YouVersion Logo
Search Icon

ကမ္ဘာဦး 18

18
သား​ရ​မည့်​က​တိ​တော်
1ထာ​ဝ​ရ​ဘု​ရား​သည် မံ​ရေ​သ​ပိတ်​တော​နား​မှာ၊ အာ​ဗြ​ဟံ​အား​ထင်​ရှား​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ နေ​ပူ​သော​အ​ချိန်​တွင် အာ​ဗြ​ဟံ​သည် တဲ​တံ​ခါး​ဝ၌​ထိုင်​လျက်၊ 2မျှော်​ကြည့်၍၊ မိ​မိ​ရှေ့​မှာ လူ​သုံး​ယောက်​ရပ်​နေ​ကြ​သည်​ကို​မြင်​သော​အ​ခါ၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ တဲ​တံ​ခါး​ဝ​မှ​ပြေး၍ မြေ​သို့​ဦး​ညွှတ်​ချ​လျက်၊#ဟေဗြဲ၊ ၁၃:၂။ 3အ​ကျွန်ုပ်​သ​ခင်၊ ရှေ့​တော်၌​အ​ကျွန်ုပ်​သည် မျက်​နှာ​ရ​လျှင် ကိုယ်​တော်​ကျွန်​မှ လွန်၍​မ​သွား​ပါ​နှင့်။ 4ရေ​အ​နည်း​ငယ်​ကို ယူ​ခဲ့​ပါ​ရ​စေ။ ခြေ​ကို​ဆေး​ပြီး​လျှင် သစ်​ပင်​အောက်၌​လျောင်း​နေ​ကြ​ပါ​လော့။ 5မုန့်​အ​နည်း​ငယ်​ကို​လည်း​ယူ​ခဲ့​ပါ​မည်။ အ​မော​အ​ပန်း​ပြေ​သော​အ​ခါ သွား​ကြ​ပါ​လော့။ ထို​သို့​သော ကျေး​ဇူး​တော်​ကို​ခံ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​ကျွန်​ရှိ​ရာ​သို့ ရောက်​ပါ​ပြီ​ဟု​ဆို၏။ ထို​သူ​တို့​က​လည်း၊ ပြော​သည်​အ​တိုင်း​ပြု​ပါ​လော့​ဟု ဆို​ကြ၏။ 6အာ​ဗြ​ဟံ​သည်​လည်း၊ တဲ​အ​တွင်း၌​ရှိ​သော စာ​ရာ​ဆီ​သို့ အ​လျင်​အ​မြန်​ဝင်​ပြီး​လျှင်၊ ဂျုံ​မုန့်​ညက်​သုံး​စ​လယ်​ကို အ​သော့​ပြင်၍ နယ်​ပါ။ ပေါင်​မုန့်​ကို​လုပ်​ပါ​ဟု​ဆို​လေ၏။ 7တစ်​ဖန်​နွား​စု​သို့​ပြေး၍ နု​ထွား​ကောင်း​မွန်​သော​နွား​သ​ငယ်​ကို​ယူ​ခဲ့၍၊ လု​လင်၌​အပ်​သ​ဖြင့် မြန်​မြန်​ပြင်​ဆင်​စေ၏။ 8ထို​နောက်၊ နို့​နှင့် နို့​ဓမ်း​ကို​လည်း​ကောင်း၊ ပြင်​ဆင်​သော နွား​သ​ငယ်​ကို​လည်း​ကောင်း​ယူ၍၊ ထို​သူ​တို့​ရှေ့၌​ထည့်​ပြီး​လျှင်၊ သစ်​ပင်​အောက်၊ သူ​တို့​အ​နား​မှာ​ရပ်​နေ၍၊ သူ​တို့​သည်​စား​ကြ၏။ 9ပြီး​သော​အ​ခါ၊ သင်၏​မ​ယား​စာ​ရာ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​ကြ​လျှင်၊ တဲ​အ​တွင်း၌​ရှိ​ပါ​သည်​ဟု ပြန်​ပြော၏။ 10ထို​သူ​တို့​တွင် တစ်​ပါး​က​လည်း၊ ဖွား​ချိန်​စေ့​သော​အ​ခါ၊ ငါ​သည် သင့်​ဆီ​သို့ ဆက်​ဆက်​ပြန်​လာ​ဦး​မည်။ ထို​အ​ခါ သင်၏​မ​ယား​စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု ပြော​ဆို၏။ ထို​သို့​ဆို​သော​သူ၏​နောက်၌ တံ​ခါး​ဝ​အ​နား​မှာ၊ စာ​ရာ​ရှိ​သော​ကြောင့် ထို​စ​ကား​ကို​ကြား၏။#ရော၊ ၉:၉။ 11ထို​အ​ခါ အာ​ဗြ​ဟံ​နှင့်​စာ​ရာ​သည် အ​သက်​အ​ရွယ်​ကြီး​ရင့်​လှ​ပြီ။ စာ​ရာ​သည် မိန်း​မ​တို့၌ ဥ​တု​ရောက်​မြဲ​ရှိ​သည်​အ​တိုင်း မ​ရောက်​ပြီ။ 12ထို​ကြောင့် စာ​ရာ​က၊ ငါ​လည်း​အို​ပြီ၊ ငါ့​သ​ခင်​လည်း​အို​ပြီ၊ သို့​ဖြစ်၍ ငါ​သည် ပျော်​မွေ့​ခြင်း​ရှိ​လိမ့်​မည်​လော​ဟု​ဆို​လျက်၊ တိတ်​ဆိတ်​စွာ​ရယ်​လေ၏။#၂ ပေ၊ ၃:၆။ 13သင်၏​မ​ယား​စာ​ရာ​က၊ အ​ကယ်၍ ငါ​သည်​အို​ပြီး​မှ၊ သား​ကို​ဖွား​လိမ့်​မည်​လော​ဟု​ဆို​လျက်၊ အ​ဘယ်​ကြောင့် ရယ်​သ​နည်း။ 14ထာ​ဝ​ရ​ဘု​ရား​မ​တတ်​နိုင်​သော​အ​မှု တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ ချိန်း​ချက်​သော ဖွား​ချိန်​စေ့​သော​အ​ခါ၊ သင့်​ဆီ​သို့​ငါ​ပြန်​လာ၍၊ စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။#လု၊ ၁:၃၇။ 15စာ​ရာ​က​လည်း၊ ကျွန်​မ​မ​ရယ်​ပါ​ဟု၊ ကြောက်၍ ငြင်း​လေ၏။ မ​ဟုတ်​ဘူး။ သင်​ရယ်​ပြီ​ဟု မိန့်​တော်​မူ၏။
သော​ဒုံ​မြို့​အ​တွက်​လျှောက်​ခြင်း
16ထို​လူ​တို့​သည် ထို​အ​ရပ်​က​ထ၍ သော​ဒုံ​မြို့​သို့ မျက်​နှာ​ပြု​လျက်​သွား​ကြ၏။ အာ​ဗြ​ဟံ​သည်​လည်း သူ​တို့​ကို​ပို့​ခြင်း​ငှာ လိုက်​လေ၏။ 17ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ပြု​မည်​အ​မှု​ကို အာ​ဗြ​ဟံ​အား မ​ဖော်​မ​ပြ​ဘဲ ဝှက်​ထား​ရ​မည်​လော။ 18အာ​ဗြ​ဟံ​သည်​ကြီး​မြတ်၍၊ တန်​ခိုး​နှင့်​ပြည့်​စုံ​သော​လူ​မျိုး​ဖြစ်​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည် သူ့​အား​ဖြင့်​ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။ 19အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။ 20တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၌ ကြွေး​ကြော်​သော​အ​သံ​သည်​ကြီး၍၊ အ​လွန်​အ​ပြစ်​လေး​သော​ကြောင့်၊ 21ယ​ခု​ငါ​သွား၍ ငါ့​ရှေ့​သို့​ရောက်​ခဲ့​ပြီး​သော ကြွေး​ကြော်​ခြင်း​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​မှန်​ပြု​သည် မ​ပြု​သည်​ကို ငါ​ကြည့်​ရှု​မည်။ မ​ပြု​လျှင် မ​ပြု​ကြောင်း​ကို ငါ​သိ​မည်​ဟု မိန့်​တော်​မူ၏။ 22ထို​သူ​တို့​သည် ထို​အ​ရပ်​မှ​မျက်​နှာ​လှည့်၍ သော​ဒုံ​မြို့​သို့​သွား​ကြ၏။ အာ​ဗြ​ဟံ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​လျက်​ရှိ​သေး​၏။
23ထို​အ​ခါ အာ​ဗြ​ဟံ​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို၊ မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ဖျက်​ဆီး​တော်​မူ​မည်​လော။ 24ထို​မြို့​တွင် ဖြောင့်​မတ်​သော​သူ​ငါး​ဆယ်​ရှိ​လျှင်၊ ဖျက်​ဆီး​တော်​မူ​မည်​လော။ ဖြောင့်​မတ်​သော​သူ ငါး​ဆယ်​ပါ​သော​မြို့​ကို သူ​တို့​အ​တွက်​မ​နှ​မြော​ဘဲ ဖျက်​ဆီး​တော်​မူ​မည်​လော။ 25ထို​သို့​ပြု၍ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ကွပ်​မျက်​ခြင်း​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​ကဲ့​သို့​ခံ​စေ​သော​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ မြေ​ကြီး​လုံး​ကို စီ​ရင်​တော်​မူ​သော​သ​ခင်​သည်၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​မည် မ​ဟုတ်​လော​ဟု လျှောက်​ဆို၏။ 26ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သော​ဒုံ​မြို့၌ ဖြောင့်​မတ်​သော​သူ​ငါး​ဆယ်​ကို​ငါ​တွေ့​လျှင်၊ သူ​တို့​အ​တွက် ထို​အ​ရပ်​လုံး​ကို​ငါ​နှ​မြော​မည်​ဟု မိန့်​တော်​မူ၏။ 27တစ်​ဖန်​အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​သည်​မြေ​မှုန့်​နှင့် ပြာ​သက်​သက်​ဖြစ်​သော်​လည်း၊ ဘု​ရား​ရှင်​ကို​ယ​ခု​လျှောက်​မည်​ဟု အား​ထုတ်​ပါ၏။ 28ဖြောင့်​မတ်​သော​သူ​ငါး​ဆယ်​တို့​တွင် ငါး​ယောက်​မ​ပြည့်​လျှင်၊ ထို​ငါး​ယောက်​မ​ပြည့်​သော​အ​တွက်​ကြောင့်၊ ထို​မြို့​လုံး​ကို ဖျက်​ဆီး​တော်​မူ​မည်​လော​ဟု မေး​လျှောက်​ပြန်​သော်၊ ထို​မြို့၌​လေး​ဆယ့်​ငါး​ယောက်​ကို​ငါ​တွေ့​လျှင်၊ ငါ​မ​ဖျက်​ဆီး​ဟု မိန့်​တော်​မူ၏။ 29တစ်​ဖန်​တုံ၊ ထို​မြို့၌ လေး​ဆယ်​ကို​တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ ထို​လေး​ဆယ်​အ​တွက် ငါ​မ​ပြု​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။ 30တစ်​ဖန်​တုံ၊ အို​ဘု​ရား​ရှင်၊ စိတ်​ရှိ​တော်​မ​မူ​ပါ​နှင့်၊ အ​ကျွန်ုပ်​လျှောက်​ပါ​ရ​စေ။ ထို​မြို့၌​သုံး​ဆယ်​ကို တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ ထို​မြို့၌ သုံး​ဆယ်​ကို​ငါ​တွေ့​လျှင်၊ ငါ​မ​ပြု​ဟု​မိန့်​တော်​မူ၏။ 31တစ်​ဖန်​တုံ၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို ယ​ခု​လျှောက်​မည်​ဟု အား​ထုတ်​ပါ၏။ ထို​မြို့၌ နှစ်​ဆယ်​ကို​တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ နှစ်​ဆယ်​အ​တွက် ငါ​မ​ဖျက်​ဆီး​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။ 32အို​ဘု​ရား​ရှင်၊ စိတ်​ရှိ​တော်​မ​မူ​ပါ​နှင့်။ သည်​တစ်​ကြိမ် အ​ကျွန်ုပ်​လျှောက်​ပါ​ရ​စေ​ဦး။ ထို​မြို့၌​တစ်​ဆယ်​ကို တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ တစ်​ဆယ်​အ​တွက် ငါ​မ​ဖျက်​ဆီး​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။ 33ထာ​ဝ​ရ​ဘု​ရား​သည်၊ အာ​ဗြ​ဟံ​နှင့် နှုတ်​ဆက်​ခြင်း​အ​မှု​ကုန်​စင်​ပြီး​မှ၊ ကြွ​သွား​တော်​မူ၏။ အာ​ဗြံ​ဟံ​သည်​လည်း မိ​မိ​နေ​ရာ​အ​ရပ်​သို့ ပြန်​လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in