YouVersion Logo
Search Icon

ယေဇကျေလ 35

35
စိ​ရ​တောင်​အ​ပေါ်​ဒဏ်​ခတ်​ခြင်း
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊#ဟေ​ရှာ၊ ၃၄:၅-၁၇။ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေ​ဇ၊ ၂၅:၁၂-၁၄။ အာ၊၁:၁၁-၁၂။ ဩ၊ ၁-၁၄။ မာ​လ၊ ၁:၂-၅။ 2အ​ချင်း​လူ​သား၊ သင်​သည် စိ​ရ​တောင်​တစ်​ဖက်၌ မျက်​နှာ​ထား၍ ပ​ရော​ဖက်​ပြု​လျက်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ 3အို စိ​ရ​တောင်၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​ကို ငါ​တိုက်၍ သုတ်​သင်​ပယ်​ရှင်း​မည်။ 4သင်၏​မြို့​တို့​ကို ငါ​ဖျက်​ဆီး​သ​ဖြင့် သင်​သည် လူ​ဆိတ်​ညံ​လျက် ရှိ၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​လိမ့်​မည်။ 5သင်​သည် အ​စဉ်​ရန်​ငြိုး​ဖွဲ့၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အ​မှု​ရောက်​သော​ကာ​လ၊ အ​ပြစ်​ကြောင့် ခံ​ရ​သော​ကာ​လ​အ​ဆုံး၌၊ သူ​တို့​အ​သက်​ကို ဓား​နှင့် သတ်​သော​ကြောင့်၊ 6အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ အ​သက်​သတ်​ခြင်း​အ​မှု​ကို သင်၌​ငါ​ပြု၍၊ ထို​အ​မှု​သည် သင့်​ကို​လိုက်​မည်။ အ​သက်​သတ်​ခြင်း​အ​မှု​ကို သင်​မ​မုန်း​သော​ကြောင့်၊ ထို​အ​မှု​သည် သင့်​ကို​လိုက်​ရ​လိမ့်​မည်။ 7ထို​သို့ စိ​ရ​တောင်​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် ထွက်​သွား​သော​သူ၊ ပြန်​လာ​သော​သူ​တို့​ကို ပယ်​ဖြတ်​မည်။ 8သင်၏​တောင်​တို့​ကို​လည်း သင်၏​သူ​ရဲ အ​သေ​ကောင်​တို့​နှင့် ငါ​ပြည့်​စေ​မည်။ သင့်​နေ​ရာ​ကုန်း၊ ချိုင့်၊ မြစ်​နား၌ ဓား​ဖြင့် အ​သေ​ခံ​ရ​သော သူ​တို့​သည် ရှိ​ကြ​လိမ့်​မည်။ 9သင့်​ကို​အ​စဉ်​မ​ပြတ် သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သင်၏​မြို့​တို့၌ အ​ဘယ်​သူ​မျှ မ​နေ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။ 10သင်​က၊ ဤ​တိုင်း​ပြည်​နှစ်​ပြည်​ကို ငါ​တို့​သည်​သိမ်း၍ ပိုင်​မည်​ဟု ထို​ပြည်၌ ထာ​ဝ​ရ​ဘု​ရား​ရှိ​လျက်​နှင့် ဆို​မိ​သော​ကြောင့်၊ 11အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ သင်​သည် သူ​တို့​ကို​ရန်​ငြိုး​ဖွဲ့၍ ဒေါ​သ​စိတ်၊ ငြူ​စူ​သော​စိတ် တိုက်​တွန်း​သည်​နှင့်​အ​ညီ သင်၌​ငါ​ပြု​မည်။ သင့်​ကို စီ​ရင်​သော​အ​ခါ သူ​တို့​တွင် ငါ​ထင်​ရှား​လိမ့်​မည်။ 12သင်​က၊ ဣ​သ​ရေ​လ​တောင်​တို့​သည် ပျက်​စီး၍ ငါ​တို့​စား​စ​ရာ​ဖို့ ဖြစ်​ကြ၏​ဟု ကဲ့​ရဲ့၍​ပြော​ဆို​သော စ​ကား​အ​လုံး​စုံ​တို့​ကို ငါ​ထာ​ဝ​ရ​ဘု​ရား​ကြား​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။ 13ထို​သို့​သင်​သည် ငါ့​တစ်​ဖက်၌​ဝါ​ကြွား၍ ပြော​မိ​သော​စ​ကား​အ​လုံး​စုံ​တို့​ကို ငါ​ကြား​ပြီ​ဟု မိန့်​တော်​မူ၏။ 14အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တစ်​ပြည်​လုံး ရွှင်​လန်း​သော​အ​ခါ သင့်​ကို​ငါ​ဖျက်​ဆီး​မည်။ 15ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​မွေ​မြေ​ပျက်​စီး​သည်​ကို သင်​သည် ဝမ်း​မြောက်​သော​ကြောင့်၊ ထို​အ​တူ သင်၌​ငါ​ပြု​မည်။ အို စိ​ရ​တောင်၊ သင်​နှင့်​တ​ကွ ဧ​ဒုံ​ပြည်​သည် အ​ကုန်​အ​စင်​ပျက်​စီး၍ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in