YouVersion Logo
Search Icon

ဟောရှေ 7

7
ဣ​သ​ရေ​လ​တို့​ပုန်​ကန်​ခြင်း
1ဣ​သ​ရေ​လ၏​အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ ငါ​ပြု​သော​အ​ခါ၊ ဧ​ဖ​ရိမ်၏​အ​ပြစ်​နှင့် ရှ​မာ​ရိ​ပြု​သော အ​ဓ​မ္မ​အ​မှု​သည် ထင်​ရှား​ပြန်၏။ သူ​တို့​သည် သ​စ္စာ​ပျက်​ကြ​ပြီ။ အ​ထဲ​သို့ သူ​ခိုး​ဝင်​တတ်၏။ ပြင်၌​လည်း ဓား​ပြ​အ​လုံး​အ​ရင်း​တို့​သည် တိုက်​တတ်​ကြ၏။ 2သူ​တို့​ပြု​သ​မျှ​သော အ​ဓ​မ္မ​အ​မှု​ကို ငါ​မှတ်​မိ​သည်​ဟု မိ​မိ​တို့ စိတ်​နှ​လုံး​ထဲ​မှာ မ​အောက်​မေ့​ကြ။ ယ​ခု​ပင် ထို​အ​မှု​တို့​သည် သူ​တို့​ကို ဝိုင်း​ကြ​ပြီ။ ငါ့​မျက်​မှောက်​တွင် ရှိ​ကြ၏။
နန်း​တွင်း​လုပ်​ကြံ​မှု
3ဆိုး​ညစ်​သော အ​မှု​အား​ဖြင့် ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ မု​သား​စ​ကား​အား​ဖြင့် မင်း​များ​ကို​လည်း​ကောင်း ဝမ်း​မြောက်​စေ​ကြ၏။ 4ထို​သူ​အ​ပေါင်း​တို့​သည် မ​တ​ရား​သော မေ​ထုန်​ဖြင့် မှား​ယွင်း​သော​သူ​ဖြစ်၍၊ မီး​ထည့်​သော မုန့်​သည်၏ မီး​ဖို​နှင့်​တူ​ကြ၏။ မုန့်​စိမ်း​ကို​နယ်​ပြီး​မှ မ​ဖောင်း​ကြွ​မီ​တိုင်​အောင်၊ မီး​ကို​မ​ဆော်​ဘဲ ငြိမ်​ဝပ်​စွာ နေ​ရ၏။ 5ငါ​တို့​ရှင်​ဘု​ရင်၏ နှစ်​စဉ်​ပွဲ​နေ့၌ မင်း​တို့​သည် စ​ပျစ်​ရည်​အ​ရှိန်​နှင့် ယစ်​မူး၍ ရှင်​ဘု​ရင်​သည် မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​ကို လက်​ခံ​တတ်၏။ 6အ​ကယ်​စင်​စစ် သူ​တို့​သည် ချောင်း၍​ကြည့်​လျက် နေ​ကြ​စဉ် မိ​မိ​တို့​နှ​လုံး​ကို မီး​ဖို​ကဲ့​သို့ ပြင်​ဆင်​ကြ​ပြီ။ သူ​တို့​မုန့်​သည် တစ်​ည​လုံး​အိပ်​သော်​လည်း နံ​နက်​အ​ချိန်၌ တောက်​သော​မီး​ကဲ့​သို့ လောင်​လျက်​ရှိ၏။ 7ထို​သူ​အ​ပေါင်း​တို့​သည် မီး​ဖို​ကဲ့​သို့ ပူ​ကြ၏။ မိ​မိ​တို့​တ​ရား​သူ​ကြီး​များ​ကို လောင်​ကြ​ပြီ။ သူ​တို့​ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် လဲ​ကြ​ပြီ။ ငါ့​ကို​ဟစ်​ခေါ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။
ဣ​သ​ရေ​လ​နှင့်​အ​ခြား​နိုင်​ငံ​များ
8ဧ​ဖ​ရိမ်​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် ပေါင်း​ဖော်​ရော​နှော​လျက်​ရှိ၏။ တစ်​မျက်​နှာ​သာ​ဖုတ်၍ မ​လှန်​သော​မုန့်​ပြား​ဖြစ်၏။ 9သူ​မ​သိ​မ​မှတ်​ဘဲ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သူ၏​ခွန်​အား​ကို စား​ကြ​ပြီ။ ကိုယ်​မ​သိ​မ​မှတ်​ဘဲ ခေါင်း​ပေါ်​မှာ ဖြူ​သော​ဆံ​ပင် အ​နှံ့​အ​ပြား​ရှိ​ပြီ။ 10ဣ​သ​ရေ​လ​အ​မျိုး၏​မာ​န​သည် သူ့​မျက်​မှောက်၌ နှိမ့်​ချ​ခြင်း​သို့ ရောက်​သော်​လည်း အ​မျိုး​သား​တို့​သည် ကိုယ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​ပြန်​မ​လာ​ကြ။ အ​မှု​ရောက်​သော်​လည်း ဘု​ရား​ကို မ​ရှာ​ကြ။
11ဧ​ဖ​ရိမ်​သည် ဉာဏ်​မ​ရှိ၊ မိုက်​သော ချိုး​နှင့်​တူ၏။ အဲ​ဂု​တ္တု​ပြည်​ကို ဟစ်​ခေါ်​တတ်၏။ အာ​ရှု​ရိ​ပြည်​သို့ ပြေး​တတ်၏။ 12သွား​လေ​ရာ​ရာ​တွင် ငါ့​ပိုက်​နှင့် သူ​တို့​ကို ငါ​အုပ်​မိ​မည်။ မိုး​ကောင်း​ကင်​ငှက်​ကို​ကဲ့​သို့ မြေ​သို့​နှိ​မ့်​ချ​မည်။ သူ​တို့​စည်း​ဝေး​ရာ၌ ကြား​သည်​အ​တိုင်း ငါ​ဆုံး​မ​မည်။ 13သူ​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လည်​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ့​ကို​ပြစ်​မှား​သော​ကြောင့် ဖျက်​ဆီး​ဖို့​ရာ ဖြစ်​ကြ၏။ သူ​တို့​ကို ငါ​ရွေး​နုတ်​သော်​လည်း၊ ငါ့​တစ်​ဖက်၌ မု​သား​စ​ကား​ကို ပြော​ကြ၏။ 14သူ​တို့​သည် အိပ်​ရာ​ပေါ်​မှာ မြည်​တမ်း​သော်​လည်း၊ စေ​တ​နာ​စိတ်​နှင့် ငါ့​ကို မ​အော်​ဟစ်​ကြ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ကို​ရ​ခြင်း​ငှာ စည်း​ဝေး၍ ငါ့​ကို​ပုန်​ကန်​ကြ၏။ 15ငါ​သည် ဆုံး​မ​သော်​လည်း​ကောင်း၊ သူ​တို့​ကို ခိုင်​ခံ့​စေ​သော်​လည်း​ကောင်း၊ ငါ့​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​ကြ၏။ 16အ​ကျိုး​နည်း​ရှိ​ကြ၏။ လိမ်​တတ်​သော​လေး​ကဲ့​သို့ ဖြစ်​ကြ၏။ မင်း​တို့​သည် စော်​ကား​သော​ကြောင့် ဓား​ဖြင့်​သေ၍ အဲ​ဂု​တ္တု​ပြည်​သား​တို့၏ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

Currently Selected:

ဟောရှေ 7: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in