YouVersion Logo
Search Icon

ရှင်ယာကုပ် 4

4
လော​က​နှ​င့်​မိတ်​ဆွေ​ဖွဲ့​ခြင်း
1သင်​တို့​တွင် စစ်​တိုက်​ခြင်း၊ ရန်​တွေ့​ခြင်း​သည် အ​ဘယ်​အ​ကြောင်း​ကြောင့် ဖြစ်​သ​နည်း။ သင်​တို့​အင်္ဂါ​များ၌ စစ်​ပြိုင်​သော ကိ​လေ​သာ​ကာ​မ​စိတ်​ကြောင့် ဖြစ်​သည်​မ​ဟုတ်​လော။- 2သင်​တို့​သည် တပ်​မက်၍​မ​ရ​ကြ။ လူ​အ​သက်​ကို သတ်၍​လည်း​ကောင်း၊ အ​လွန်​လို​ချင်​သော လော​ဘ​စိတ်​ရှိ၍​လည်း​ကောင်း၊ အ​လို​မ​ပြည့်​စုံ​နိုင်​ကြ။ ရန်​တွေ့​ခြင်း၊ စစ်​တိုက်​ခြင်း​ကို​လည်း ပြု၍​မ​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ ဆု​မ​တောင်း​ဘဲ နေ​ကြ၏။- 3ဆု​တောင်း​လျှင်​လည်း ကာ​မ​ဂုဏ်​ခံ​စား​စ​ရာ​ဖို့ ရှိ​စေ​ခြင်း​ငှာ၊ အ​လွဲ​တောင်း​သော​ကြောင့် မ​ရ​ကြ။- 4မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။- 5ကျမ်း​စာ​ချက် အ​ချည်း​နှီး​သက်​သက် ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့၌ တည်​နေ​သော ဝိ​ညာဉ်​တော်​သည် ငြူ​စူ​စေ​ချင်​သော သ​ဘော​ရှိ​သည် ဟူ၍​လည်း​ကောင်း၊ ထင်​ကြ​သ​လော။- 6ထို​ဝိ​ညာဉ်​တော်​သည် သာ၍​များ​သော ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ထောင်​လွှား​စော်​ကား​သော​သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏​ဟု လာ​သ​တည်း။#သု၊ ၃း၃၄။
7ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​သို့ လိုက်​ကြ​လော့။ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။ သို့​ပြု​လျှင်၊ သူ​သည် သင်​တို့​ထံ​က ပြေး​သွား​လိမ့်​မည်။- 8ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။- 9ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ စိတ်​မ​သာ​ညည်း​တွား​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​ကြ​လော့။ သင်​တို့​ရယ်​ခြင်း​ကို စိတ်​မ​သာ​ညည်း​တွား​ခြင်း ဖြစ်​စေ​ကြ​လော့။ ဝမ်း​မြောက်​ခြင်း​ကို​လည်း ဝမ်း​နည်း​ခြင်း​ဖြစ်​စေ​ကြ​လော့။- 10ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့​ကို ချီး​မြှောက်​တော် မူ​လိမ့်​မည်။
စီ​ရင်​မှု​မ​ပြု​ရန်​သ​တိ​ပေး​ခြင်း
11ညီ​အစ်​ကို​တို့၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကဲ့​ရဲ့​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ညီ​အစ်​ကို​ချင်း​ကို ကဲ့​ရဲ့၍၊ သူ၌​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​သော​သူ​သည် တ​ရား​ကို ကဲ့​ရဲ့၏။ တ​ရား၌​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်၏။ ထို​သို့​ပြု​လျှင်၊ သင်​သည် တ​ရား​ကို ကျင့်​သော​သူ​မ​ဟုတ်၊ တ​ရား​ကို စစ်​ကြော​စီ​ရင်​သော​သူ ဖြစ်၏။- 12ပ​ညတ်​တ​ရား​ကို ထား​ပိုင်​သော​သူ၊ စစ်​ကြော​စီ​ရင်​ပိုင်​သော​သူ တစ်​ပါး​တည်း​ရှိ​တော်​မူ၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​ငှာ​လည်း​ကောင်း၊ ဖျက်​ဆီး​ခြင်း​ငှာ​လည်း​ကောင်း၊ တတ်​နိုင်​တော်​မူ၏။ သူ​တစ် ပါး​ကို စစ်​ကြော​စီ​ရင်​သော​သင်​သည်​ကား အ​ဘယ်​သူ​နည်း။
ကြွား​ဝါ​မှု​မ​ပြု​ရန်​သ​တိ​ပေး​ခြင်း
13ယ​နေ့ နက်​ဖြန် ဤ​မည်​သော​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ထို​မြို့၌ တစ်​နှစ်​ပတ်​လုံး​နေ၍ ကုန်​သွယ်​သ​ဖြင့် အ​မြတ်​ရ​အောင် ပြု​ကြ​ကုန်​အံ့​ဟု ဆို​တတ်​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။- 14နက်​ဖြန်​နေ့၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို သင်​တို့​မ​သိ​ကြ။ သင်​တို့ အ​သက်​သည် အ​ဘယ်​သို့​သော​အ​ရာ ဖြစ်​သ​နည်း။ ခ​ဏ​ထင်​ရှား​ပြီး​မှ ကွယ်​ပျောက်​တတ်​သော အ​ခိုး​အ​ငွေ့​ဖြစ်၏။- 15ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ၍၊ ငါ​တို့​သည်​လည်း အ​သက်​ရှင်​လျှင်၊ ဤ​သို့​ပြု​ကြ​ကုန်​အံ့၊ ထို​သို့​ပြု​ကြ​ကုန်​အံ့​ဟု သင်​တို့​ဆို​သင့်​ရာ​ဖြစ်၏။- 16ယ​ခု​သင်​တို့​သည် မိ​မိ​ထောင်​လွှား​ခြင်း၌ ဝါ​ကြွား​ကြ​သေး၏။ ထို​သို့​သော ဝါ​ကြွား​ခြင်း​ရှိ​သ​မျှ​သည် မ​ကောင်း​မ​သင့်​ဖြစ်၏။- 17ထို​ကြောင့်၊ ကောင်း​သော​အ​ကျင့်​ကို သိ​လျက် မ​ကျင့်​ဘဲ​နေ​သော​သူ​သည် အ​ပြစ်​ရှိ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in