
1ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ မြောက်​သို့​ချီ​သွား​လျှင်၊ ယေ​ဖ​သ​အား သင်​သည် ငါ​တို့​ကို​မ​ခေါ်​ဘဲ၊ အ​မ္မုန်​အ​မျိုး​သား​တို့​ကို အ​ဘယ်​ကြောင့် တိုက်​ခြင်း​ငှာ​သွား​သ​နည်း။ သင့်​အိမ်​ကို သင့်​အ​ပေါ်​မှာ မီး​ရှို့​မည်​ဟု ဆို​ကြ​သော်၊ 2ယေ​ဖ​သ​က၊ ငါ​နှင့် ငါ၏​လူ​တို့​သည် အ​မ္မုန်​အ​မျိုး​သား​တို့​နှင့် ကြီး​သော​အ​မှု ရှိ​စဉ်​အ​ခါ၊ သင်​တို့​ကို ငါ​ခေါ်​သော်​လည်း၊ သင်​တို့​သည် အ​မ္မုန်​လူ​တို့​လက်​မှ ငါ့​ကို မ​ကယ်​မ​နုတ်​ဘဲ နေ​ကြ၏။ 3မ​ကယ်​မ​နုတ်​ကြောင်း​ကို ငါ​သည် သိ​မြင်​သော​အ​ခါ၊ ကိုယ်​အ​သက်​ကို​စွန့်​စား​လျက် အ​မ္မုန်​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ​သွား၍ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ့​လက်၌ အပ်​တော်​မူ၏။ သင်​တို့​သည် ငါ့​ကို တိုက်​ခြင်း​ငှာ အ​ဘယ်​ကြောင့် ယ​နေ့ လာ​ကြ​သ​နည်း​ဟု ပြော​ဆို​ပြီး​လျှင်၊ 4ဂိ​လဒ်​ပြည်​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ ဧ​ဖ​ရိမ်​အ​မျိုး​ကို တိုက်​ကြ၏။ ဧ​ဖ​ရိမ်​လူ​တို့​က၊ သင်​တို့​သည် ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​ထဲ​က ထွက်​ပြေး၍ အ​မျိုး​မ​စစ်​သော​သူ ဖြစ်​သည်​ဟု ဂိ​လဒ်​ပြည်​သား​တို့​ကို ကဲ့​ရဲ့​ဖူး​သော​ကြောင့်၊ ဧ​ဖ​ရိမ်​လူ​တို့​ကို လုပ်​ကြံ​ကြ၏။ 5ဂိ​လဒ်​လူ​တို့​သည် ဧ​ဖ​ရိမ်​လူ​တို့​ရှေ့​မှာ ယော်​ဒန်​မြစ်​ကူး​ရာ​အ​ရပ်​တို့​ကို ဆီး​တား၍ ပြေး​လွတ်​သော ဧ​ဖ​ရိမ်​လူ​က၊ ကူး​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​သော​အ​ခါ၊ ဂိ​လဒ်​လူ​တို့​က၊ သင်​သည် ဧ​ဖ​ရိမ်​အ​မျိုး​သား ဖြစ်​သ​လော​ဟု မေး​စစ်​သော်၊ သူ​က မ​ဟုတ်​ပါ​ဟု ဆို​လျှင်၊ 6သူ​တို့​က၊ ရှိ​ဗော​လက်​ဟူ​သော စ​ကား​ကို ပြော​တော့​ဟု​ဆို​သော်၊ ဧ​ဖ​ရိမ်​လူ​သည် ထို​စ​ကား​ကို ပီ​အောင် မ​ပြော​တတ်​ဘဲ သိ​ဗော​လက်​ဟု ပြော၏။ ထို​သို့​ပြော​သော​သူ​ကို ဖမ်း​ဆီး၍ ယော်​ဒန်​မြစ်​ကူး​ရာ​အ​ရပ်၌ သတ်​ကြ၏။ ထို​အ​ခါ ဧ​ဖ​ရိမ်​အ​မျိုး​သား လေး​သောင်း​နှစ်​ထောင်​သေ​ကြ၏။ 7ဂိ​လဒ်​ပြည်​သား​ယေ​ဖ​သ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ခြောက်​နှစ်​အုပ်​စိုး​ပြီး​မှ​သေ၍ ဂိ​လဒ်​မြို့​တစ်​မြို့၌ သင်္ဂြိုဟ်​လေ၏။
ဣ​ဗ​ဇန်၊ ဧ​လုန်၊ အာ​ဗ​ဒုန်
8ယေ​ဖ​သ​နောက်​မှ ဗက်​လင်​မြို့​သား ဣ​ဗ​ဇန်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး၏။ 9ထို​မင်း​သည် သား​သုံး​ဆယ်၊ သ​မီး​သုံး​ဆယ်​ရှိ၏။ သ​မီး​များ​ကို အ​ခြား​တစ်​ပါး​သို့ စေ​လွှတ်၍ ချွေး​မ​သုံး​ဆယ်​ကို သိမ်း​ထား၏။ 10ဣ​ဗ​ဇန်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ခု​နစ်​နှစ်​အုပ်​စိုး​ပြီး​မှ သေ၍ ဗက်​လင်​မြို့၌ သင်္ဂြိုဟ်​လေ၏။ 11ဣ​ဗ​ဇန်​နောက်​မှ ဇာ​ဗု​လုန်​အ​မျိုး​သား ဧ​လုန်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ဆယ်​နှစ်​အုပ်​စိုး၏။ 12ထို​မင်း​သေ၍ ဇာ​ဗု​လုန်​ခ​ရိုင်၊ အာ​ဇ​လုန်​မြို့၌ သင်္ဂြိုဟ်​လေ၏။ 13ဧ​လုန်​နောက်​မှ ပိ​ရ​သုန်​မြို့​နေ ဟိ​လေ​လ၏​သား အာ​ဗ​ဒုန်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး၏။ 14ထို​မင်း​သည် သား​လေး​ဆယ်၊ မြေး​သုံး​ဆယ်​ရှိ၍ သား​မြေး​တို့​သည် ခု​နစ်​ဆယ်​သော မြည်း​သ​ငယ်​တို့​ကို စီး​ကြ၏။ 15ပိ​ရ​သုန်​မြို့ နေ​ဟိ​လေ​လ​သား အာ​ဗ​ဒုန်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရှစ်​နှစ်​အုပ်​စိုး​ပြီး​မှ​သေ၍ ဧ​ဖ​ရိမ်​ခ​ရိုင်၊ ပိ​ရ​သုန်​မြို့၊ အာ​မ​လက်​တောင်​ပေါ်​မှာ သင်္ဂြိုဟ်​လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in