YouVersion Logo
Search Icon

ဟေဗြဲ 11

11
ယုံ​ကြည်​ခြင်း
1ယုံ​ကြည်​ခြင်း​သည် မျှော်​လ​င့်​သော​အ​ရာ​တို့​ကို မျက်​မှောက်​ပြု​ခြင်း​ဖြစ်၏။ မ​မြင်​သေး​သော အ​ရာ​တို့​ကို သိ​မှတ်​စွဲ​လမ်း​ခြင်း​အ​ကြောင်း ဖြစ်၏။- 2ထို​ပါ​ရ​မီ​ကြောင့်၊ ရှေး​လူ​ဟောင်း​တို့​သည် ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။- 3ယ​ခု​မြင်​ရ​သော​အ​ရာ​တို့​သည်၊ အ​ရင်​ထင်​ရှား​သော အ​ရာ​ထဲ​က မ​ဖြစ်​ဘဲ၊ လော​က​ဓာတ်​တို့​သည် ဘု​ရား​သ​ခင်၏ အ​မိန့်​တော်​ကြောင့်​သာ တည်​သည်​ကို ငါ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် သိ​ကြ၏။- 4အာ​ဗေ​လ​သည်၊ ကာ​ဣ​န​ပူ​ဇော်​သော​ယဇ်​ထက် သာ၍ မြတ်​သော​ယဇ်​ကို၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​အား ပူ​ဇော်၏။ ထို​သို့​သော​ယဇ်​ကို ပူ​ဇော်၍၊ မိ​မိ​ဖြောင့်​မတ်​သည်​ဟု သက်​သေ​ခံ​တော်​မူ​ခြင်း​ကို ရ​လေ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​လှူ​သော​အ​လှူ​ကို ဘု​ရား​သ​ခင်​သည် လက်​ခံ​တော်​မူ၏။ သို့​ဖြစ်၍၊ အာ​ဗေ​လ​သည် သေ​လွန်​သော်​လည်း ယ​ခု​ပင် တ​ရား​ဟော​သေး၏။- 5ဧ​နောက်​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် သေ​ခြင်း​နှင့်​လွတ်၍ ဘ​ဝ​ပြောင်း​ရ၏။ ဘု​ရား​သ​ခင်​သည် သူ့​ကို ဘ​ဝ​ပြောင်း​စေ​တော်​မူ​သော​ကြောင့်၊ သူ​သည် နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ။ သူ​သည် ဘ​ဝ​မ​ပြောင်း​မီ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့် တွေ့​သော​သူ​ဖြစ်​သည်​ဟု သက်​သေ​ခံ​ခြင်း​ကို ရ​လေ၏။- 6ယုံ​ကြည်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​သည်၊ ဘု​ရား​သ​ခင် ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို ရှာ​သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ရ​မည်။- 7နော​ဧ​သည် မ​မြင်​သေး​သော အ​မှု​အ​ရာ​တို့​ကို ဖော်​ပြ​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ကြောက်​ရွံ့​သော​စိတ်​ရှိ၍၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို ကယ်​တင်​ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ၏။ ထို​ယုံ​ကြည်​ခြင်း​အား​ဖြင့် လော​ကီ​သား​တို့​ကို အ​ပြစ်​တင်၍ ယုံ​ကြည်​ခြင်း​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ခြင်း​ကို​လည်း အ​မွေ​ခံ​ရ၏။
8အာ​ဗြ​ဟံ​သည် အ​မွေ​ခံ​ရ​လ​တ္တံ့​သော​ပြည်​သို့ ထွက်​သွား​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ခေါ်​တော်​မူ​သော​အ​ခါ၊ သူ​သည် အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို ကိုယ်​တိုင်​မ​သိ​ဘဲ​လျက်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် နား​ထောင်၍ ထွက်​သွား​လေ၏။- 9သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​နေ​သ​ကဲ့​သို့၊ က​တိ​တော်​နှင့် စပ်​ဆိုင်​သော​ပြည်၌ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧည့်​သည်​ဖြစ်၍​နေ၏။ ထို​က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော အ​ဖော်​အ​ဖက်​တည်း​ဟူ​သော ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ တဲ၌​နေ​လေ၏။- 10အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင် တည်​ထောင်​ပြု​စု​တော်​မူ​သော၊ ခိုင်​ခံ့​မြဲ​မြံ​သော​မြို့​ကို မျှော်​လ​င့်​သ​တည်း။- 11သူ၏​ခင်​ပွန်း​စာ​ရာ​သည်​လည်း အ​ရွယ်​လွန်​သော​အ​ခါ၊ ပ​ဋိ​သ​န္ဓေ​ယူ​နိုင်​သော အ​ခွင့်​တန်​ခိုး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော​သူ​သည် သ​စ္စာ​ရှိ​သည်​ဟု စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။- 12သို့​ဖြစ်၍၊ ထို​အ​မှု​အ​ရာ၌ လူ​သေ​နှင့်​တူ​သော သူ​တစ်​ယောက်​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့် ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​ကမ်း​နား၌ မ​ရေ​တွက်​နိုင်​သော သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ များ​စွာ​သော​သူ​တို့၏​အ​ဘ ဖြစ်​သ​တည်း။- 13ယ​ခု​ဆို​ခဲ့​ပြီး​သော သူ​အ​ပေါင်း​တို့​သည်၊ က​တိ​တော်​နှင့်​စပ်​ဆိုင်​သော အ​ကျိုး​ကျေး​ဇူး​ကို မ​ခံ​ရ​ဘဲ၊ အ​ဝေး​က​မြော်​မြင်​လျက်၊ စိတ်​နှ​လုံး​နှင့် ဖက်​ယမ်း​လျက်၊ မိ​မိ​တို့​သည် မြေ​ကြီး​ပေါ်​မှာ တစ်​ကျွန်း​သူ​တစ်​နိုင်​ငံ​သား၊ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​သည်​ကို ထင်​ရှား​စွာ​ဝန်​ခံ​လျက်၊ ယုံ​ကြည်​ခြင်း​စိတ်​နှင့် သေ​လွန်​ကြ၏။- 14ထို​သို့ ဝန်​ခံ​သော​သူ​တို့​သည် မိ​မိ​တို့​အ​ဘ​ပြည်​ကို ရှာ​ကြ​သည်​ဟု အ​တည့်​အ​လင်း​ပြော​ဆို​ကြ၏။- 15ထို​သူ​တို့​သည် အ​ထက်​က​ထွက်​သွား​သော ပြည်​ကို အောက်​မေ့​သည်​မှန်​လျှင်၊ ထို​ပြည်​သို့ ပြန်​ရ​သော​အ​ခွင့် ရှိ​ကြ၏။- 16ထို​ပြည်​ကို​မ​အောက်​မေ့​ဘဲ၊ ကောင်း​ကင်​ပြည် တည်း​ဟူ​သော သာ၍​မြတ်​သော​ပြည်​ကို တောင့်​တ​ခြင်း​ရှိ​ကြ၏။ ထို​ကြောင့်၊ ဘု​ရား​သ​ခင်​သည် သူ​တို့၏​ဘု​ရား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ရှက်​တော်​မ​မူ၊ သူ​တို့​နေ​စ​ရာ​ဖို့ မြို့​ကို တည်​ထောင်​တော်​မူ​ပြီ။
17အာ​ဗြ​ဟံ​သည် စုံ​စမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​ဇာက်​ကို​ပူ​ဇော်၏။- 18ဣ​ဇာက်၌​သာ သင်၏​အ​မျိုး​တည်​လိမ့်​မည်​ဟူ​သော ဗျာ​ဒိတ်​တော်​မှ​စ၍ က​တိ​တော်​များ​ကို ခံ​ရ​သော​သူ​သည်၊ မိ​မိ၌ တစ်​ယောက်​တည်း​သော ထို​သား​ကို ပူ​ဇော်၏။-#က၊ ၂၁း၁၂။ 19ထို​သို့​ပူ​ဇော်​သော​အ​ခါ သေ​ခြင်း​မှ ထ​မြောက်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ​သည်​ကို သူ​သည်​အောက်​မေ့၏။ ထို​သား​ကို ပုံ​စ​ကား​အား​ဖြင့် သေ​ခြင်း​ထဲ​က​ရ၏။- 20ဣ​ဇာက်​သည်​လည်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​နာ​ဂတ်​အ​ရာ​တို့​ကို အ​မှတ်​ပြု၍ ယာ​ကုပ်​နှင့် ဧ​သော​ကို ကောင်း​ချီး​ပေး၏။- 21ယာ​ကုပ်​သည်​လည်း၊ သေ​ချိန်​နီး​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ယော​သပ်၏ သား​နှစ်​ယောက်​ကို ကောင်း​ချီး​ပေး၍၊ တောင်​ဝှေး​ထိပ်​အ​ပေါ်​မှာ ကိုး​ကွယ်​လေ၏။- 22ယော​သပ်​သည် သေ​ဆဲ​ရှိ​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ထွက်​မြောက်​ခြင်း​အ​ရာ​ကို ပြ၍၊ မိ​မိ​အ​ရိုး​တို့၏ အ​ကြောင်း​ကို မှာ​ထား​လေ၏။
23မော​ရှေ​ကို ဖွား​မြင်​ပြီး​မှ အ​ဆင်း​လှ​သော သူ​ငယ်​ဖြစ်​သည်​ကို မိ​ဘ​တို့​သည်​မြင်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို မ​ကြောက်​ဘဲ သုံး​လ​ပတ်​လုံး သူ့​ကို ဝှက်​ထား​လေ၏။- 24-26မော​ရှေ​သည် အ​သက်​အ​ရွယ်​ကြီး​သော​အ​ခါ အ​ပြစ်​ရှိ​သော ကာ​မ​ဂုဏ်​ကို ခ​ဏ​ခံ​စား​ခြင်း​ထက်၊ ဘု​ရား​သ​ခင်၏​လူ​တို့​နှင့် အ​တူ​ညှဉ်း​ဆဲ​ခံ​ရ​ခြင်း​ကို သာ၍ အ​လို​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၏ စည်း​စိမ်​ထက် ခ​ရစ်​တော်​ကြောင့် ကဲ့​ရဲ့​ခြင်း​ဒု​က္ခ​သည် သာ၍​မြတ်​သော စည်း​စိမ်​ဖြစ်​သည်​ကို စိတ်​ထင်​သ​ဖြင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​စိတ်​ရှိ၍ ဖာ​ရော​ဘု​ရင်​သ​မီး၏​သား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ပယ်၏။ အ​ကြောင်း​မူ​ကား၊ နောက်​ရ​လ​တ္တံ့​သော​အ​ကျိုး​ကို ထောက်​စာ​မျှော်​လ​င့်​လျက်​နေ၏။- 27ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မျက်​ကို မ​ကြောက်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​ကို စွန့်​သွား၏။ အ​ကြောင်း​မူ​ကား၊ မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်​ကို မြင်​ရ​ဘိ​သ​ကဲ့​သို့ တည်​ကြည်​ခြင်း​ရှိ၏။- 28သား​ဦး​များ​ကို ဖျက်​ဆီး​သော​သူ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို ဒဏ်​မ​ခတ်​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ပ​သ​ခါ​ပွဲ​ကို​လည်း​ကောင်း၊ အ​သွေး​ဖျန်း​ဆွတ်​ခြင်း​ကို​လည်း​ကောင်း စောင့်​လေ၏။- 29ဣ​သ​ရေ​လ​လူ​တို့​သည် ကုန်း​ကြောင်း​သွား​သ​ကဲ့​သို့၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧ​ဒုံ​ပင်​လယ်​အ​လယ်၌ လျှောက်​သွား​ရ​ကြ၏။ ထို​သူ​တို့​နည်း​တူ အဲ​ဂု​တ္တု​လူ​တို့​သည် သွား​မည်​အား​ထုတ်​သော​အ​ခါ နစ်​မြုပ်​ကြ၏။- 30ယေ​ရိ​ခေါ​မြို့​ကို ခု​နစ်​ရက်​ပတ်​လုံး​ဝိုင်း၍ လှည့်​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် မြို့​ရိုး​သည် ပြို​လဲ၏။- 31ပြည်​တန်​ဆာ​ရာ​ခပ်​သည် သူ​လျှို​တို့​ကို အ​ဆွေ​ဖွဲ့၍ လက်​ခံ​သော​ကြောင့်၊ မ​ယုံ​ကြည်​သော​သူ​တို့​နှင့် အ​တူ မ​ပျက်​စီး​ဘဲ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ချမ်း​သာ​ရ၏။
32ထို​မှ​တစ်​ပါး၊ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သေး​သ​နည်း။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​မှ​စ၍ ပ​ရော​ဖက်​တို့​အ​ကြောင်း​များ​ကို ပြော၍​မ​ကုန်​နိုင်။- 33ထို​သူ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​ခြား​သော​တိုင်း​နိုင်​ငံ​ကို အောင်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ က​တိ​တော်​ကို ဝင်​စား​ခြင်း၊ ခြင်္သေ့​နှုတ်​ကို ပိတ်​ခြင်း၊- 34မီး​အ​ရှိန်​ကို ငြိမ်း​စေ​ခြင်း၊ ဓား​လက်​နက်​ဘေး​နှင့် ကင်း​လွတ်​ခြင်း၊ အ​နာ​မှ​ထ​မြောက်၍ ကျန်း​မာ​ခြင်း၊ စစ်​တိုက်​သော​အ​ခါ ခွန်​အား​နှင့်​ပြည့်​စုံ​ခြင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ တပ်​များ​ကို ဖျက်​ဆီး​ခြင်း​အ​မှု​များ​ကို ပြု​ကြ၏။- 35မိန်း​မ​တို့​သည်​လည်း၊ သေ​ခြင်း​မှ ထ​မြောက်​သော မိ​မိ​တို့​သား​ကို ရ​ပြန်​ကြ၏။ အ​ချို့​သော​သူ​တို့​သည်၊ သာ၍​မြတ်​သော ထ​မြောက်​ခြင်း​သို့ ရောက်​လို​သော​ငှာ၊ လွှတ်​ခြင်း​ကို​မ​ခံ​မ​ယူ​ဘဲ ပြင်း​စွာ​သော ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ၏။- 36အ​ချို့​သော​သူ​တို့​သည် ကဲ့​ရဲ့​ရိုက်​ပုတ်​ခြင်း၊ ချည်​နှောင်​ခြင်း​ကို​ခံ၍ ထောင်​ထဲ​မှာ​နေ​ရ​သ​ဖြင့်၊ စုံ​စမ်း​ခြင်း​ကို ခံ​ရ​ကြ၏။- 37ကျောက်​ခဲ​နှင့် ပစ်​ခြင်း၊ လွှ​နှင့် အ​ပိုင်း​ပိုင်း​တိုက်​ဖြတ်​ခြင်း၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း၊ ဓား​လက်​နက်​နှင့် ကွပ်​မျက်​ခြင်း​ကို ခံ​ရ​ကြ၏။ အ​လွန်​ဆင်း​ရဲ​လျက် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို ခံ​လျက်၊ သိုး​ရေ၊ ဆိတ်​ရေ​ကို​ဝတ်၍ လှည့်​လည်​ရ​ကြ၏။- 38ဤ​လော​က​သည် ထို​သူ​တို့​နှင့် မ​ထိုက်​မ​တန်။ သူ​တို့​သည် တော​ကြို​တောင်​ကြား၊ ဥ​မင်​မြေ​တွင်း​ထဲ​မှာ အ​ပြောင်း​ပြောင်း အ​လည်​လည် နေ​ရ​ကြ၏။- 39ထို​သူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ချီး​မွမ်း​ခြင်း​သို့ ရောက်​သော်​လည်း၊ က​တိ​တော်​အ​တိုင်း အ​ကျိုး​ကျေး​ဇူး​ကို မ​ခံ​ရ​ကြ။- 40အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ထို​သူ​တို့​သည် ငါ​တို့​မ​ပါ​ဘဲ စုံ​လင်​ခြင်း​သို့ မ​ရောက်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​အ​ဖို့ အ​လို​ငှာ သာ၍​မြတ်​သော ကျေး​ဇူး​ကို ကြံ​စည်​တော်​မူ၏။

Currently Selected:

ဟေဗြဲ 11: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in