YouVersion Logo
Search Icon

တရားသူကြီး 10

10
တော​လ
1အ​ဘိ​မ​လက်​လက်​ထက်​နောက်​မှ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​သော​သူ ဣ​သ​ခါ​အ​မျိုး၊ ဒေါ​ဒေါ​သား​ဖု​ဝါ၏​သား တော​လ​သည် ပေါ်​ထွန်း၍၊ ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ရှ​မိ​ရ​မြို့​မှာ နေ​လေ၏။ 2ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​နှစ်​ဆယ်​သုံး​နှစ်​ပတ်​လုံး အုပ်​စိုး​ပြီး​မှ သေ၍၊ ရှိ​မ​ရ​မြို့​မှာ သင်္ဂြိုဟ်​လေ၏။
ယာ​ဣ​ရ
3ထို​သူ​လက်​ထက်​နောက်​မှ၊ ဂိ​လဒ်​ပြည်​သား ယာ​ဣ​ရ​သည် ပေါ်​ထွန်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​နှစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး အုပ်​စိုး၏။ 4ထို​မင်း၌​ကား သား​သုံး​ဆယ်​ရှိ၍၊ သူ​တို့​သည် မြည်း​သ​ငယ်​သုံး​ဆယ်​တို့​ကို စီး​လျက် ဂိ​လဒ်​ပြည်၌ ယာ​ဝုတ်​ယာ​ဣ​ရ​အ​မည်​ဖြင့် ယ​နေ့​တိုင်​အောင် ခေါ်​ဝေါ်​သော မြို့​သုံး​ဆယ်​တို့​ကို ကံ​ကျွေး​ပြု​ကြ၏။ 5ယာ​ဣ​ရ​သေ၍ ကာ​မုန်​မြို့​မှာ သင်္ဂြိုဟ်​လေ၏။
ယေ​ဖ​သ
6တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား၊ ရှု​ရိ​ဘု​ရား၊ ဇိ​ဒုန်​ဘု​ရား၊ မော​ဘ​ဘု​ရား၊ အ​မ္မုန်​ဘု​ရား၊ ဖိ​လိ​တ္တိ​ဘု​ရား​တို့​ကို ဝတ်​ပြု၍ ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​မ​ပြု စွန့်​ထား​ကြ၏။ 7ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်၍ ဖိ​လိ​တ္တိ​လူ​တို့၌​လည်း​ကောင်း၊ အ​မ္မုန်​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ ရောင်း​တော်​မူ​သ​ဖြင့်၊ 8ယော်​ဒန်​မြစ်​တစ်​ဖက် အာ​မော​ရိ​လူ​နေ​ရာ ဂိ​လဒ်​ပြည်၌​နေ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို ထို​နှစ်​မှ​စ၍ တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး ညှဉ်း​ဆဲ​ကြ၏။ 9အ​မ္မုန်​အ​မျိုး​သား​တို့​သည်​လည်း၊ ယော်​ဒန်​မြစ်​ကို​ကူး၍ ယု​ဒ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​မျိုး၊ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​ကို တိုက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း​သို့ ရောက်​ကြ၏။
10ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ကို စွန့်၍၊ ဗာ​လ​ဘု​ရား​တို့​ကို ဝတ်​ပြု​မိ​ပါ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ၏။ 11ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည် သင်​တို့​ကို အဲ​ဂု​တ္တု​လူ၊ အာ​မော​ရိ​လူ၊ အ​မ္မုန်​လူ၊ ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​နုတ်​သည် မ​ဟုတ်​လော။ 12ဇိ​ဒုန်​လူ၊ အာ​မ​လက်​လူ၊ မော​နိ​လူ​တို့ ညှဉ်း​ဆဲ​သော​အ​ခါ၌​လည်း၊ သင်​တို့​သည် ငါ့​ကို​ဟစ်​ကြော်၍၊ သူ​တို့​လက်​မှ ငါ​ကယ်​နုတ်၏။ 13သို့​သော်​လည်း သင်​တို့​သည် ငါ့​ကို​စွန့်၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဝတ်​ပြု​သော​ကြောင့်၊ နောက်​တစ်​ဖန် ငါ​မ​ကယ်​နုတ်။ 14သင်​တို့ ရွေး​ယူ​သော​ဘု​ရား​တို့​ကို သွား၍ ဟစ်​ကြော်​ကြ​လော့။ အ​မှု​ရောက်​သော ယ​ခု​ကာ​လ၌ သူ​တို့​သည် ကယ်​နုတ်​ကြ​စေ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ၏။ 15ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​ပါ​ပြီ။ စိတ်​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့၌ ပြု​တော်​မူ​ပါ။ ယ​ခု တစ်​ကြိမ်​သာ​ကယ်​နုတ်​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​လျှောက်​လျက်၊ 16တစ်​ပါး​အ​မျိုး​သား​ကိုး​ကွယ်​သော ဘု​ရား​တို့​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ခံ​ရ​သော ဒု​က္ခ​ဆင်း​ရဲ​ကြောင့် နာ​ကျင်​သော​စိတ်​နှ​လုံး​ရှိ​တော်​မူ၏။ 17အ​မ္မုန်​အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ ဂိ​လဒ်​ပြည်၌ တပ်​ချ​ကြ၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ မိ​ဇ​ပါ​မြို့​မှာ တပ်​ချ​ကြ၏။ 18ဂိ​လဒ်​ပြည်​သား မင်း​များ​တို့​က၊ အ​ကြင်​သူ​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို အ​ဦး​တိုက်၏။ ထို​သူ​သည် ဂိ​လဒ်​ပြည်​သား​အ​ပေါင်း​တို့၏​အ​ထွတ်​ဖြစ်​စေ​ဟု တိုင်​ပင်​စီ​ရင်​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in