YouVersion Logo
Search Icon

ဟေရှာယ 9

9
နောင်​အ​ခါ​ပေါ်​ထွန်း​မည့်​ဘု​ရင်
1သို့​သော်​လည်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ​ရ​သော​ပြည်​သည် နောက်​မှ မှောင်​မိုက်​နှင့် ကင်း​လွတ်​လိမ့်​မည်။ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် နဿ​လိ​ခ​ရိုင်​ကို အ​ထက်​က ရှုတ်​ချ​တော်​မူ​သော်​လည်း၊ နောက်​တစ်​ဖန် အိုင်​နား​လျှောက်​သော​လမ်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၊ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ဂါ​လိ​လဲ​ပြည်​ကို ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။#မ၊ ၄:၁၅။ 2မှောင်​မိုက်​ထဲ​မှာ သွား​လာ​သော လူ​များ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို မြင်​ရ၍၊ သေ​မင်း၏​နိုင်​ငံ​အ​ရိပ်​တွင်​ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း​လျက်​ရှိ၏။#မ၊ ၄:၁၆။ လု၊ ၁:၇၉။ 3ကိုယ်​တော်​သည် အ​မျိုး​သား​တို့​ကို များ​ပြား​စေ၍၊ သူ​တို့၏​ဝမ်း​မြောက်​ခြင်း​ကို တိုး​ပွား​စေ​တော်​မူ၏။ စ​ပါး​ကို​စု​သိမ်း​ရာ​ကာ​လ၌ ဝမ်း​မြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ​သော​သူ ဝမ်း​မြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌​သူ​တို့​သည် ဝမ်း​မြောက်​ကြ​ပါ၏။ 4အ​ကြောင်း​မူ​ကား၊ မိ​ဒျန်​လက်​ထက်၌ ပြု​တော်​မူ​သ​ကဲ့​သို့၊ ကိုယ်​တော်​သည် သူ​တို့​ထမ်း​ရ​သော​ထမ်း​ပိုး၊ ကျော၌​ခံ​ရ​သော တုတ်​ကို​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ၏ လှံ​တံ​ကို​လည်း​ကောင်း ချိုး​တော်​မူ​ပြီ။ 5စစ်​တိုက်​သော​သူ​ရဲ၏​ခြေ​စွပ်​နှင့် အ​သွေး​လှ​သော အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​တို့​သည် မီး​ရှို့​ဖို့​မီး​စာ ဖြစ်​ရ​ကြ​လိမ့်​မည်။ 6အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​မူကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။ 7ဒါ​ဝိဒ်​မင်း၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍၊ နိုင်​ငံ​တော်​ကို နောင်​ကာ​လ​အ​စဉ်​မ​ပြတ်၊ တ​ရား​တော်​အ​တိုင်း ဖြောင့်​မတ်​စွာ​စီ​ရင်၍ အ​မြဲ​တည်​စေ​တော်​မူ​မည်​အ​ကြောင်း၊ အာ​ဏာ​တော်​တိုး​တက်​ခြင်း​နှင့် ငြိမ်​သက်​တော်​မူ​ခြင်း​သည် နိ​စ္စ​အ​မြဲ​ရှိ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍၊ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​လိမ့်​မည်။#လု၊ ၁:၃၂-၃၃။
ထာ​ဝ​ရ​ဘု​ရားဆုံး​မ​ခြင်း
8ထာ​ဝ​ရ​ဘု​ရား​သည် ဗျာ​ဒိတ်​တော်​ကို ယာ​ကုပ်​အ​မျိုး​သို့​လွှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါ်​မှာ သက်​ရောက်​စေ​တော်​မူ၏။ 9အုတ်​ရိုး​ပြို​သော်​လည်း၊ ဆစ်​သော​ကျောက်​နှင့် တည်​ပြန်​မည်။ 10သ​ဖန်း​ပင်​များ​ကို ခုတ်​လှဲ​သော်​လည်း၊ သူ​တို့​အ​ရာ၌ အာ​ရဇ်​ပင်​များ​ကို စိုက်​ထား​မည်​ဟု မာ​န​ကြီး​မား​ထောင်​လွှား​သော ရှ​မာ​ရိ​မြို့​သား​မှ​စ၍ ဧ​ဖ​ရိမ်​လူ​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ 11ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ထို​သူ​တို့​တစ်​ဖက်၌ ရေ​ဇိန်​မင်း၏​ရန်​သူ​တို့​ကို ချီး​မြှောက်၍၊ ဧ​ဖ​ရိမ်​အ​မျိုး၏​ရန်​သူ​တို့​ကို ထ​စေ​တော်​မူ​သ​ဖြင့်၊ 12ရှေ့၌​ကား ရှု​ရိ​လူ၊ နောက်၌​ကား ဖိ​လိ​တ္တိ​လူ​တို့​သည် ပါး​စပ်​ဟ၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကိုက်​စား​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။
13ဤ​လူ​မျိုး​သည် ဒဏ်​ခတ်​တော်​မူ​သော သူ​ထံ​သို့ မ​လှည့်​မ​ပြန်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​မ​ဖွေ​တတ်။ 14ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​မှ ဦး​ခေါင်း​နှင့် အ​မြီး​ကို​လည်း​ကောင်း၊ စွန်​ပ​လွံ​လက်​နှင့် ကိုင်း​ပင်​ကို​လည်း​ကောင်း တစ်​နေ့​ချင်း​တွင် ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။ 15ဦး​ခေါင်း​ကား၊ အ​သက်​ကြီး​သူ​နှင့် အ​သ​ရေ​ရှိ​သူ​တည်း။ အ​မြီး​ကား၊ မု​သား​ကို​ဟော​ပြော​သော ပ​ရော​ဖက်​တည်း။ 16ဤ​လူ​မျိုး​ကို လမ်း​ပြ​သော​သူ​တို့​သည် လမ်း​လွဲ​စေ​ခြင်း​ငှာ ပြ​ကြ၏။ လိုက်​သော​သူ​တို့​သည်​လည်း ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ 17ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​သော လူ​ပျို​တို့​ကို အား​ရ​တော်​မ​မူ။ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​တို့​ကို သ​နား​တော်​မ​မူ။ ထို​သူ​အ​ပေါင်း​တို့​သည် အ​ဓ​မ္မ​ပြု​သော​သူ၊ ဆိုး​ညစ်​သော​သူ​ဖြစ်၍၊ မ​တ​ရား​သော​စ​ကား​ကို ပြော​တတ်​ကြ၏။ သို့​ဖြစ်၍၊ အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။
18အ​ဓ​မ္မ​သည် မီး​ကဲ့​သို့ လောင်​တတ်၏။ ဆူး​ပင်​အ​မျိုး​မျိုး​ကို ကျွမ်း​စေ​မည်။ တော​အုပ်​ကို​လည်း မီး​ရှို့​သ​ဖြင့်၊ အ​ပင်​တို့​သည် မီး​ခိုး​နှင့်​တ​ကွ လွင့်​တက်​ကြ​လိမ့်​မည်။ 19ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကြောင့်၊ မြေ​သည်​မီး​လောင်၍၊ မြေ​သား​တို့​သည် မီး​မွှေး​ဖို့ ထင်း​ဖြစ်​ကြ​လိမ့်​မည်။ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် မ​နှ​မြော​ရ။ 20လက်​ယာ​ဘက်၌ ခုတ်​ဖြတ်​သော်​လည်း၊ ငတ်​မွတ်​လိမ့်​မည်။ လက်​ဝဲ​ဘက်၌ ကိုက်​စား​သော်​လည်း မ​ဝ​ရ။ အိမ်​နီး​ချင်း​အ​သား​ကို လူ​တိုင်း ကိုက်​စား​ရ​လိမ့်​မည်။ 21မ​နာ​ရှေ​အ​မျိုး​သည် ဧ​ဖ​ရိမ်​အ​မျိုး​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး​ကို​လည်း​ကောင်း ကိုက်​စား​ကြ​လိမ့်​မည်။ ထို​နှစ်​မျိုး​တို့​သည် ယု​ဒ​အ​မျိုး​ကို တ​ညီ​တ​ညွတ်​တည်း ရန်​ပြု​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

Currently Selected:

ဟေရှာယ 9: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in