YouVersion Logo
Search Icon

ကမ္ဘာဦး 25

25
အာ​ဗြ​ဟံ​၏​အ​ခြား​အ​ဆက်​အ​နွယ်​များ
(၅ ရာ၊ ၁:၃၂-၃၃)
1တစ်​ဖန်​အာ​ဗြ​ဟံ​သည်၊ ကေ​တု​ရ​အ​မည်​ရှိ​သော​မိန်း​မ​နှင့်​စုံ​ဖက်၍၊ 2ထို​မိန်း​မ​သည် ဇိ​မ​ရံ၊ ယုတ်​ရှန်၊ မေ​ဒန်၊ မိ​ဒျန်၊ ဣ​ရှ​ဗက်၊ ရှု​အာ​တို့​ကို ဖွား​မြင်​လေ၏။ 3ယုတ်​ရှန်​သား​ကား၊ ရှေ​ဘ​နှင့်​ဒေ​ဒန်​တည်း။ ဒေ​ဒန်​သား​ကား၊ အာ​ရှု​ရိမ်​လူ၊ လေ​တု​ရှိမ်​လူ၊ လုမ်​မိမ်​လူ​တည်း။ 4မိ​ဒျန်​သား​ကား၊ ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒ၊ ဧ​လ​ဒါ​တည်း။ ထို​သူ​အ​ပေါင်း​တို့​ကား ကေ​တု​ရ​အ​နွယ်​ဖြစ်​ကြ​သ​တည်း။
5အာ​ဗြ​ဟံ​သည်၊ မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​ကို ဣ​ဇာက်​အား​ပေး​လေ​၏။ 6မ​ယား​ငယ်​တို့၌​ရ​သော​သား​တို့​အား​လည်း၊ မိ​မိ​အ​သက်​ရှင်​စဉ်​တွင် ဆု​လာဘ်​များ​ကို​ဝေ​ပေး၍၊ သား​ဣ​ဇာက်​ထံ​မှ အ​ရှေ့​ပြည်​သို့ လွှတ်​လိုက်​လေ​၏။
7ထို​နောက် အာ​ဗြ​ဟံ​သည် အ​သက်​ကြီး​ရင့်၍၊ အို​မင်း​ခြင်း၊ နေ့​ရက်​ကာ​လ​ပြည့်​စုံ​ခြင်း​နှင့်​တ​ကွ၊ အ​သက်​ပေါင်း တစ်​ရာ​ခု​နစ်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ 8အ​သက်​ချုပ်၍ အ​နိ​စ္စ​ဖြစ်​သ​ဖြင့်၊ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​လေ​၏။ 9သား​ဣ​ဇာက်​နှင့် ဣ​ရှ​မေ​လ​တို့​သည်၊ မံ​ရေ​မြို့​ရှေ့​မှာ၊ ဟိ​တ္တိ​အ​မျိုး​သား၊ ဇော​ရ​သား​ဧ​ဖ​ရုန်၏​လယ်​ပြင်​တွင်၊ မ​ပ္ပေ​လ​မြေ​တွင်း၌ အ​ဘ​ကို​သင်္ဂြိုဟ်​ကြ​၏။ 10ဟေ​သ​အ​မျိုး​သား​တို့​အား အ​ဖိုး​ပေး၍ အာ​ဗြ​ဟံ​ဝယ်​သော​လယ်​ပြင်၌၊ အာ​ဗြ​ဟံ​နှင့် မ​ယား​စာ​ရာ​တို့​ကို သင်္ဂြိုဟ်​ကြ​သ​တည်း။#က၊ ၂၃:၃-၁၆။
ဣ​ရှ​မေ​လ​၏​အ​ဆက်​အ​နွယ်​များ
(၅ ရာ၊ ၁:၂၈-၃၁)
11အာ​ဗြ​ဟံ​သေ​သော​နောက်၊ သား​ဣ​ဇာက်​ကို ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ၏။ ဣ​ဇာက်​သည် ဗေ​ရ​လ​ဟဲ​ရော​မြို့​မှာ​နေ​သ​တည်း။ 12စာ​ရာ၏​ကျွန်​မ၊ အဲ​ဂု​တ္တု​အ​မျိုး​သား​ဟာ​ဂ​ရ​ဖွား​မြင်​သော အာ​ဗြ​ဟံ​သား ဣ​ရှ​မေ​လ၏​သား​စဉ်​မြေး​ဆက်​တည်း​ဟူ​သော၊ 13မိ​မိ​အ​မျိုး​အ​နွယ်​အ​လိုက်၊ ဣ​ရှ​မေ​လ​သား​များ​အ​မည်​ဟူ​မူ​ကား၊ သား​အ​ကြီး န​ဗာ​ယုတ်။ ထို​နောက်​ကေ​ဒါ၊ အာ​ဒ​ဗေ​လ၊ မိ​ဗ​သံ၊ 14မိ​ရှ​မ၊ ဒု​မာ၊ မာ​စ၊ 15ဟာ​ဒဒ်၊ တေ​မ၊ ယေ​တု​ရ၊ နာ​ဖိ​ရှ၊ ကေ​ဒ​မာ​တည်း​ဟူ​သော၊ 16ဣ​ရှ​မေ​လ​သား​တည်း။ ထို​သို့​အ​မည်​ရှိ​သော​သူ​တို့​သည်၊ မိ​မိ​မြို့၊ မိ​မိ​ရဲ​တိုက်​အ​လိုက်၊ အ​မျိုး​မျိုး​သော​မင်း​ဆယ်​နှစ်​ပါး​ဖြစ်​သ​တည်း။ 17ဣ​ရှ​မေ​လ​သည် အ​သက်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သော်၊ အ​သက်​ချုပ်၍​သေ​သ​ဖြင့်၊ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့​ရောက်​လေ​၏။ 18သူ​တို့​သည်​လည်း၊ အာ​ရှု​ရိ​ပြည်​သို့​သွား​ရာ​လမ်း၊ ဟ​ဝိ​လ​မြို့​မှ​စ၍၊ အဲ​ဂု​တ္တု​ပြည်​အ​ရှေ့၊ ရှု​ရ​မြို့​တိုင်​အောင် နေ​ကြ၏။ ထို​သို့ ဣ​ရှ​မေ​လ၏​နေ​ရာ​သည်၊ မိ​မိ​ညီ​အစ်​ကို​အ​ပေါင်း​အ​နား၌ ကျ​သ​တည်း။
ဧ​သော​နှင့်​ယာ​ကုပ်​ဖွား​မြင်​ခြင်း
19အာ​ဗြ​ဟံ​သား​ဣ​ဇာက်၏​အ​ဆက်​အ​နွယ်​ဟူ​မူ​ကား၊ အာ​ဗြ​ဟံ​သား​ကား ဣ​ဇာက်​တည်း။ 20ဣ​ဇာက်​သည်၊ အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ၊ ပါ​ဒ​နာ​ရံ​အ​ရပ်​သူ၊ ရှု​ရိ​အ​မျိုး​ဗေ​သွေ​လ၏​သ​မီး၊ ရှု​ရိ​လူ​လာ​ဗန်၏​နှ​မ​ရေ​ဗ​က္က​နှင့် အိမ်​ထောင်​လေ၏။ 21ဣ​ဇာက်​သည်၊ မိ​မိ​မ​ယား​ရေ​ဗ​က္က​မြုံ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်၍၊ ထာ​ဝ​ရ​ဘု​ရား​နား​ထောင်​တော်​မူ​သ​ဖြင့်၊ သူ၏​မ​ယား​သည် ပ​ဋိ​သ​န္ဓေ စွဲ​ယူ​လေ၏။ 22ဝမ်း​အ​တွင်း၌ တည်​သော​သူ​ငယ်​တို့​သည်၊ အ​ချင်း​ချင်း​တိုက်​ခိုက်​ကြ၏။ အ​မိ​က​လည်း၊ ထို​သို့​ဖြစ်၍ ငါ၌​အ​ဘယ်​အ​မှု​ရောက်​ပါ​လိမ့်​မည်​နည်း​ဟု ဆို​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​ခြင်း​ငှာ​သွား​လေ၏။ 23ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ဝမ်း​အ​တွင်း၌ လူ​မျိုး​နှစ်​မျိုး​ရှိ၏။ သင်၏​ဝမ်း​ထဲ​က ခြား​နား​သော​လူ​စု​နှစ်​စု​ကို ဖွား​ရ​လိမ့်​မည်။ လူ​တစ်​မျိုး​သည် တစ်​မျိုး​ထက်​အား​ကြီး​လိမ့်​မည်။ အ​ကြီး​သည်​အ​ငယ်၌ ကျွန်​ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။#ရော၊ ၉:၁၂။ 24ဖွား​ချိန်​စေ့​သော​အ​ခါ၊ သူ၏​ဝမ်း၌​သား​အ​မွှာ​ရှိ​သ​ဖြင့်၊ 25အ​ဦး​ဖွား​သော​သား​သည်၊ အ​မွေး​ပါ​သော​အ​ဝတ်​ကဲ့​သို့​ဖြစ်၍၊ တစ်​ကိုယ်​လုံး​အ​ဆင်း​နီ၏။ သူ့​ကို ဧ​သော​ဟူ​သော​အ​မည်​ဖြင့် မှည့်​ကြ၏။ 26ထို​နောက်​မှ သူ့​ညီ​သည်၊ အစ်​ကို​ဧ​သော၏​ဖ​နှောင့်​ကို​ကိုင်​လျက် ဖွား​လာ၏။ သူ့​ကို​ကား၊ ယာ​ကုပ်​အ​မည်​ဖြင့် မှည့်​ကြ၏။ ထို​သား​နှစ်​ယောက်​ကို ဖွား​သော​အ​ခါ၊ ဣ​ဇာက်​သည် အ​သက်​ခြောက်​ဆယ်​ရှိ​သ​တည်း။
သား​ဦး​အ​ရာ​ကို​ရောင်း​ခြင်း
27သူ​ငယ်​တို့​သည်​ကြီး​ပွား၍၊ ဧ​သော​ကား လိ​မ္မာ​သော​တော​သား​မု​ဆိုး​ဖြစ်​လေ၏။ ယာ​ကုပ်​ကား တဲ၌​နေ​တတ်၍ စိတ်​ကောင်း​သော​သူ​ဖြစ်၏။ 28ဣ​ဇာက်​သည်၊ ဧ​သော​ပေး​သော​အ​မဲ​သား​ကို​စား​လေ့​ရှိ​သော​ကြောင့် သူ့​ကို​ချစ်​၏။ ရေ​ဗ​က္က​မူ​ကား ယာ​ကုပ်​ကို​ချစ်၏။
29တစ်​နေ့​သ၌၊ ယာ​ကုပ်​သည် စား​စ​ရာ​ကို ချက်​ပြုတ်​စဉ်​တွင်၊ ဧ​သော​သည် တော​မှ​လာ၍ မော​သော​ကြောင့်၊ 30ယာ​ကုပ်​အား၊ ထို​နီ​သော​စား​စ​ရာ​နှင့် ငါ့​ကို​ကျွေး​ပါ​လော့၊ ငါ​မော​ပါ​သည်​ဟု​ဆို​လေ၏။ ထို​ကြောင့် သူ၏​နာ​မည်​ကို​ဧ​ဒုံ​ဟု​တွင်​သ​တည်း။ 31ယာ​ကုပ်​က​လည်း၊ ယ​နေ့​ပင် သင်၏​သား​ဦး​အ​ရာ​ကို၊ ငါ့​အား​ရောင်း​ပါ​ဟု​ဆို​လျှင်၊ 32ဧ​သော​က၊ ငါ​သေ​လု​ပြီ။ သား​ဦး​အ​ရာ​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ရှိ​ပါ​လိမ့်​မည်​နည်း​ဟု​ဆို၏။ 33ယာ​ကုပ်​က​လည်း၊ ယ​နေ့​ပင်​ငါ့​အား ကျိန်​ဆို​ခြင်း​ကို​ပြု​ပါ​ဟု​ဆို​သော်၊ သူ​သည်​ကျိန်​ဆို​သ​ဖြင့်၊ ယာ​ကုပ်​အား မိ​မိ​သား​ဦး​အ​ရာ​ကို​ရောင်း​လေ၏။#ဟေဗြဲ၊ ၁၂:၁၆။ 34ထို​အ​ခါ ယာ​ကုပ်​သည်၊ မုန့်​နှင့် ပဲ​ဟင်း​ကို ဧ​သော​အား​ပေး​သ​ဖြင့်၊ သူ​သည် စား​သောက်​ပြီး​မှ​ထ၍ သွား​လေ၏။ ထို​သို့​ဧ​သော​သည်၊ မိ​မိ​နှင့် ဆိုင်​သော​သား​ဦး​အ​ရာ​ကို မ​ထီ​မဲ့​မြင်​ပြု​သ​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in