YouVersion Logo
Search Icon

ဟေရှာယ 14

14
ယုဒပြည်ကိုပြန်​လည်ထူထောင်ခြင်း
1အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​အ​မျိုး​ကို​သ​နား၍ ဣ​သ​ရေ​လ​အ​မျိုး​ကို တစ်​ဖန်​ရွေး​ကောက်​သ​ဖြင့်၊ သူ​တို့​ကို နေ​ရင်း​ပြည်၌ နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သူ​တို့​နှင့်​ပေါင်း​ဖော်၍ ယာ​ကုပ်​အ​မျိုး၌ ဆည်း​ကပ်​ကြ​လိမ့်​မည်။ 2တစ်​ပါး​အ​မျိုး​သား​တို့​သည် သူ​တို့​ကို နေ​ရင်း​အ​ရပ်​သို့ ပို့​ဆောင်​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား၏​ပြည်​တော်​တွင်၊ ကျွန်​နှင့် ကျွန်​မ​အ​ရာ၌​ထား၍ စေ​စား​ကြ​လိမ့်​မည်။ အ​ထက်​က သိမ်း​သွား​ဖူး​သော သူ​တို့​ကို တစ်​ဖန် သိမ်း​ယူ​ခဲ့​ကြ​လိမ့်​မည်။ ညှဉ်း​ဆဲ​ဖူး​သော​သူ​တို့​ကို​လည်း အုပ်​စိုး​ကြ​လိမ့်​မည်။
ဗာ​ဗု​လုန်​ဘု​ရင်
3ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ငြို​ငြင်​ခြင်း၊ စိုး​ရိမ်​ခြင်း၊ သူ​တစ်​ပါး​စေ​စား၍ ဆင်း​ရဲ​စွာ အ​စေ​ကျွန်​ခံ​ရ​ခြင်း​ထဲ​က​နုတ်၍၊ ချမ်း​သာ​ပေး​တော်​မူ​လျှင်၊ 4သင်​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ရည်​ဆောင်၍၊ ပုံ​စ​ကား​ကို ဤ​သို့ မြွက်​ဆို​လိမ့်​မည်။ အ​စိုး​တ​ရ​ပြု​သော​သူ​သည် ဆုံး​လေ​ပြီ​တ​ကား။ ရွှေ​မြို့​တော်​သည် ဆုံး​လေ​ပြီ​ကား။ 5လူ​သ​တ္တ​ဝါ​တို့​ကို အ​မျက်​ထွက်၍၊ အ​စဉ်​မ​ပြတ် ရိုက်​ခြင်း၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​ကို မာ​န​စိတ်​နှင့် အုပ်​စိုး၍၊ အ​စဉ်​မ​ပြတ် ညှဉ်း​ဆဲ​ခြင်း​ကို​ပြု​သော အ​ဓ​မ္မ​လူ​တို့၏ တောင်​ဝှေး​ကို​လည်း​ကောင်း၊ 6ထို​သို့ အ​စိုး​ရ​သော​သူ​တို့၏ ရာ​ဇ​လှံ​တံ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ချိုး​တော်​မူ​ပြီ။ 7မြေ​တစ်​ပြင်​လုံး​သည် ငြိမ်​ဝပ်​ချမ်း​သာ​ခြင်း​ရှိ၏။ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​သံ​နှင့် ကြွေး​ကြော်​ကြ၏။ 8ထင်း​ရှူး​ပင်​နှင့် လေ​ဗ​နုန်​အာ​ရဇ်​ပင်​တို့​က၊ သင်​တို့​သည် လဲ​ပြီး​သည်​နောက်၊ ငါ​တို့​ကို ခုတ်​လှဲ​သော​သူ​သည် မ​တက်​မ​လာ​ရ​ဟု သင့်​ကို​ရည်​ဆောင်၍ ဝမ်း​မြောက်​ကြ၏။
9သင်​သည် ရောက်​လာ​သော​အ​ခါ၊ အောက်​အ​ရပ် မ​ရ​ဏ​နိုင်​ငံ​သည် ကြို​ဆို​အံ့​သော​ငှာ လှုပ်​လေ၏။ သင်္ချိုင်း​သား​များ​နှင့် လော​ကီ​မင်း​များ​အ​ပေါင်း​တို့​ကို သင့်​အ​တွက်​ကြောင့် နှိုး​ဆော်​လေ၏။ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သော ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို ရာ​ဇ​ပ​လ္လင်​တို့​မှ​ထ​စေ၏။ 10ထို​သူ​အ​ပေါင်း​တို့​က၊ သင်​သည်​လည်း ငါ​တို့​ကဲ့​သို့ အား​နည်း​ပါ​သည်​တ​ကား။ ငါ​နှင့် တူ​ပါ​သည်​တ​ကား။ 11သင်၏​ဘုန်း​အ​သ​ရေ​နှင့် သင်၏​တူ​ရိ​ယာ​မျိုး အ​သံ​ဗ​လံ​တို့​ကို မ​ရ​ဏနိုင်​ငံ​တွင် ရှုတ်​ချ​လေ​ပြီ​တ​ကား။ သင့်​အောက်၌ ပိုး​ကောင်​များ​ကို​ခင်း​လျက်၊ သင့်​အ​ပေါ်၌ တီ​ကောင်​များ​ကို ခြုံ​လျက်​ရှိ​ပါ​သည်​တ​ကား​ဟု သင့်​ကို​နှုတ်​ဆက်၍ ပြော​ဆို​ကြ​လိမ့်​မည်။
12အို နံ​နက်​သား၊ မိုး​သောက်​ကြယ်၊ သင်​သည် ကောင်း​ကင်​က ကျ​လေ​ပြီ​တ​ကား။ အ​ပြည်​ပြည်​တို့​ကို နှိပ်​စက်​သော​သင်​သည်၊ မြေ​တိုင်​အောင် ခုတ်​လှဲ​ခြင်း​ကို ခံ​ရ​လေ​ပြီ​တ​ကား။#ဗျာ၊ ၈:၁၀၊ ၉:၁။ 13သင်​က​လည်း၊ ကောင်း​ကင်​ပေါ်​သို့ ငါ​တက်​မည်။ ဘု​ရား​သ​ခင်၏​ကြယ်​တို့​အ​ပေါ်​မှာ ငါ့​ပ​လ္လင်​ကို ငါ​ချီး​မြှောက်​မည်။ မြောက်​မျက်​နှာ​ဘက်၊ ဗျာ​ဒိတ်​တော်​တောင်​ပေါ်​မှာ ငါ​ထိုင်​မည်။ 14မိုး​တိမ်​ထိပ်​ပေါ်​သို့ ငါ​တက်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​ကဲ့​သို့ ငါ​နေ​မည်​ဟု စိတ်​အ​ကြံ​ရှိ​လေ​ပြီ။ 15သို့​သော်​လည်း၊ သင်​သည်​မ​ရ​ဏ​နိုင်​ငံ၊ သင်္ချိုင်း​တွင်း​ထဲ​သို့ နှိမ့်​ချ​ခြင်း​ကို ခံ​ရ​လေ​ပြီ။#မ၊ ၁၁:၂၃။ လု၊ ၁၀:၁၅။
16သင့်​ကို မြင်​သော​သူ​တို့​သည် စေ့​စေ့​ကြည့်​ရှု၍ ဆင်​ခြင်​ပြီး​လျှင်၊ မြေ​ကြီး​ကို​တုန်​လှုပ်​စေ၍၊ တိုင်း​နိုင်​ငံ​များ​ကို လှုပ်​ခြောက်​သော​သူ​ကား ဤ​သူ​လော။ 17လော​ကီ​နိုင်​ငံ​ကို တော​ကဲ့​သို့​ဖြစ်​စေ၍၊ မြို့​များ​ကို ဖျက်​ဆီး​သော​သူ၊ အ​ချုပ်​ခံ​ရ​သော​သူ​တို့​ကို မိ​မိ​နေ​ရာ​သို့ တစ်​ဖန်​မ​လွှတ်​သော​သူ​ကား ဤ​သူ​လော။ 18အ​ပြည်​ပြည်​သော ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​စေ​တီ၌ ဘုန်း​အ​သ​ရေ​နှင့် အိပ်​ကြ၏။ 19သင့်​ကို​မူ​ကား၊ ရွံ​ရှာ​ဖွယ်​သော​သစ်​ခက်​ကဲ့​သို့ သင်္ချိုင်း​ထဲ​က ထုတ်​ပစ်​ရ၏။ ကွပ်​မျက်​သော​သူ၊ ဓား​ဖြင့်​ထိုး​သော​သူ၊ သင်္ချိုင်း​တွင်း၌ ကျောက်​စု​ထဲ​သို့​ချ​သော​သူ​များ​နှင့် ဖုံး​အုပ်​လျက်၊ ခြေ​ဖြင့်​ကျော်​နင်း​သော အ​သေ​ကောင်​ဖြစ်​လေ၏။ 20သူ​တစ်​ပါး​တို့​နှင့် ရော​နှော၍ သင်္ဂြိုဟ်​ခြင်း​ကို​မ​ခံ​ရ။ အ​ကြောင်း​မူ​ကား၊ မိ​မိ​ပြည်​ကို ဖျက်​ဆီး​ပြီ။ မိ​မိ​အ​မျိုး​သား​ချင်း​တို့​ကို သတ်​လေ​ပြီ။ အ​ဓ​မ္မ​ပြု​သော​သူ​တို့၏​အ​နွယ်​သည် ဂုဏ်​အ​သ​ရေ​အ​လျှင်း​မ​ရှိ​ရ​ဟု ပြော​ဆို​ကြ​လိမ့်​မည်။
21သူ၏​သား​မြေး​တို့​သည်​မ​ထ၊ မြေ​ကြီး​ကို​မ​ပိုင်၊ မြေ​တစ်​ပြင်​လုံး​တွင် ရန်​သူ​များ​ကို မ​နှိုး​ဆော်​နိုင်​မည်​အ​ကြောင်း၊ သူ​တို့​အ​ဖို့ ဘိုး​ဘေး​တို့၏​အ​ပြစ်​ကြောင့် ကွပ်​မျက်​ခြင်း​ကို​ပြင်​ကြ​လော့။
22ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သူ​တို့​တစ်​ဖက်၌​ထ၍ ဗာ​ဗု​လုန်​မြို့၏​နာ​မ​နှင့် အ​ကြွင်း​အ​ကျန်​ကို​လည်း​ကောင်း၊ သား​မြေး​တို့​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 23တစ်​ဖန်​လည်း၊ ငါ​သည် ထို​မြို့​ကို ဖြူ​ကောင်​များ​နေ​ရာ၊ ရေ​လွှမ်း​မိုး​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ ဖျက်​ဆီး​ခြင်း၏ တံ​မြက်​စည်း​ဖြင့်​လှည်း​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
အာ​ရှု​ရိ​အ​မျိုး​သား​တို့​ကိုဖျက်​ဆီး​မည်
24ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ကျိန်​ဆို၍​မိန့်​တော်​မူ​သည်​ကား၊ 25ငါ၏​မြေ​ပေါ်​မှာ အာ​ရှု​ရိ​မင်း​ကို ငါ​နှိပ်​စက်​မည်။ ငါ၏​တောင်​ရိုး​ပေါ်​မှာ ခြေ​ဖြင့်​ကျော်​နင်း​မည်​ဟု ငါ​ကြံ​စည်​သည်​အ​တိုင်း​ဖြစ်၍၊ ငါ​စီ​ရင်​ချက်​လည်း တည်​ရ​လိမ့်​မည်။ ထို​အ​ခါ သူ၏​ထမ်း​ပိုး​ကို သူ​တစ်​ပါး​အ​ပေါ်​က​ရွှေ့၍၊ သူ​တို့​ပ​ခုံး​ပေါ်​မှာ တင်​သော​ဝန်​ကို ချ​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။ 26မြေ​တစ်​ပြင်​လုံး​တွင် ထို​သို့​ကြံ​စည်​တော်​မူ၏။ ခပ်​သိမ်း​သော ပြည်​တို့​အ​ပေါ်​မှာ ထို​သို့ လက်​တော်​ကို​ဆန့်​လျက် ရှိ၏။ 27ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​ကြံ​တော်​ကို အ​ဘယ်​သူ ဖျက်​လိမ့်​မည်​နည်း။ ဆန့်​တော်​မူ​သော​လက်​တော်​ကို အ​ဘယ်​သူ​လှန်​လိမ့်​မည်​နည်း။#ဟေ​ရှာ၊ ၁၀:၅-၃၄။ နာ၊ ၁:၁-၃:၁၉။ ဇေ၊ ၂:၁၃-၁၅။
ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​ကို​ဖျက်​ဆီး​မည်
28အာ​ခတ်​မင်း​ကြီး အ​နိ​စ္စ​ရောက်​သော​နှစ်​တွင် ခံ​ရ​သော​ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊#၄ ရာ၊ ၁၆:၂၀။ ၆ ရာ၊ ၂၈:၂၇။ 29အို ဖိ​လိ​တ္တိ​ပြည်​လုံး၊ သင့်​ကို​ရိုက်​သော ကြိမ်​လုံး​ကျိုး​သည်​ကို​ထောက်၍၊ ဝမ်း​မ​မြောက်​နှင့်။ ထို​မြွေ​အ​မျိုး​ထဲ​က မြွေ​ဆိုး​ပေါက်​လိမ့်​မည်။ သူ၏​အ​နွယ်​သည်​လည်း ပျံ​တတ်​သော မီး​မြွေ​ဖြစ်​လိမ့်​မည်။#ယေ၊ ၄၇:၁-၇။ ယေ​ဇ၊ ၂၅:၁၅-၁၇။ ယော​လ၊ ၃:၄-၈။ အာ၊ ၁:၆-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။ 30အ​တိုင်း​ထက်​အ​လွန် ဆင်း​ရဲ​သော​သူ​တို့​သည် စား​ရ​ကြ​လိမ့်​မည်။ ဆင်း​ရဲ ငြို​ငြင်​သော​သူ​တို့​သည် ဘေး​လွတ်​လျက် အိပ်​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်၏​အ​မြစ်​ကို သွေ့​ခြောက်​ခြင်း​အား​ဖြင့် သတ်၍၊ သင်၏​အ​ကြွင်း​ကို​လည်း မြွေ​ဆိုး​သည် ကွပ်​မျက်​လိမ့်​မည်။ 31အို တံ​ခါး၊ ညည်း​တွား​လော့။ အို မြို့၊ ငို​ကြွေး​မြည်​တမ်း​လော့။ အို ဖိ​လိ​တ္တိ​ပြည်​လုံး၊ သင်​သည် မှိုင်​တွေ​လျက်​ရှိ၏။ မြောက်​မျက်​နှာ​မှ မီး​ခိုး​ထွက်​လာ၏။ ထို​အ​လုံး​အ​ရင်း၌ တစ်​ယောက်​တ​ခြား​စီ နေ​သော​သူ​မ​ရှိ။ 32တစ်​ပြည်​တစ်​နိုင်​ငံ​မှ ရောက်​လာ​သော သံ​တ​မန်​တို့​အား အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​နည်း​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို တည်​ထောင်​တော်​မူ​သည် ဖြစ်၍၊ ကိုယ်​တော်၏​ဆင်း​ရဲ​သား​တို့​သည် ထို​မြို့၌ ကိုး​စား​ကြ၏။

Currently Selected:

ဟေရှာယ 14: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in