YouVersion Logo
Search Icon

ကမ္ဘာဦး 5

5
အာ​ဒံ​၏​သား​စဉ်​မြေး​ဆက်
(၅ ရာ၊ ၁:၁-၄)
1အာ​ဒံ၏​သား​စဉ်​မြေး​ဆက် စာ​ရင်း​ဟူ​မူ​ကား၊ လူ​ကို​ဖန်​ဆင်း​တော်​မူ​သော​ကာ​လ၌၊ မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ၏။#က၊ ၁:၂၇-၂၈။ 2လူ​ယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း၍၊ ကောင်း​ချီး​ပေး​တော်​မူ၏။ ဖန်​ဆင်း​သော​နေ့၌​လည်း သူ​တို့​ကို အာ​ဒံ​အ​မည်​ဖြင့် မှည့်​တော်​မူ၏။#မ၊ ၁၉:၄။ မာ၊ ၁၀:၆။
3အာ​ဒံ​သည် အ​သက်​တစ်​ရာ​သုံး​ဆယ်​ရှိ​သော်၊ မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီ​တ​သ​ဏ္ဌာန်​တည်း​သား​ကို​မြင်​ရ၍၊ ရှေ​သ​အ​မည်​ဖြင့် မှည့်​လေ၏။ 4ရှေ​သ​ကို ဖွား​မြင်​သော​နောက် အာ​ဒံ​သည် အ​နှစ်​ရှစ်​ရာ​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။ 5အာ​ဒံ​သည် အ​သက်​နှစ်​ပေါင်း ကိုး​ရာ​သုံး​ဆယ်​စေ့​သော် သေ​လေ​၏။
6ရှေ​သ​သည် အ​သက်​တစ်​ရာ​ငါး​နှစ်​ရှိ​သော်၊ သား​ဧ​နုတ်​ကို မြင်​လေ​၏။ 7ဧ​နုတ်​ဖွား​မြင်​သော​နောက်၊ ရှေ​သ​သည် အ​နှစ်​ရှစ်​ရာ​ခု​နစ်​နှစ်​အ​သက်​ရှင်​၍၊ သား​သ​မီး​များ​ကို​မြင်​လေ​၏။ 8ရှေ​သ​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​တစ်​ဆယ်​နှစ်​နှစ်​စေ့​သော် သေ​လေ၏။
9ဧ​နုတ်​သည် အ​သက်​ကိုး​ဆယ်​ရှိ​သော်၊ သား​ကာ​ဣ​နန်​ကို မြင်​လေ​၏။ 10ကာ​ဣ​နန်​ဖွား​မြင်​သော​နောက်၊ ဧ​နုတ်​သည် အ​နှစ်​ရှစ်​ရာ​တစ်​ဆယ်​ငါး​နှစ်​အ​သက်​ရှင်၍ သား​သ​မီး​များ​ကို မြင်​လေ​၏။ 11ဧ​နုတ်​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​ငါး​နှစ်​စေ့​သော် သေ​လေ၏။
12ကာ​ဣ​နန်​သည် အ​သက်​ခု​နစ်​ဆယ်​ရှိ​သော်၊ သား​မ​ဟာ​လေ​လ​ကို မြင်​လေ၏။ 13မ​ဟာ​လေ​လ​ဖွား​မြင်​သော​နောက်၊ ကာ​ဣ​နန်​သည် အ​နှစ်​ရှစ်​ရာ​လေး​ဆယ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို မြင်​လေ​၏။ 14ကာ​ဣ​နန်​သည်၊ အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​တစ်​ဆယ်​စေ့​သော် သေ​လေ​၏။
15မ​ဟာ​လေ​လ​သည် အ​သက်​ခြောက်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ သား​ယာ​ရက်​ကို မြင်​လေ​၏။ 16ယာ​ရက်​ဖွား​မြင်​သော​နောက်၊ မ​ဟာ​လေ​လ​သည် အ​နှစ်​ရှစ်​ရာ​သုံး​ဆယ်​အ​သက်​ရှင်​၍ သား​သ​မီး​များ​ကို မြင်​လေ​၏။ 17မ​ဟာ​လေ​လ​သည် အ​သက်​နှစ်​ပေါင်း​ရှစ်​ရာ​ကိုး​ဆယ်​ငါး​နှစ်​စေ့​သော် သေ​လေ​၏။
18ယာ​ရက်​သည် အ​သက်​တစ်​ရာ​ခြောက်​ဆယ်​နှစ်​နှစ်​ရှိ​သော် သား​ဧ​နောက်​ကို မြင်​လေ​၏။ 19ဧ​နောက်​ဖွား​မြင်​သော​နောက် ယာ​ရက်​သည် အ​နှစ်​ရှစ်​ရာ​အ​သက်​ရှင်​၍ သား​သ​မီး​များ​ကို​မြင်​လေ​၏။ 20ယာ​ရက်​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​ခြောက်​ဆယ်​နှစ်​နှစ်​စေ့​သော် သေ​လေ၏။
21ဧ​နောက်​သည် အ​သက်​ခြောက်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ သား​မ​သု​ရှ​လ​ကို မြင်​လေ၏။ 22မ​သု​ရှ​လ​ဖွား​မြင်​သော​နောက်၊ ဧ​နောက်​သည် အ​နှစ်​သုံး​ရာ​ပတ်​လုံး ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ၍၊ သား​သ​မီး​များ​ကို မြင်​လေ​၏။ 23ဧ​နောက်​အ​သက်​နှစ်​ပေါင်း​သုံး​ရာ​ခြောက်​ဆယ်​ငါး​နှစ်​တည်း။ 24ဧ​နောက်​သည် ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ၏။ နောက်​တစ်​ဖန် သူ​သည်​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင် သိမ်း​ယူ​တော်​မူ​သော​ကြောင့်​တည်း။#ဟေဗြဲ၊ ၁၁:၅၊ ယု၊ ၁၄။
25မ​သု​ရှ​လ​သည် အ​သက်​တစ်​ရာ​ရှစ်​ဆယ်​ခု​နစ်​နှစ်​ရှိ​သော်၊ သား​လာ​မက်​ကို မြင်​လေ၏။ 26လာ​မက်​ဖွား​မြင်​သော​နောက်၊ မ​သု​ရှ​လ​သည် အ​နှစ်​ခု​နစ်​ရာ​ရှစ်​ဆယ်​နှစ်​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို မြင်​လေ၏။ 27မ​သု​ရှ​လ​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​ခြောက်​ဆယ်​ကိုး​နှစ်​စေ့​သော် သေ​လေ၏။
28လာ​မက်​သည် အ​သက်​တစ်​ရာ​ရှစ်​ဆယ်​နှစ်​နှစ်​ရှိ​သော် သား​ကို​မြင်၍၊ 29ဤ​သူ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်​တော်​မူ​သော​မြေ၌​လုပ်၍၊ ပင်​ပန်း​စွာ​ခံ​ရ​သော​ငါ​တို့​အား သက်​သာ​စေ​သော​သူ​ဖြစ်​လိမ့်​မည်​ဟူ၍၊ သူ့​ကို နော​ဧ​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။ 30နော​ဧ​ဖွား​မြင်​သော​နောက်၊ လာ​မက်​သည် အ​နှစ်​ငါး​ရာ​ကိုး​ဆယ်​ငါး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို မြင်​လေ၏။ 31လာ​မက်​သည် အ​သက်​နှစ်​ပေါင်း ခု​နစ်​ရာ​ခု​နစ်​ဆယ်​ခု​နစ်​နှစ်​စေ့​သော် သေ​လေ၏။ 32နော​ဧ​သည် အ​သက်​ငါး​ရာ​ရှိ၏။ နော​ဧ​သား​ကား၊ ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy