YouVersion Logo
Search Icon

ကမ္ဘာဦး 10

10
နော​ဧ​သား​များ​၏​သား​စဉ်​မြေး​ဆက်
(၅ ရာ၊ ၁:၅-၂၃)
1ရေ​လွှမ်း​မိုး​သော​နောက်၊ နော​ဧ​သား ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တို့​မှ​ဆင်း​သက်​သော သား​စဉ်​မြေး​ဆက်​တို့​ကို ဆို​ပေ​အံ့။ 2ယာ​ဖက်၏​သား​ကား ဂေါ​မာ၊ မာ​ဂေါ​ဂ၊ မာ​ဒဲ၊ ယာ​ဝန်၊ တု​ဗ​လ၊ မေ​ရှက်၊ ထိ​ရတ်​တည်း။ 3ဂေါ​မာ​သား​ကား၊ အာ​ရှ​ကေ​နတ်၊ ရိ​ဖတ်၊ တော်​ဂ​မ​တည်း။ 4ယာ​ဝန်​သား​ကား၊ ဧ​လိ​ရှာ၊ တာ​ရှု၊ ကိ​တ္တိမ်၊ ဒေါ​ဒ​နိမ်​တည်း။ 5ဤ​သူ​တို့​သည် လူ​အ​မျိုး​မျိုး တစ်​ကျွန်း​တစ်​နိုင်​ငံ​မြေ​နယ်​တို့​ကို ဘာ​သာ​အ​သီး​အ​သီး၊ အ​မျိုး​အ​နွယ်​အ​သီး​အ​သီး​ရှိ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း​ခွဲ​ဝေ​ကြ၏။ 6ဟာ​မ​သား​ကား၊ ကု​ရှ၊ မိ​ဇ​ရိမ်၊ ဖု​တ၊ ခါ​နာန်​တည်း။ 7ကု​ရှ​သား​ကား၊ သေ​ဘ၊ ဟာ​ဝိ​လ၊ သာ​ဘ​တ၊ ရာ​ဂ​မ၊ သ​တ္တေ​ခါ​တည်း။ ရာ​ဂ​မ​သား​ကား၊ ရှေ​ဘ၊ ဒေ​ဒန်​တည်း။ 8ကု​ရှ​သည် သား​နိမ်​ရော​ဒ​ကို​လည်း​ရ​သေး၏။ ထို​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​ဦး​စွမ်း​နိုင်​သော​သူ​ဖြစ်၏။ 9ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ အား​ကြီး​သော​မု​ဆိုး​ဖြစ်၏။ ထို​ကြောင့် စ​ကား​ပုံ၌​ကား၊ ဘု​ရား​ရှေ့​နိမ်​ရော​ဒ၊ အား​ကြီး​မု​ဆိုး၊ ပြု​လုပ်​သည်​လို​ဟု စပ်​ဆို​သ​တည်း။ 10သူ၏​နိုင်​ငံ​အ​ဦး​ကား၊ ရှိ​နာ​ပြည်၌ ဗာ​ဗု​လုန်​မြို့၊ ဧ​ရက်​မြို့၊ အ​က္ကဒ်​မြို့၊ ကာ​လ​နေ​မြို့​တည်း။ 11ထို​ပြည်​မှ​အာ​ရှု​ရိ​ပြည်​သို့​သွား၍ နိ​နေ​ဝေ​မြို့၊ ရ​ဟော​ဘုတ်​မြို့၊ ကာ​လ​မြို့​ကို​လည်း​ကောင်း၊ 12နိ​နေ​ဝေ​မြို့​နှင့်၊ ကာ​လ​မြို့​စပ်​ကြား​မှာ ကြီး​စွာ​သော​မြို့​တည်း​ဟူ​သော ရေ​သင်​မြို့​ကို​လည်း​ကောင်း တည်​ဆောက်​လေ​၏။
13မိ​ဇ​ရိမ်​သား​ကား၊ လု​ဒိမ်​လူ၊ အာ​န​မိမ်​လူ၊ လ​ဟာ​ဗိမ်​လူ၊ န​တ္တု​ဟိမ်​လူ၊ 14ပါ​သ​ရု​သိမ်​လူ၊ ကာ​သ​လု​ဟိမ်​လူ၊ က​တ္တော​ရိမ်​လူ​တည်း။ ကာ​သ​လု​ဟိမ်​အ​မျိုး​ထဲ​က ဖိ​လိ​တ္တိ​လူ​ဖြစ်​သ​တည်း။
15ခါ​နာန်​သား​အ​ကြီး​ကား၊ ဇိ​ဒုန်။ ထို​နောက် ဟေ​သ။ 16ထို​နောက် ယေ​ဗု​သိ​လူ၊ အာ​မော​ရိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ 17ဟိ​ဝိ​လူ၊ အာ​ကိ​လူ၊ သိ​နိ​လူ၊ 18အာ​ဝ​ဒိ​လူ၊ ဇေ​မ​ရိ​လူ၊ ဟာ​မ​သိ​လူ​တည်း။ ထို​နောက် ခါ​နာန်​အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် နှံ့​ပြား​ကြ​လေ၏။ 19ခါ​နာန်​အ​မျိုး​သား​နေ​ရာ​ပြည်​နယ်​သည် ဇိ​ဒုန်​မြို့​မှ ဂေ​ရာ​မြို့၊ ဂါ​ဇ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ တစ်​ဖန်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​ကို​လွန်၍ လာ​ရှ​မြို့​တိုင်​အောင်​လည်း​ကောင်း ရှိ​သ​တည်း။ 20ဤ​သူ​တို့​သည် သီး​ခြား​သော​အ​မျိုး​အ​နွယ်၊ သီး​ခြား​သော​ဘာ​သာ​အ​လိုက်၊ အ​ပြည်​ပြည်​အ​တိုင်း​တိုင်း၌​နေ​သော ဟာမ​သား​များ​ဖြစ်​သ​တည်း။
21ယာ​ဖက်​ညီ၊ ဟေ​ဗြဲ​လူ​အ​ပေါင်း​တို့၏​အ​ဘ၊ ရှေ​မ​သည်​လည်း သား​များ​ကို​မြင်​လေ​၏။ 22ရှေ​မ​သား​ကား၊ ဧ​လံ၊ အာ​ရှုရ၊ အာ​ဖာ​ဇဒ်၊ လု​ဒ၊ အာ​ရံ​တည်း။ 23အာ​ရံ​သား​ကား၊ ဥ​ဇ၊ ဟု​လ၊ ဂေ​သာ၊ မာ​ရှ​တည်း။ 24အာ​ဖာ​ဇဒ်​သား​ရှာ​လ၊ ရှာ​လ​သား​ဟေ​ဗာ​တည်း။ 25ဟေ​ဗာ​သည်​လည်း သား​နှစ်​ယောက်​ကို မြင်​လေ၏။ သား​တစ်​ယောက်​ကား၊ ဖာ​လက်​အ​မည်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ့​လက်​ထက်၌ မြေ​ကြီး​ကို​ခွဲ​ဝေ​ကြ၏။ သူ၏​ညီ​ကား၊ ယု​တ္တန်​အ​မည်​ရှိ၏။ 26ယု​တ္တန်​သား​ကား၊ အာ​လ​မော​ဒဒ်၊ ရှေ​လပ်၊ ဟာ​ဇာ​မာ​ဝက်၊ ယေ​ရ၊ 27ဟ​ဒေါ​ရံ၊ ဥ​ဇ​လ၊ ဒိ​က​လ၊ 28ဩ​ဗ​လ​အ​ဘိ​မေ​လ၊ ရှေ​ဘ၊ 29ဩ​ဖိ​ရ၊ ဟ​ဝိ​လ၊ ယော​ဗပ်၊ ဤ​သူ​အ​ပေါင်း​တို့​သည် ယု​တ္တန်​သား​ဖြစ်​သ​တည်း။ 30သူ​တို့​နေ​ရာ​မူ​ကား၊ မေ​ရှ​မြို့​မှ​သည် အ​ရှေ့​မျက်​နှာ၌ သေ​ဖာ​တောင်​တိုင်​အောင် ရှိ​သ​တည်း။ 31ဤ​သူ​တို့​သည် သီး​ခြား​သော​အ​မျိုး​အ​နွယ်၊ သီး​ခြား​သော​ဘာ​သာ​အ​လိုက်၊ အ​ပြည်​ပြည်​အ​တိုင်း​တိုင်း​တို့​၌​နေ​သော ရှေ​မ​သား​များ​ဖြစ်​သ​တည်း။
32ဤ​ရွေ့​ကား မိ​မိ​တို့​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​အ​လိုက်​မှတ်​သား​သော နော​ဧ​သား ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​ပေ​တည်း။ ထို​သူ​တို့​သည် ရေ​လွှမ်း​မိုး​သော​နောက်၊ မြေ​ကြီး​ပေါ်​မှာ သီး​ခြား​သော​တိုင်း​ပြည်​တို့​ကို တည်​ထောင်​ကြ​လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in