YouVersion Logo
Search Icon

ကမ္ဘာဦး 23

23
စာ​ရာ​အ​တွက်​သင်္ချိုင်း​မြေ​ဝယ်​ခြင်း
1စာ​ရာ​သည် အ​သက်​တစ်​ရာ​နှစ်​ဆယ်​ခု​နစ်​နှစ်​ရှိ၏။ ထို​မျှ​လောက်​အ​သက်​ကြီး​သော်၊ 2ခါ​နာန်​ပြည်၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော၊ ကိ​ရ​ယ​သာ​ဘ​မြို့၌ သေ​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း စာ​ရာ​ကြောင့် ညည်း​တွား​ငို​ကြွေး​ခြင်း​ငှာ​လာ၏။
3အာ​ဗြ​ဟံ​သည် မိ​မိ​မ​ယား​အ​သေကောင်​ရှေ့​က​ထ၍၊ ဟေ​သ​အ​မျိုး​သား​တို့​အား၊ 4ငါ​သည် သင်​တို့​ထံ​မှာ​ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ပါ၏။ ငါ၏​မ​ယား​အ​သေကောင်​ကို မျက်​ကွယ်​မြှုပ်​မည်​အ​ကြောင်း၊ သင်​တို့​တွင် သင်္ချိုင်း​ကို​ငါ့​အား​အ​ခွင့်​ပေး​ပါ​လော့​ဟု ဆို၏။#ဟေဗြဲ၊ ၁၁:၁၃၊ တ၊ ၇:၁၆။ 5ဟေ​သ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့​သ​ခင်၊ နား​ထောင်​ပါ။ 6ကိုယ်​တော်​သည်၊ အ​ကျွန်ုပ်​တို့​တွင်၊ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​မင်း​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့၏​သင်္ချိုင်း​များ​တွင်​ရွေး၍၊ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို သင်္ဂြိုဟ်​ပါ​လော့။ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို မ​သင်္ဂြိုဟ်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​မျှ မိ​မိ​သင်္ချိုင်း​ကို​မ​ပေး​ဘဲ​မ​နေ​ပါ​ဟု၊ အာ​ဗြ​ဟံ​အား ပြန်​ပြော​ကြ၏။ 7အာ​ဗြ​ဟံ​သည်​ထ၍၊ ထို​ပြည်​သား​တည်း​ဟူ​သော ဟေ​သ​အ​မျိုး​သား​များ​ရှေ့​မှာ ဦး​ညွှတ်​ချ​လျက်၊ 8ငါ​သည် ငါ၏​မ​ယား​အ​သေ​ကောင်​ကို မျက်​ကွယ်​မြှုပ်​စေ​ခြင်း​ငှာ သင်​တို့​အ​လို​ရှိ​လျှင်၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​ပါ​လော့။ 9သင်​တို့​တွင် ငါ​ပိုင်​ထိုက်​သော​သင်္ချိုင်း​ရှိ​စေ​ခြင်း​ငှာ၊ ဇော​ဟာ​သား​ဧ​ဖ​ရုန်​သည်၊ မိ​မိ​လယ်​ပြင်​အ​စွန်း၌​ရှိ​သော မ​ပ္ပေ​လ​မြေ​တွင်း​ကို၊ အ​ဖိုး​ထိုက်​သ​မျှ​ငွေ​နှင့် ငါ့​အား​ရောင်း​စေ​ခြင်း​ငှာ၊ ငါ့​အ​တွက်​သူ့​ကို​တောင်း​ပန်​ကြ​ပါ​လော့​ဟု နှုတ်​ဆက်၍​ပြော​ဆို​၏။ 10ထို​အ​ခါ ဧ​ဖ​ရုန်​သည်၊ ဟေ​သ​အ​မျိုး​သား​တို့​တွင် ထိုင်​လျက်​ရှိ၏။ သို့​ဖြစ်၍ မြို့​တံ​ခါး​သို့​ဝင်​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော ဟေ​သ​အ​မျိုး​သား​ပ​ရိ​သတ်၌၊ ဟိ​တ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန်​က၊ ထို​သို့​မ​ဟုတ်​ပါ။ 11အ​ကျွန်ုပ်​သ​ခင်၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​ပါ။ ထို​လယ်​ပြင်​ကို​လည်း​ကောင်း၊ လယ်​ပြင်၌​ရှိ​သော​မြေ​တွင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ပေး​ပါ၏။ အ​ကျွန်ုပ်​အ​မျိုး​သား​များ​ရှေ့၌၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ပေး​ပါ၏။ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို သင်္ဂြိုဟ်​ပါ​ဟု၊ အာ​ဗြ​ဟံ​အား ပြန်​ပြော​လေ​၏။
12အာ​ဗြ​ဟံ​သည်​လည်း၊ ထို​ပြည်​သား​များ​ရှေ့​မှာ ဦး​ညွှတ်​ချ​လျက်၊ အ​ကယ်၍ ငါ့​စ​ကား​ကို​နား​ထောင်​ပါ။ 13ထို​လယ်​ပြင်​အ​ဖိုး​ငွေ​ကို ငါ​ပေး​မည်။ ငွေ​ကို​ယူ​ပါ၊ သို့​ဖြစ်​လျှင်၊ ထို​အ​ရပ်၌ ငါ၏​မ​ယား​အ​သေ​ကောင်ကို ငါ​သင်္ဂြိုဟ်​ပါ​မည်​ဟု ပြည်​သား​ပ​ရိ​သတ်​တို့​ရှေ့​မှာ၊ ဧ​ဖ​ရုန်​အား​ပြော​ဆို၏။ 14ဧ​ဖ​ရုန်​က​လည်း၊ အ​ကျွန်ုပ်​သ​ခင်၊ နား​ထောင်​ပါ။ 15ထို​မြေ​သည် ငွေ​လေး​ပိဿာ​အ​ဖိုး​ထိုက်​ပါ၏။ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်၌ အ​ဘယ်​အ​တွက်​ရှိ​သ​နည်း။ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို သင်္ဂြိုဟ်​ပါ​လော့​ဟု၊ အာ​ဗြ​ဟံ​အား​ပြန်​ပြော၏။ 16အာ​ဗြ​ဟံ​သည်​လည်း၊ ဧ​ဖ​ရုန်​စ​ကား​ကို နား​ထောင်​သည်​ဖြစ်၍၊ ကုန်​သည်​သုံး​တတ်​သော​ငွေ​မျိုး၊ ဟေ​သ​အ​မျိုး​သား​ပ​ရိ​သတ်​ရှေ့၊ ဧ​ဖ​ရုန်​အ​ဖိုး​ဖြတ်​သည်​အ​တိုင်း၊ ငွေ​လေး​ပိဿာ​ကို​ချိန်၍၊ သူ့​အား​ပေး​လေ၏။ 17ထို​သို့​မံ​ရေ​မြို့​ရှေ့​မှာ၊ မ​ပ္ပေ​လ​အ​ရပ်၌​ရှိ​သော​ဧ​ဖ​ရုန်၏​လယ်​ပြင်​ကို​လည်း​ကောင်း၊ လယ်​ပြင်၌​ရှိ​သော​မြေ​တွင်း​နှင့် သစ်​ပင်​များ၊ ပတ်​ဝန်း​ကျင်​သစ်​ပင်​များ​ကို​လည်း​ကောင်း၊ 18ဟေ​သ​အ​မျိုး​သား​ပ​ရိ​သတ်၌၊ မြို့​တံ​ခါး​သို့​ဝင်​သော​သူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ အာ​ဗြ​ဟံ​ဥ​စ္စာ​ဖို့ လုံ​ခြုံ​စွာ​အပ်​ပေး​လေ​၏။
19ထို​နောက်​မှ​အာ​ဗြ​ဟံ​သည်၊ မံ​ရေ​မြို့​ရှေ့​မှာ၊ မ​ပ္ပေ​လ​လယ်​ပြင်​မြေ​တွင်း၌ မ​ယား​စာ​ရာ​ကို သင်္ဂြိုဟ်​ရ​လေ၏။ ထို​အရပ်​ကား၊ ခါ​နာန်​ပြည် ဟေ​ဗြုန်​အ​ရပ်​ဖြစ်​သ​တည်း။ 20ထို​လယ်​ပြင်​နှင့် မြေ​တွင်း​ကို၊ အာ​ဗြ​ဟံ​ပိုင်​ထိုက်​သော သင်္ချိုင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ဟေ​သ​အ​မျိုး​သား​တို့​သည် လုံ​ခြုံ​စွာ​အပ်​ပေး​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in