YouVersion Logo
Search Icon

ယေဇကျေလ 21

21
ထာ​ဝ​ရ​ဘု​ရား​၏​ဓား​တော်
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့​ကို​မျက်​နှာ​ပြု​လျက်၊ သန့်​ရှင်း​သော အ​ရပ်​ဌာ​န​တို့​တစ်​ဖက်၌ မြွက်​ဆို၍ ဣ​သ​ရေ​လ​ပြည်​တစ်​ဖက်၌ ဟော​ပြော​လော့။ 3အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​ပြည်​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် သင့်​ကို​ရန်​ဘက်​ပြု​လျက်၊ ငါ့​ဓား​ကို​ဓား​အိမ်​မှ​ထုတ်၍၊ သင်၌​တ​ရား​သော​သူ၊ မ​တ​ရား​သော​သူ​တို့​ကို ပယ်​ဖြတ်​မည်။ 4ထို​သို့​သင်၌ တ​ရား​သော​သူ၊ မ​တ​ရား​သော သူ​တို့​ကို ပယ်​ဖြတ်​စ​ရာ​အ​ကြောင်း ရှိ​သော​ကြောင့်၊ ငါ့​ဓား​သည် တောင်​ဘက်​မှ​သည် မြောက်​ဘက်​သို့​တိုင်​အောင်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ရန်​ဘက်​ပြု၍ မိ​မိ​အိမ်​မှ ထွက်​ရ​လိမ့်​မည်။ 5ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ဓား​ကို သူ့​အိမ်​မှ​ထုတ်​ကြောင်း​ကို၊ သ​တ္တ​ဝါ​အ​ပေါင်း​တို့ သိ​ရ​ကြ​လိမ့်​မည်။ ထို​ဓား​သည် နောက်​တစ်​ဖန် အိမ်​သို့ မ​ပြန်​ရ။ 6သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ညည်း​တွား​သံ​ကို ပြု​လော့။ ခါး​ကျိုး​လျက်၊ နှ​လုံး​ကြေ​ကွဲ​လျက်၊ သူ​တို့​ရှေ့​မှာ ညည်း​တွား​သံ​ကို ပြု​လော့။ 7သူ​တို့​က​လည်း၊ အ​ဘယ်​ကြောင့် ညည်း​တွား​သ​နည်း​ဟု သင့်​ကို​မေး​သော​အ​ခါ၊ သင်​က၊ ငါ​သည် သ​တင်း​စ​ကား​ကြောင့် ညည်း​တွား၏။ အ​မှု​နီး​ပြီ၊။ လူ​အ​ပေါင်း​တို့​သည် ကြောက်​အား​ကြီး၍ လက်​အား​လျော့​ကြ​လိမ့်​မည်။ စိတ်​ပျက်၍ ဒူး​သည်​လည်း အ​ရည်​ဖြစ်​လိမ့်​မည်။ အ​မှု​လာ၍ ရောက်​မည်​အ​ကြောင်း​ကို၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​ပေး​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လော့​ဟု မိန့်​တော်​မူ၏။
8တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 9အ​ချင်း​လူ​သား၊ ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ဓား​တော်​ကို ထက်​စွာ သွေး​လေ​ပြီ။ ပြောင်​လက်​စွာ ပွတ်​လေ​ပြီ။ 10ထက်၍ အ​ထူး​သ​ဖြင့် လုပ်​ကြံ​စေ​ခြင်း​ငှာ သွေး​လေ​ပြီ။ ပြောင်၍ အ​ရောင်​တောက်​စေ​ခြင်း​ငှာ​လည်း ပွတ်​လေ​ပြီ။ ငါ့​သား၏ ရာ​ဇ​လှံ​တံ​ကြောင့် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​မည်​လော။ ထို​ဓား​သည် သစ်​သား​ရှိ​သ​မျှ​ကို မ​ထီ​မဲ့​မြင် ပြု​တတ်၏။ 11သုံး​စ​ရာ​ဖို့ ပွတ်​စေ​ခြင်း​ငှာ အပ်​ထား​ပြီ။ လုပ်​ကြံ​သော​သူ၌​အပ်​ခြင်း​ငှာ ထက်​စွာ​လည်း သွေး​လေ​ပြီ။ ပြောင်​လက်​စွာ​ပွတ်​လေ​ပြီ။ 12အ​ချင်း​လူ​သား၊ ငို​ကြွေး​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ ငါ၏​လူ​တို့၌ ရောက်​လိမ့်​မည်။ ဣ​သ​ရေ​လ​မင်း​သား အ​ပေါင်း​တို့၌​လည်း ရောက်​လိမ့်​မည်။ သူ​တို့​နှင့်​တ​ကွ ငါ၏​လူ​တို့​ကို ဓား၌​အပ်​လေ၏။ ထို​ကြောင့်၊ သင်၏​ပေါင်​ကို ရိုက်​လော့။ 13စုံ​စမ်း​ခြင်း​အ​မှု​ဖြစ်၏။ ဓား​တော်​သည် လှံ​တံ​ကို မ​ရို​မ​သေ​ပြု​လျှင် အ​ဘယ်​သို့​နည်း။ လှံ​တံ​ဆုံး​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 14သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ပ​ရော​ဖက်​ပြု၍​လက်​ခုပ်​တီး​လော့။ ဓား​တော်​သည် နှစ်​ခေါက်၊ သုံး​ခေါက်​ရောက်​ရ၏။ သူ​ရဲ​ဓား၊ အား​ကြီး​သော သူ​ရဲ​ဓား​ဖြစ်၏။ သူ​တို့​ကို​ဝန်း​ရံ​သော​ဓား​ဖြစ်၏။ 15သူ​တို့​စိတ်​ပျက်၍ အ​ထူး​သ​ဖြင့်​ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ ဓား​ဘေး​ကို မြို့​တံ​ခါး​ရှိ​သ​မျှ​တို့၌ ငါ​ရောက်​စေ​ပြီ။ ဓား​ပြောင်​လျက်​ရှိ၏။ လုပ်​ကြံ​စ​ရာ​ဖို့ ပွတ်​ထား​လျက်​ရှိ၏။ 16စု​ဝေး​လော့။ လက်​ယာ​ဘက်​သို့ ခုတ်​လော့။ ပြင်​ဦး​လော့။ လက်​ဝဲ​ဘက်​အ​စ​ရှိ​သော သင်၏​အ​သွား​မျက်​နှာ​ပြု​သ​မျှ​ဘက်​သို့ ခုတ်​လော့။ 17ငါ​သည်​လည်း လက်​ချင်း​ရိုက်၍၊ ငါ့​ဒေါ​သ​အ​ရှိန်​ကို​ငြိမ်း​စေ​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။
ဗာ​ဗု​လုန်​ဘု​ရင်​၏​ဓား
18တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 19အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ဓား​သွား​ရာ​လမ်း​နှစ်​လမ်း​ကို မှတ်​သား​လော့။ လမ်း​နှစ်​လမ်း​တို့​သည် ပြည်​တစ်​ပြည်​ထဲ​က ထွက်​ရ​မည်။ မြို့​သို့​သွား​သော လမ်း​ခွ၌ အ​ရပ်​တစ်​ခု​ကို ရွေး​လော့။ 20အ​မ္မုန်​ပြည်၌ ရ​ဗ္ဗတ်​မြို့​သို့​လည်း​ကောင်း၊ ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ဓား​ရောက်​ရာ​လမ်း​ကို မှတ်​သား​လော့။ 21ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဗေ​ဒင်​တွက်​ခြင်း​ငှာ လမ်း​နှစ်​လမ်း​ဆုံ​မိ​ရာ​လမ်း​ခွ၌ ရပ်၏။ မြား​တို့​ကို ရော​နှော၏။ တေ​ရပ်​ရုပ်​တု​တို့​ကို မေး​မြန်း၏။ အ​သည်း​ကို ကြည့်​ရှု၏။ 22ဝက်​ခွ​တိုင်၌ တုံး​တို့​ကို ဆွဲ​ထား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လုပ်​ကြံ​ခြင်း​အ​မှု​ကို​မှာ​ထား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွေး​ကြော်​အော်​ဟစ် စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြို့တံခါးတစ်ဖက်တစ်ချက်ဝက်ခွတိုင်၌ တုံးတို့ကိုဆွဲထားစေခြင်းငှာလည်းကောင်း၊ မြေရိုးကိုဖို့စေခြင်းငှာလည်းကောင်း၊ ရဲ​တိုက်​ကို ဆောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လက်​ယာ​ဘက်၌ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ဗေ​ဒင်​တွက်၍ နေ​ရာ​ကျ၏။ 23သို့​ရာ​တွင်၊ ရှင်​ဘု​ရင်​ထံ၌ သ​စ္စာ​ခံ​သော​သူ​တို့​သည် ထို​ဗေ​ဒင်​တွက်​ခြင်း​ကို အ​ချည်း​နှီး​သော ဗေ​ဒင်​တွက်​ခြင်း​ကဲ့​သို့ မှတ်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​မူ​ကား၊ သူ​တို့​ကို​ဖမ်း​မိ​လို​သော​ငှာ၊ သူ​တို့​ပြစ်​မှား​သော​အ​ပြစ်​ကို အောက်​မေ့​လိမ့်​မည်။ 24သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ပြု​လေ​သ​မျှ​တို့၌ အ​ပြစ်​ထင်​ရှား​သည်​တိုင်​အောင်၊ သင်​တို့​သည် မိ​မိ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကို သူ​တစ်​ပါး​အောက်​မေ့​စေ၍၊ မိ​မိ​တို့​လွန်​ကျူး​ခြင်း အ​မှု​များ​ကို​ဖော်​ပြ​လျက်၊ မိ​မိ​တို့​ကို သူ​တစ်​ပါး အောက်​မေ့​စေ​သော​ကြောင့်၊ ထို​ရှင်​ဘု​ရင်​လက်​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ 25အ​ချင်း​ဆိုး​ယုတ်​သော အ​ဓ​မ္မ​ဣ​သ​ရေ​လ​မင်း​သား၊ အ​ဓ​မ္မ​အ​မှု​ကြောင့် ဆုံး​ရှုံး​ရ​သော​ကာ​လ​ရောက်​သော​အ​ခါ၊ သင်၏​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။ 26ဦး​ရစ်​တော်​ကို​ပယ်၍ ရာ​ဇ​သ​ရ​ဖူ​ကို ချွတ်​လော့။ နောက်​တစ်​ဖန် မ​ရှိ​ရ။ နိမ့်​သော​သူ​ကို ချီး​မြှောက်​ရ​မည်။ မြင့်​သော​သူ​ကို နှိမ့်​ချ​ရ​မည်။ 27နိုင်​ငံ​ကို ဆုံး​ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​စိုး​ပိုင်​သော​သူ မ​ရောက်​မီ​တိုင်​အောင်​လည်း​ကောင်း ငါ​မှောက်​လှန်​မည်။ မှောက်​လှန်​မည်။ မှောက်​လှန်​မည်။ အ​စိုး​ပိုင်​သော​သူ၌ ငါ​အပ်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဓား​နှင့်​အ​မ္မုန်​ပြည်​သား​များ
28အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း၊#ယေ၊ ၄၉:၁-၆။ ယေ​ဇ၊ ၂၅:၁-၇။ အာ၊ ၁:၃-၁၅။ ဇေ၊ ၂:၈-၁၁။ 29သူ​တို့​ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း ရည်​မှတ်၍​မိန့်​တော်​မူ​သော​စ​ကား​ကို ပ​ရော​ဖက်​ပြု၍ ဆင့်​ဆို​ရ​မည်​မှာ၊ အ​ဓ​မ္မ​အ​မှု​ကြောင့် ဆုံး​ရှုံး​ရ​သော​ကာ​လ​ရောက်၍ အ​ပြစ်​ဒဏ်​ခံ​ရ​သော​အ​ခါ၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော အ​ဓ​မ္မ​လူ​တို့၏ လည်​ပင်း​ပေါ်​မှာ၊ သင့်​ကို နေ​ရာ​ကျ​စေ​ခြင်း​ငှာ၊ သင့်​အ​ဖို့ အ​ချည်း​နှီး​သော​အ​ရာ​ကို​ကြည့်​မြင်၍၊ မု​သား​စ​ကား​ကို ဟော​ပြော​စဉ်​တွင်၊ ဓား​တော်​သည် လုပ်​ကြံ​ဖို့​ရာ ထုတ်​လျက်​ရှိ၏။ ဖျက်​ဆီး​ဖို့​ရာ အ​ရောင်​တောက်​သည်​တိုင်​အောင် ပြောင်​စွာ​ပွတ်​လေ​ပြီ။ 30သင့်​ဓား​ကို အိမ်​သို့​ပြန်​စေ​လော့။ သင့်​ကို ငါ​ဖန်​ဆင်း​သော​အ​ရပ်၊ မွေး​ဖွား​ရာ​ဌာ​န၌ သင့်​ကို ငါ​စီ​ရင်​မည်။ 31သင့်​အ​ပေါ်​သို့ ငါ့​အ​မျက်​ကို​ငါ​သွန်း​လောင်း​မည်။ ငါ့​ဒေါ​သ​မီး​ဖြင့် သင့်​ကို​မှုတ်​မည်။ ကြမ်း​တမ်း​သော​သ​ဘော​ရှိ၍ ဖျက်​ဆီး​တတ်​သော လူ​တို့​လက်​သို့ အပ်​မည်။ 32သင်​သည် မီး​မွေး​ဖို့​ထင်း​ဖြစ်​ရ​လိမ့်​မည်။ သင့်​အ​သွေး​သည် ပြည်​အ​လယ်၌ ရှိ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ရ​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy